Friday, December 9, 2011

တောင်းပန်ပါတယ်.

မရေးဖြစ်တာကြာပြီဗျာ Post အသစ်လည်းမရေးဖြစ်ဘူး ၊ ခဏတော့စောင့်ပေးပါ၊ကျွန်တော် ပြန်ရေးမှာပါ ကျောင်းကိစ္စတွေ ရှုပ်နေလို့ပါဗျာ၊တောင်းပန်ပါတယ်နော်..........

ဘာသာရေးတွေအထိ စော်ကားနေပါတယ် ............

ကျွန်တော် facebook သုံးလိုက်တဲ့ အချိန်မှာ ဒီခေါင်းစဉ်လေးကို တွေ့လိုက်တယ်ဗျာ  ဗုဒ္ဓ ဘာသာ ကို Apple ကုမ္ပဏီမှ ဒီဇိုင်နာ က စော်ကားလိုက်ခြင့်း

တော်တော်စိုးတဲ့ ပုံကိုတွေ့လိုက်တယ်ဗျာ၊ကျွန်တော်  တကယ်စိတ်မကောင်းဘူး၊ဒေါသလည်းထွက်တယ်၊
ကျွန်တော် တို့ဗုဒ္ဒပုံကိုလုပ်ထားလိုက်တာဗျာ ၊ မကောင်းပါဘူး ၊ဗုဒ္ဒဘာသာတွေက တခြားဘာသာတွေကို မစော်ကားပါဘူး၊ ကျွန်တော် တော်တော်ဒေါသထွက်တယ်ဗျာ ...... အပြည့်အစုံတွေ့ချင်ရင် ဒီမှာ ကြည့်ပါ

Sunday, November 20, 2011

G-mail သုံးသူတိုင်းလုပ်ဆောင်ရမယ့်လုံခြုံရေး .............

ကျွန်တော် G-mail လုံခြုံရေးတချို့ကို ဖော်ပြလိုက်ပါတယ်၊ဒါပေမယ့်ကျွန်တော် က Google က ဖော်ပြတဲ့အတိုင်း ဘဲဖော်ပြလိုက်တာပါ သင့်တော်သလိုဘာသာပြန်ပြီးသုံးကြပါနော်၊
အဆက့်အတိုင်းလုပ်သွားလို့ရပါတယ်၊မခက်ပါဘူး...........

Your account may be compromised.

   If your account has been compromised/hacked/stolen you will need to check and fix at least all of the following settings.
   Bus the first thing you need to do is check the buttom of the Inbox and make sure your account is not open at any other locations.If it shows additional locations,open the Details windows and "Sign out all other sessions".
Account Security:
Settings>Accounts and Import>Google Account Settings>Changes Password{ Pick a new secure Password}
Settings>Accounts and Import>Google Account Settings>Changes Password Recovery Options{Verify secret question,SMS and recovery E-mail address}
Potential spam:
Settings>General>Signature{Make sure nothing as been added}
Settings>General>Vacation Responder{Make sure it's disable and empty}
E-mail Theft;
Settings>Accounts and Import>Send Mail As{Make sure it is using your correct e-mail adress}
Settings>Filters{NO filters that forward or delete e-mail}
Settings>Forwarding and POP/IMAP>Forwarding{Disabled or correct address}
Settings>Forwarding and POP/IMAP>POP Download{Disable}
Settings>Forwarding and POP/IMAP>IMAP Access{Disable}

Saturday, November 19, 2011

Facebook လေးကို အထာကျစေမယ့် MozillaFireFox ရဲ့ addon လေး တစ်ခု .......

  ကျွန်တော် တို့ ရဲ့ အင်တာနက်လောက မှာတော့Facebook က ဒုတိယ ဆရာကြီးတစ်ပါးလို့ပြောလို့ရပါတယ်၊ပထမ ဆရာကတော့ G-talk ပေါ့၊ကျွန်
တော်လည်း G-talk နဲ့Facebook သုံးပါတယ်၊တော်တော်ကို သုံးတာပါ၊သေ
ရင်တောင် G-talk စောင့်တဲ့နတ်ဖြစ်မလား၊Facebook ကိုစောင့်တဲ့နတ်ဖြစ်မ
လားတစ်ခုခုပါဘဲ ပာားးး ......... ပာားးးး ... ပာားးးးးး အခုတော့Facebook ကို
ပိုသုံးဖြစ်နေတယ်၊ကျွန်တော် က Facebook ကို အထာကျကျလေးသုံးနေတာဗျ
ဘယ်လိုပုံလည်းပြမယ် ............................

ဘေးကပုံလေးအတိုင်းပေါ့ဗျာ၊ကျွန်တော်Facebook လေးလေ မိုက်တယ်နော်၊ခင်ဗျားတို့လည်း အဲလိုသုံးချင်နေမှာပေါ့၊နည်းလမ်းပြောပြပါ့မယ်၊ပထမဦးဆုံးလုပ်ရမှာကဒီနေရာလေးကိုနှိပ်လိုက်ဗျာ
ဒီလိုလေးေါ်လာမယ်ထင်တယ် ..................
ဒီလိုပေါ်လာပြီဆိုရင်တော့ +Add to Firefox ဆိုတာကို ကလစ် လိုက်ဗျာ ၊ install လုပ်နေပါလိမ့်မယ်
နောက် Firefox ကို restart ချပေးဖို့တောင်းပါလိမ့်မယ်၊ ပိတ်ပေးလိုက်ပါ၊ပြန်ဖွင့်လိုက်တဲကအခါမှာတော့
Firefox ရဲ့ ဘယ်ဘက်အောက်ခြေမှာ Stylish ဆိုတာလေးပေါ်နေပါလိမ့်မယ်.. ဒါဆိုရင် addon လေး install ပြီးပြီပေါ့....................
addon လေး install လုပ်ပြီးရင် ဒုတိယလုပ်ရမှာက ခင်ဗျားတို့ရဲ့ facebook ကို  Login လုပ်ရမှာပါ၊
Facebook ထဲဝင်ပြီးပြီဆိုရင်တော့ ဒီနေရာလေးကို ကလစ်လိုက်ဗျာ
ဒါဆိုရင်တော့ facebook ကို ပြောင်းလို့ရမယ့် ဒီဇိုင်းတွေအများကြီးကျလာပြီပေါ့ ၊ဒီထဲက တစ်ခုကိုရွှေးမယ်ဗျာ၊ကျွန်တော်ဆိုရင် Facebook - Dark Shiny Blue, transparency ဆိုတာလေးရွှေးထား
ပါတယ်၊ဒီလိုပုံလေးနဲ့ပေါ့ ..............
Facebook - Dark Shiny Blue, transparency ကို ကလစ်လိုက်ပါ၊ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းပေါ်မှာ ကိုနှိပ်လို့ရတယ်နော်၊ဒီလိုစာမျက်နှာပုံလေးပေါ်လာမှာပေါ့
ဒါဆိုရင်တော့ install with stylish ဆိုတာလေးကို ကလစ်
ပေးလိုက်ပါ၊





ကဲ....... အပေါ်က လိုပေါ်လာရင် Install နှိပ်လိုက်ပါ၊ပြီးသွားပါပြီး ကိုယ့်ရဲ့ Facebook ကို ပြန်ကြည့်လိုက်
တော့ ပြောင်းသွားတာတွေ့ရမယ်နော်၊ဒီလိုလေးပေါ့

မိုက်တယ်နော် ......... မျိုးစုံ ကိုယ့်စိတ်ကြိုက်ပြောင်းလို့ရသေးတယ်၊ဒီဇိုင်းတွေအများကြီး install လုပ်ထားလို့ရတယ်နော် လုပ်ထားတဲ့ ဒီဇိုင်းတွေကို တစ်ခုနဲ့တစ်ခုပြောင်းချင်ရင်
mozillafirefox ရဲ့ ဘယ်ဘက်အောက်ခြေက Stylish ဆိုတာလေးကို ကလစ်နှိပ်ကြည့်လိုက်
တင်ထားတဲ့ ဒီဇိုင်းလေးတွေက အမှန်ခြစ် လေးတွေတပ်ထားတယ်၊ကိုယ်ပြောင်းချင်တဲ့
ဒီဇိုင်းကို အမှန်ခြစ်ပေးပြီး ကျန် ဒီဇိုင်းတွေကို အမှန်ခြစ်ဖြုတ်လိုက်ပေါ့၊ပြောင်းသွားလိမ့်မယ်
ကဲ ........... အဆင့်လိုက်လုပ်ရမယ်ပာာတွေပြန်ပြောပြမယ်

  1. Install /https://addons.mozilla.org/en-US/firefox/search/?q=stylish&appver=9.0&platform=windows Addon
  2. Login to Facebook
  3. Go to http://userstyles.org/styles/browse/all/facebook
  4. Click on “Install with Stylish” Button
  5. Your Facebook is successfully changed. သေချာအောင်ရှင်းပြထားပါတယ်၊စာတွေမရှင်းရင် ခွင့်လွှတ်ဗျာ၊ ကျွန်တော် က စာရေးဆရာမပာုတ်တော့ စာရေးသိပ်မကောင်းဘူးပေါ့၊အဆင်ပြေပါစေဗျာ ................

Friday, November 18, 2011

ကျွန်တော့် ဧ။် သင်ဆရာ၊မြင်ဆရာများ .........

           ကျွန်တော်မှာ ကျေးဇူးတင်ရမယ့်နည်းပညာနဲ့ပတ်သတ်တဲ့ သင်ဆရာ၊မြင်ဆရာတွေ ရှိနေပါတယ်
အဓိက ကတော့ ကျွန်တော့်ရဲ့အကိုဆရာ ကိုလင်း ပါ ဒီဆိုဒ်လေးရဲ့ပိုင်ရှင် ။ကျွန်တော် 9 တန်း နှစ်က
သင်ဆရာလည်းဖြစ်ပါတယ်၊အခုထိ ကျွန်တော်ကို ကူညီလမ်းပြနေဆဲ အစ်ကိုဆရာပါ၊နောက်မြင်ဆရာကတော့
ကိုညီနေမင်း ပါ ကိုညီနေမင်းရဲ့ နည်းပညာဖြန့်ဝေတာကိုကြည့်ပြီး၊ကျွန်တော်လည်း နည်းပညာဖြန့်ဝေချင်တဲ့ စိတ်ဖြစ်လာခဲ့တာပါ၊နောက်မြန်မာနိုင်ငံ က နည်းပညာ စာအုပ်တွေရေးသားနေသော ဆရာများအားလုံးကို က ကျွန်တော့်ရဲ့ဆရာတွေလို့ပြောလို့ရပါတယ်၊
ဒါကြောင့် အစ်ကိုဆရာကိုလင်း၊ကိုညီနေမင်း၊ကျွန်တော်ရဲ့သင်ဆရာမြင်ဆရာအားလုံးကို ကျွန်တော့်ရဲ့
ဘလော့လေးကနေ ကျေးဇူးအရမ်းတင်ပါတယ်။

ကိုယ့်ရဲ့Data တွေ ကို ပိုလုံခြုံအောင်သုံးနိုင်မယ့် (s) လေးတစ်လုံး.......

          လေဆိပ်၊ပာိုတယ်နဲ့တချို့ free wifi နေရာတွေမှာ facebook သုံးရင် ကိုယ့် အချက်အလက်တွေသူများရသွားနိုင်ပါတယ်၊ဒီလိုနေရာတွေမှာ သုံးရင် (s)လေးတစ်
လုံးလိုနေပါတယ်၊ရှုပ်သွားလား ရှင်းပြမယ်...............
       ကျွန်တော် တို့ပာာ mozillafirefox မှာဘဲဖြစ်ဖြစ် window ရဲ့ (IE) မှာဖြစ်ဖြစ်
http://www.facebook.comလို့ သုံးမိတာများပါတယ်၊ကဲ ဒါကို (s)ထည့်သုံးမယ်ဗျာ
https://www.facebook.com ပေါ့ ၊ဒီ(s)လေးကသင့်ရဲ့ အချက်အလက်တွေကို ကာ
ကွယ်နိုင်တယ်ဆိုတာတော့မယုံမရှိနဲ့နော်၊နောက်ဒီ (s)လေးက အတုအယောင်
Mail wedsite ပာုတ်မပာုတ်လည်းပြောပြတတ်သေးပါတယ်၊ဘယ်လိုပြောလည်းသိပြော
ပြပါ့မယ် ၊ Gmail နဲ့ဥပမာထားပြီးရှင်းပြပါ့မယ်  ကဲ ... ခင်ဗျားတို့ Mail စစ်တဲ့အခါမှာ
Google ရဲ့ အစစ်အမှန် wedsiteထဲက ဆိုရင်တော့Browser မှာ https://accounts.google.com/ServiceLogin?service=mail&passive=true&rm=false&continue=https://mail.google.com/mail/?tab%3Dwm&scc=1&ltmpl=default&ltmplcache=2 လိတ်စာပေါ်နေမှာပါ၊ https:// နော်၊
Mail စစ်ရန်ဝင်တဲ့ လိပ်စာ တိုင်းက https:// ဖြစ်ရပါမယ်၊http://လို့ဖြစ်နေရင်တော့ ကိုယ့်ရဲ့Mail
ကို sing in မလုပ်မိဖို့လိုမယ်နော်၊အကောင်းဆုံးပြောရရင် Mail စစ်တဲ့အခါမှာ အခြားလင့်တွေကနေ
မစစ်ပါနဲ့ဗျာ ...............

Monday, November 14, 2011

ဦးဇော်လင်းရဲ့ linux 3 in 1 စာအုပ်(မြန်မာလို)

ကျွန်တော် မရေးဖြစ်တာလည်းကြာပြီဗျာ၊တောင်ကြီးသွားနေလို့ဗျ၊တောင်ကြီးသူတွေတော်တော်ချောတော့ မပြန်ချင်ဘူးဖြစ်နေတာ.ပာားးး၊ပာား (နောက်တာပါ) ကဲဒီတစ်ခါတော့ linux အကြောင်းသိချင်တဲ့ သူငယ်ချင်းတွေအတွက်ပါ၊စာအုပ်ကလေးတစ်အုပ်တင်ပေးလိုက်တာပါ ဆရာဦးဇော်လင်း(youth) ရေးတဲ့စာအုပ်ပါ ၊ကျွန်တော် လည်း linux OS ကိုစိတ်ဝင်စားပါတယ်၊ ကျန် စိတ်ဝင်စားတဲ့သူငယ်ချင်းတွေ ဆွဲသွားလိုက်ပါဦးနော်.......

 ဒီမှိာDownload ဆွဲပါ ၊ကျွန်တော် တင်ပေးထားတဲ့လင့်တော့မပာုတ်ပါဘူး၊သီးသန့်တင်မပေးနိုင်တာခွင့်လွှတ်ပါဗျာနော် ...........

Wednesday, November 2, 2011

အသေးဆုံး window7 final version

          အခုဒီ window7 လေးကိုတင်ပေးလိုက်တာကတော့ ကိုညီနေမင်း ပါ၊window တစ်ခုက အနည်းဆုံး 3GB ကျော်ကျော် ရှိပါတယ်၊အခု Window 7 ကလည်းရှိပါတယ် 3.7GBလောက်ရှိပါတယ် ဖြန့်ထုတ်လိုက်ရင်ပေါ့  ၊ချူံထားတဲ့ဆော့ဝဲလ်ကိုတော့မသိပါဘူး ဒါပေမယ့်   3.7GB ကနေ 9MB လောက်ထိချူံနိုင်တာကတော့ထူးခြားနေပါတယ်၊ ကဲ လိုတဲ့လူလေးတွေဒေါင်းသွားလိုက်ပါအုံး ၊ကိုညီနေမင်းကိုလည်းကျေးဇူးတင်ပါတယ်။
 အောက်မှာ Download(1/2/3) ဆိုတာရှိပါတယ်၊အဆင်ပြေတဲ့ နေရာက နေဒေါင်းလိုက်ပါနော်၊9MB ဘဲရှိလို့ ဆွဲရတာ အဆင်ပြေမှာပါ။
download(1)    download(2)    download(3)

Mark Zuckerberg သို့မပာုတ် ကမ္ဘာကျော် လူမှုကွန်ရပ်ဖန်ဆင်းရှင် ...

အမည်- Mark Zuckerberg
မွေးနှစ်-မေ 14၊1984ခုနှစ်
မွေးရပ်-အမေရီကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊
နေရပ်xကယ်လီဖိုးနီးယားပြည်နယ်၊ပလိုအယ်တိုမြို့
အလုပ်-facebook အမှုဆောင်အရာရှိချူပ် နှင့် ဥက္ကဠ
ကြွယ်ဝမှု-2011 ခုနှစ်အတွင်း သူဧ။်ကြွယ်ဝမှုမှာ ကန်ဒေါ်လာ13.5 ဘီလီယံ
 ဆုရရှိမှု-တိုင်းမဂ္ဂဇင်းကပေးသော Person of the Year ဆုကို 2010 တွင်ရရှိ

      အမေရိကန်နိုင်ငံက ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦးလည်းဖြစ် အင်တာနက် ဆိုင်ရာ စွန့်ဦးတီထွင်သူ တစ်ဦးလည်းဖြစ်သော Mark Zuckerberg ကို မေ 14၊1984ခုနှစ်တွင် အမေရီကန်နိုင်ငံ၊နယူးယောက်ပြည်နယ်တွင်မွေးဖွားခဲ့ပါတယ် ၊သူပာာ နာမည်ကျော် လူမှုကွန်ရပ်ဖြစ်တဲ့ facebook ကို တည်ထောင်ခဲ့သူပါ၊2004 ခုနှစ်မှာ ပာားဗက်တက္ကသိုလ်မှာကျောင်းတတ်နေစဉ်အတွင်း facebook ကိုတည်ထောင်ခဲ့တာဖြစ်ပြီး အတန်းဖော်များဖြစ်သော Dustin Moskovitz / Eduardo Saverin /Chris Hughes တို့နဲ့အတူတည်ထောင်ခဲ့တာဖြစ်ပါတယ်။
      Mark Zuckerberg ပာာ ငယ်စဉ်ကျောင်းသားဘ၀ ကတည်းက သချာင်္၊ရူပဗေဒ နဲ့ နက္ခတ္တဗေဒ တို့မှာထူးချွန်ခဲ့ပါတယ်၊ဒါ့အပြင် ပြင်သစ်၊ပီားဗရှု၊လက်တင် နဲ့ ရှေး ဂရိ ဘာသာစကားတို့ကိုရေးနိုင်ဖတ်နိုင်တဲ့ထိ ထူးချွန်ပါတယ်။သူရဲ့မိဘ များကတော့ စိတ်ရောဂါအထူးကု ဆရာဝန် Karen နဲ့သွားဆရာဝန် Eduard Zuckerberg တို့ဖြစ်ပြီး သူ့မှာ ညီမသုံးယောက်ရှိပါတယ်။
      Mark Zuckerbergပာာ အလယ်တန်းကျောင်းသားဘ၀ကတည်းက  ကွန်ပျူတာ နဲ့ထိတွေ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်အေတော်အတွင်းမှာဘဲ ဆော့ဝဲလတွေကိုရေးဆွဲခဲ့ပါတယ်၊သူ့ရဲ့အဖေပာာ 1990 ခုနှစ် အတွင်းAtari BASIC Programming ဘာသာရပ်ကို သင်ကြားပေးခဲကပါတယ် ၊ထိုနောက် ဆောဝဲလ် ပညာရှင်တစ်ဦးဖြစ်တဲ့David Newman ဆိုသူကို သူ့၇ဲ့ ဖခင်က ငှား၇မ်းပေးခဲ့ပါတယ်၊ Mark Zuckerberg ပာာငယ်စဉ်ကတည်းက ပရိုဂရမ် ရေးဆွဲခြင်းကို နှစ်သက်ခဲ့သူဖြစ်ပါတယ်။
      သူရဲ့ပထမဦးဆုံး ဆော့ဝဲလ်က တော့ သူ့ အဖေရဲ့ သွားဖက်ဆိုင်ရာ အတွက် ဖြစ်ပြီး ZuckNet လို့ အမည်မှည့်ခေါ်ထားပါတယ်၊အထက်တန်းကျောင်းသား ဘ၀မှာတော့ Zuckerberg ပာာ Intelligent Media Group ကုမ္မဏီ ရဲ့လက်အောက်မှာ Synapse Media Player လို့ခေါ်တွင်တဲ့ artificially intelligent media player ကိုတည်ထွင်ခဲ့ပါတယ်၊ဒီဆော့ဝဲလ်ပာာ သီချင်းနားထောင်သူတွေရဲ့ နားထောင်မှုဆိုင်ရာ စွမ်းရည်ကို လေ့လာနီုင်ဖို့ အထောက်အကူပြုပါတယ၊်ဒီဆော့ဝဲလ် ပာာ PC မဂ္ဂဇင်း မှာ အဆင့်သုံးရရှိခဲ့ပါတယ်၊မိုက်ကရိုဆော့ နဲ့ AOLတို့က Synapseကိုဝယ်ယူဖို့အတွက် Zuckerberg ကိုခေါ်ယူဖို့ကြိုးစားခဲ့ပါတယ်၊ဒါပေမယ့် သူ ပာာ ပာားဗက် တက္ကသိုလ် တတ်ရောက်ရန်အတွက် ဒီအခွင့်ရေးကို လက်လွတ်ခဲ့ပါတယ်၊2002 မှာ ပာားဗက် ကိုတတ်ရောက်ပညာသင်ယူခဲ့ပါတယ် ၊2004  ဖေဖော်ဝါရီလ 4 ရက်နေ့မှာတော့ Zuckerberg ပာာ facebook လို့ခေါ်တဲ့ လူမှုကွန်ရပ်ကို ပာားဗက် တက္ကသိုလ်ဝင်းအတွင်းရှိ ၄င်းကောင်းရဲ့ အိပ်ဆောင် မှစတင်ဖြန့်ချိလိုက်ပါတယ်။
    လက်ရှိအခြေအနေမှာတော့ လူငယ် ဘီလီယံနာတစ်ယောက်ဖြစ်တဲ့ အပြင် သူ့ရဲ့ www.facebook.com ပာာလည်း အအောင်မြင်ဆုံး လူမှုကွန်ရပ်ဖြစ်နေပါတယ်၊
                       

Tuesday, November 1, 2011

ISO to USB စနစ်(သို့မပာုတ်) ISO ဖိုင်များကို USB တွင် ကူးယူခြင်း ........

       ကျွန်တော်တို့ အင်တာနက် မှ window ကို download ပြုလုပ်တဲ့ အခါမှာ တော့ window ပာာ ISO ဖိုင်အနေနဲ့၇လာပါတယ် ၊ကျွန်တော် တို့ ကွန်ပျူတာမှာ install လုပ်ရန်အတွက် ရလာတဲ့ ISO ဖိုင်ကို
DVD (သို့မပာုတ်)CD ကူးပေးရမှာဖြစ်ပါတယ်၊ ကဲကျွန်တော်က ဒီ ISO ဖိုင်တွေကို CD /DVD နဲ့မကူး
ဘဲ USB ထဲကူးနည်းပြောပြမယ် .............
 
        (1)အနေနဲ့တော့ ISO to USB Application ရှိမှရမယ် ဒါကလည်းမခက်ပါဘူးဒီမှာDownload လုပ်ပါ
        (2) ကျွန်တော်တို့ ISO to USB Application ရပြီပေါ့ ကွန်ပျူတာမှာ USB Memory Stick တပ်လိုက်ပါ
             အနည်းဆုံး 4GB ရှိရပါမယ်၊
        (4)Browse အကွက်တွင် ထည့်သွင်းမည့် ISO ကိုရွှေးပါ၊
        (5)ထည့်သွင်းရမည့် USB Drive ကိုရွှေးပါ။ ဥပမာ- F:
        (6)ဖိုင်စနစ်ဖြစ်တဲ့ FAT32,NTFS နဲ့ USB drive ကို အမည်သတ်မှတ်ပါ။ဥပမာ- NTFS နဲ့window seven drive လို့ပေါ့။
        (7)ISO ကို Bootable image အဖြစ်ပြုလုပ်ရမှာဖြစ်လို့ Bootable option ကိုအမှန်ခြစ်ပါ၊ထိုနောက် Burn ကိုနှိပ်လိုက်ပါ၊
        (8) ကဲ ... ပြီးပါပြီ restart လုပ်ပြီး Boot တတ်လို့ရပြီ၊ ကွန်ပျူတာကို လေ့လာနေသော လူများအားလုံး ကွန်ပျူတာကို လက်ရှိထက်ပိုပြီး ကလိ နိုင်ပါစေ အဲ... ပိုပြီးသိနိုင်ပါစေလို့ ။

Monday, October 17, 2011

registry ပြင်ကာ မြန်မာတွေ အလိမ်မခံရဖို့ ......................

 တစ်နေ့က ကျွန်တော် ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရပါတယ် အခုနောက်ပိုင်း registry တွေပြင်ပြီး စက်အပောာင်းတွေကို core i7 လုပ်ရောင်းနေတဲ့ အဖြစ်ပါ ၊ ကွန်ပျူတာဆိုင်တွေ လုပ်တာမပာုတ်ပါဘူး၊ နိုင်ငံခြားသား သဘောင်္သားတွေ စီကနေ ၀ယ်တဲ့ လူတွေရဲ့လက်တော့တွေမှာ ဒီလိုလိမ်ထားတာပါတဲ့ ကဲ...... ကျွန်တော်က မြန်မာလူမျိုးဖြစ်ပါတယ် ဒါကြောင့်မခံနိုင်ပါ ။ နည်းပညာ ကို ခုတုံးလုပ်တာကိုလည်း မကျေနပ်ပါ၊ နည်းပညာကို ရိုးသားစွာ အသုံးပြုပါလျှင် အကျိုးဖြစ်နိုင်ပါသည်။

 ထားပါတော့ ဒီလိုလိမ်တဲ့ ဖြစ်ရပ်တွေ ရှိနေတယ် လက်တော့ ဘော်ဒီတွေ ကို အသစ်ပြောင်း ၊ registry ထဲကိုဝင် သုံးစားမရတဲ့ CPU တွေကို core i7 လုပ်ရောင်းနေတာပါ (နိုင်ငံခြားသဘောင်္သားတွေပေါ့)

 ကျွန်တော်လည်း registry ပြင်တဲ့ အကြောင်းရေးခဲ့ပါတယ် သို့ပေမယ့် လိမ်ဖို့မပာုတ်ပါ စရန် နောက်ရန်သာလို့ လည်းရေးခဲ့ပါတယ်။နောက် ဒီလိုလုပ်လို့ရတယ်လို့လည်း သိအောင်ပြောပြခြင်းပါ

 ဒီလို အလိမ်မခံရဖို့ က တော့ နှစ်နည်းရှိပါတယ် ကျွန်တော်တို့ပာာ computer ရဲ့ စွမ်းဆောင်ရည်ကို My Computer ကို right click နှိပ်ကာ ကြည့်ကြပါတယ် ၊ registry ပြင်ထားရင်တော့ ဒီလိုကြည့်ရင်( Computer ကို right click နှိပ်ကာ) ပြင်ထားတဲ့ အတိုင်းပြမှာပါ(dual core  ကို core i7 လို့ပေါ့) Bio ထဲက ၀င်ကြည့်ပါ အမှန်တိုင်းတွေ့နိုင်ပါတယ် Bio ကတော့ စက်ကို restart ချပြီး  laptop အများစုက F2 key နဲ့ desktop အများစုကတော့ Del key နဲ့ပါ ။

 နောက်တစ်နည်းကတော့ Cupid CPU-Z ဆော့ဝဲလ်နဲ့ စစ်တာပါ ဒီဆော့ဝဲ ကို ဒီနေရာမှာ နှိပ်ပြီး System Tuning အောက်က CPU-Z 1.58.2 Beta ဆိုတဲ့နေရာမှာ နှိပ်ကာ  download လုပ်နိုင်ပါတယ်၊ကျွန်တော် သီသန့်တင်မပေးနိုင်တာ ခွင့်လွတ်ပါနော် ၊ဒီမှာ download ဆွဲလိုက်ပါ အဆင်ပြေမှာပါ၊ ဒီဆော့ဝဲလေးကို ခင်ဗျားတို့ရဲ့ မန်မိုရီစတစ် ထဲမှာ သိမ်းသွားပြီး ၀ယ်မယ့် စက်မှာတင်ပြီး စမ်းနိုင်ပါတယ်။

 ကဲ ..........ဒီမှာတင်ဘဲ registry ပြင်ကာမြန်မာတွေ အလိမ်မခံရဖို့ ဆိုတဲ့ ဘလော့ကို အဆုံးသတ်လိုက်ပါပြီဗျာ။

မန်မိုရီ စတစ်တွေထဲက virus မကူးအောင် autorun ကိုပိတ်ရအောင် .......

USB Strick , MP-3 စသည့် External Storage Drive များတွင်းမှ virus အကူးကြမ်းပါတယ် သူတို့လေးတွေရဲ့ အပြစ်လည်းမပာုတ်ပါဘူး၊ကျွန်တော် တို့က ဒီ drives တွေကို သုံးပြီး အင်တာနက် ဆိုတဲ့ နှေးလိုက်၊ကျလိုက် ရပ်လိုက်(မြန့်မာကွန်တတ်ရှင်) ကြီးထဲက ပေါက်ကရ ပာာတွေ ဒီပာာလေးတွေထဲ ထည့်နေတာကိုဗျ ....... :)

ထားပါတော့လေ ဒီ drives လးတွေထဲက virus အကူးကြမ်းတာတော့အမှန်ဘဲလေ၊ ကျွန်တော် တို့ကွန်ပျူတာထဲကို တပ်ပြီးဖွင့်လိုက်တာနဲ့ ဒီ drivesထဲကအကောင်တွေကွန်ပျူတာ ထဲဝင်လာရော ၊ဒီလို ၀င်အောင်အဓိကလုပ်ပေးတာ autorun ဆိုတဲ့ စနစ်ကြောင့်ဗျ ၊ကျွန်တော် အခုပြောပြမှာ က ဒီ autorun ကို ပိတ်ပစ်မယ့်ကိစ္စပါ၊ ဒါကို ပိတ်ပစ်လိုက်လို့ လုံခြံပြီလို့တော့ မမှတ်လိုက်ပါနဲ့ဦး နည်းနည်းအကူးသက်သာသွားတာပေါ့ဗျာ စကားတွေလျော့ပြီး လက်တွေ့လုပ်လိုက်ရအောင်နော်..............

run box (window key + R) ကိုဖွင့်ပါ run box ထဲမှာ gpedit.msc လို့ရိုက်ပြီး Enter နှိပ်ပါ၊Group Policy ပေါ်လာပါမယ် အဲဒီမှာ Computer Configuration ကိုနှိပ်ပါ Administrative Template ကိုထပ်ရွှေးပါ နောက်ထပ်နှိပ်ရမှာက system ပါ Turn of Autoplay ကို ကလစ် လိုက်ဗျာ Turn off Autoplay Properties ပေါ်လာပါလိမ့်မယ် Turn off Autoplay Properties box ကိုတွေ့ရင်တော့ Enabled ကိုရွှေးပြီး Turn off Autoplay on ထဲမှာ all drives ကိုရွှေးလိုက်ပါ ဒါဆိုရင် autorun မတတ်တော့ပါဘူး၊(Group Policy => Computer Configuration => Administrative Template =>system =>Turn of Autoplay =>Enabled=>all drives)ပါ ကျွန်တော် တစ်ခုချင်းအသေးစိတ်ရှင်းပြနေတာ စာရှည်အောင်မပာုတ်ပါဘူး ကွန်ပျူတာကို စသုံးတဲ့ beginner ၇ ရက်သားသမီးများအတွက်ပါ ကဲပြီးပါပြီ၊ နောက်ရေးနိုင်အောင်လည်းကြိုးစားပါဦးမယ်၊ ကျွန်တော် က ပညာရှင်မပာုတ်ပါဘူး ဒီအတွက် အမှားပါရင်လည်း ကျွန့်တော့် blog ပရိတ်သတ်ကြီး ခွင့်လွတ်ပါ ၊ အမှားတွေထောက်ပြလိုလျှင် အကြံပေးဝေဖန်လိုလျှင် moe.137@blumail.org ကိုလည်းကောင်း mafia.npt@gmail.com ကိုလည်းကောင်း add ပြီးပြောလို့ရပါတယ်......

Desktop Background ကိုပြောင်းမရအောင်ပြုလုပ်ခြင်း.......

ကွန်ပျူတာ တစ်လုံးကိုနှစ်ယောက်၊သုံးယောက်သုံးရသူတွေရှိမှာပါ။ဒါဆိုရင်တော့ ပိုင်ရှင်ဖြစ်တဲ့ ခင်ဗျား တင်ထားတဲ့ Desktop Background က ခဏခဏပြောင်းနေပါလိမ့်မယ် ၊ဒီလိုမျိုးပြောင်းတာကိုပိုင်ရှင်ဖြစ်တဲ့ ခင်ဗျား ခင်ဗျားကြိုက်ချင်မှကြိုက်ပါလိမ့်မယ် ၊ကဲ ... ဒါဆိုရင်တော့ ကျွန်တော် ဘလော့လေးက ခင်ဗျားကိုကူညီပါလိမ့်မယ် .............
 run box ကိုခေါ်ပါ(window key + R) ပါ => run box ထဲမှာ gpedit.msc လို့ရိုက်ကာ Enter ခေါက်ပါ
 Group Policy ပေါ်လာပါလိမ့်မယ် ၊ဒီလိုဆိုရင်တော့ Administrative Templates  ကိုနှိပ်ကာ Desktop
 ကို ထပ်ရွှေးပါ ကလစ်နှိပ်ပါ ၊ထိုနောက် Active Desktop ကို ထပ်ကလစ်ပါ(နှိပ်ပါ)။
 ဒီလိုအကုန်လုပ်လိုက်ရင်တော့ ညာဘက် အကွက်ထဲမှာ ဖိုင်တွေအများကြီးပေါ်လာပါလိမ့်မယ်
 ဒီပေါ်လာတဲ့ ဖိုင်တွေအထဲကမှ Active Desktop Wallpaper ကို ကလစ်နှိပ်ကာ Enabled ကိုရွှေးပြီး Wallpaper Name ဆိုတဲ့နေရာမှာ တစ်ခုခုရိုက်ထည့်ပါ၊ဥပမာ-(1),(.),(2) စာလုံးတစ်ခုခုရိုက်လိုက်ပေါ့ဗျာ၊

နောက်ပြီးရင်တော့ Apply => OK  နှိပ်ပါ၊    ဒါဆိုရင်တော့ပြီးပါပြီ ခင်ဗျား Desktop Background ပြောင်းလို့မရတော့ပါဘူး ၊ ပြန်ပြောင်းချင်ရင်တော့ အပေါ်ကအဆင့်တွေအတိုင်းပြန်သွားပြီး Not Configured လုပ်လိုက်ရင် ပြန်ပြောင်းလို့ရပါလိမ့်မယ်။

 အဆင်ပြေပါစေဗျာ၊ ရေးတာနည်းနည်းရှုပ်နေရင်လည်းခွင့်လွှတ်ပေါ့၊ကျွန်တော် က စာရေးဆရာမှမပာုတ်တာ မပာုတ်ဘူးလား ပာား....ပာား...ပာားးး

နောက်တစ်ခုပြောရ အုံးမယ် အပေါ်က ကျွန်တော် တင်ထားတဲ့ desktop background  က ကျွန်တော် ကွန်ပျူတာက ပုံဗျ ၊ Apple ရဲ့ MAC ပုံနော် တကယ်တော့ MAC မပာုတ်ဘူး Window7 ကြီးဗျ၊ပြင်ထားတာ
အထင်ကြီးနေမှာစိုးလို့ပြောပြတာနော် ............ ပာား............ပာား........ပာား 
                       ခင်ဗျားတို့လ်းအဆင်ပြေပါစေဗျာ၊နော်၊

အနက်ရောင်မှော်ဆရာ(သို့မပာုတ်) စတိဂျော့

အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်၊ဆန်ဖရန်စစ်ကိုမြိုကမှာ 1955ခုနှစ်၊ဖေဖော်ဖ၀ါရီလ 24 ရက်နေ့တွင်နောင်တစ်ချိန်နည်းပညာလောကရဲ့ရှေ့ဆောင်လမ်းပြကြယ်ဖြစ်လာသော စတိဂျော့ကိုမွေးဖွားခဲ့ပါတယ်၊သူပာာ Apple ပာုအမည်တွင်တဲ့ နိုင်ငံတကာကော်ပိုရေးရှင်း ကို တည်ထောင်သူထဲမှ တစ်ဦးအပါအ၀င်ဖြစ်ပြီး အမှုဆောင်အရာရှိချူပ်တစ်ယောက်လည်းဖြစ်ပါတယ်၊အမေရိကန်နိုင်ငံရဲ့မပာာစီးပွားေ်ရးလုပ်ငန်းရှင်နဲ့ တီထွင်သူအဖြစ် သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်၊ စတိဂျော့ပာာ Pixar Animation စတူဒီယို မှာ အလုပ်ဆောင်အဖွဲ့အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်နေပြီး ဝေါလ်ဒစ္စနေ ကုမ္မဏီမှ Pixar Animation ကုမ္မဏီကိုဝယ်ယူပြီတဲ့နောက်မှာတော့ ဝေါလ်ဒစ္စနေ ကုမ္မဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ ၀င်တစ်ဦးဖြစ်လာခဲ့ပါတယ်၊ ထိုနောက်သူပာာ နာမည်ကျော် ToyStory ရုပ်ရှင်ဖန်တီးမှုတွင်အဓိကပါဝင်သူဖြစ်လာပါတယ်၊ 1970 ခုနှစ် နောက်ပိုင်းမှာတော့ Steve Wozniak, Mike Markkula တို့နဲ့အတူ Apple ကုမ္မဏီတည်ထောင်ဖို့ကြိုးပမ်းခဲ့ကြပါတယ်၊1976 ခုနှစ် ဧပြီလ (1)ရက်နေ့မှာသူပာာ အထက်ပါပုဂ္ဂိုလ်များနဲ့အတူ ယနေ့ခေတ်ရဲ့ ထိတ်တန်းကုမ္မဏီဖြစ်လာမည့် Apple ကိုတည်ထောင်နိုင်ခဲ့ပါတယ် ၊ 1980 ခုနှစ်မှာတော့ မောက် နဲ့ ကိုင်တွယ်ထိန်းချူပ်နိုင်မယ့် GUI ကို Macintosh ကွန်ပျူတာပေါ်မှာတည်ဆောက်ရောင်းချနိုင်ခဲ့ပါတယ်၊ 1984 မှာတော့ ဒါရိုက်တာဘုတ်အဖွဲ့နေရာ ပြသာကြောင့် Apple ကနေနှုတ်ထွက်ခဲ့ပါတယ်၊ထိုနောက် NeXT ဆိုတဲ့ကုမ္မဏီကို တည်ထောင်ခဲ့ပါတယ် ၊ လည်းကောင်းကုမ္မဏီပာာ အဆတင့်မြင့်ပညာရေးနဲ့ စီးပွားရေးနယ်ပယ်ကို အဓိကထားလုပ်ကိုင်ခဲ့ပါတယ်၊ 1996 ခုနှစ်မှာတော့ Apple ပာာ NeXT ကို စီမံခန့်ခွဲနိုင်ရန်အတွက် ရျယ်ယာများကိုဝယ်ယူပြီးနောက် စတိဂျော့ပာာ Apple ကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်၊1997 ခုနှစ်မှာတော့ Apple ကုမ္မဏီ ရဲ့ CEO(အမှုဆောင်အ၇ာ၇ှိချူပ်) ဖြစ်လာပါတယ်၊1986 ခုနှစ်မှာတော့ သူပာာ Pixar Animation စတူဒီယို ရဲ့ ပစိတ်ပိုင်းတစ်ခုဝယ်ယူခဲ့ပါတယ်၊ သူပာာအမှုဆောင်အရာရှိချူပ်ဖြစ်စဉ်ကစလို့ 2006 ခုနှစ် မှာဝေါလ်ဒစ္စနေမှ Pixar Animation စတူဒီယို မ၀ယ်ယူခင်အချိန်သူပာာ Pixar ရဲ့ ရှယ်ယာ 50.1 % ကိုပိုင်ဆိုင်ထားပါတယ်။ဝေါဒစ္စနေ မှ Pixar ကို2006 မှာဝယ်ယူခဲ့တဲ့ အချိန်မှာတော့ ဒစ္စနေမှာ တစ်ဦးချင်းရှယ်ယာမှာ အများဆုံးဖြစ်လာပြီး ဒစ္စနေမှာရဲ့ ရှယ်ယာ 7% အထိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်၊ စတိဂျော့ပာာ အမေရိကန်နိုင်ငံစီလီကွန်တောင်ကြားက အံ့သြဖွယ်တီထွင်ပညာရှင်ဖြစ်ပြီး ကွန်ပျူတာ၊ဖုန်း၊tablet နဲ့ OS ၊ဆော့ဝဲလ်တွေ ၇ဲ့ဈေးကွက်နဲ့ဆန်းသစ်မှုကို ဦးဆောင်သူလည်းဖြစ်ပါတယ်။ ကမ္ဘာလူသားတွေရဲ့အသဲနှလုံးကို စွဲကိုင်စေခဲ့ပြီး လူမှုဘ၀တွေကို ခေတ်တစ်ခေတ်ဖြစ်အောင်တိုးတတ်စေခဲ့သူ စတိဂျော့ ပာာ2011ခုနှစ် အောက်တိုဘာ 5 ရက်နေ့မှာကွယ်လွန်ခဲ့ပါတယ်။သူကွန်လွန်ချိန်မှာတော့ သူ့ရဲ့ဇနီး၊သားသမီးလေးယောက်၊ညီမနှစ်ယောက်နဲ့ သူတည်ထောင်ခဲ့တဲ့ Apple ကုမ္မဏီ ရဲ့ ၀န်ထမ်း 49000 နဲ့ အတူ စတိဂျော့ကိုလေးစားချစ်ခင်ကြသော ကျွန်တော် အပါအ၀င်လူသန်းပေါင်းများစွာ စိတ်မကောင်းစွာနဲက ကျန်ရစ်ခဲ့ကြပါတယ်။ ဒီဘလော့ ကိုတင်ရခြင်းအကြောင်းက စတိဂျော့အကြောင်းမသိသေးသောလူများအတွက်သော်လည်းကောင်း စတိဂျော့ကို လေးစားသောအားဖြင့်လည်းကောင်း တင်ရခြင်းပင်ဖြစ်ပါတယ်။

Sunday, October 16, 2011

စင်ကာပူက “ရေ” (Fwd mail တစ်ခုကရ တာပါ နိုင်ငံအတွက် အသုံးဝင်မယ်ထင်လို့ရေးပေးလိုက်တာပါ)

ဤဆောင်းပါးတွင်ပါသမျှ အချက်အလက်အားလုံးမှာ PUB, NEA နှင့် Wikipedia Website များမှ ဖြစ်ပါသည်။

၁။ အချီး

ပြီးခဲ့သော နွေရာသီက မြန်မာပြည်တစ်ဝှမ်း သောက်သုံးရေပြတ်လတ်မှုနှင့် ကြုံရကတည်းက ရေ အကြောင်း စာလေးတစ်ပုဒ် ရေးချင်နေတာကြာပါပြီ။ အကြောင်းအပေါင်းမသင့်သေးသဖြင့် မရေးဖြစ်ခဲ့။ ခုတော့ ECO သင်တန်းက ရလိုက်သော ဗဟုသုတ များနှင့်ပေါင်းကာ ကျွန်တော် စုဆောင်းထားသမျှ မိတ်ဆွေများကို ပြန်လည် ဖောက်သည်ချလိုက်ပါသည်။

ရေတောင်ဝယ်သောက်ရတဲ့နိုင်ငံ ဟု နှိမ်ချင်သလိုလို၊ လှောင်ချင်သလိုလို ပြောသံများ ကျွန်တော်တို့မကြာခဏ ကြားကြရ ပါသည်။ သို့သော် စင်ကာပူအစိုးရသည် သူတို့တိုင်းပြည်၊ သူတို့နိုင်ငံသားများအတွက် ရေကိစ္စမပူပင်ရအောင် မည်ကဲ့သို့ စီမံထားသည်ကို မည်သူလေ့လာဖူးပါသနည်း။

ငါတို့တိုင်းပြည်က သယံဇာတ သိပ်ပေါတာကွ ဟု မြေကြီးထဲရှိနေတာတွေကို အသားလွတ် ထုတ်ထုတ်မကြွားချင်ပါနှင့်။ ထို သယံဇာတများကား ဘိုးဘိုးအောင်ဝလုံးလို တစ်လုံးဖျက်တိုင်း နှစ်လုံးတိုးနေတာမဟုတ်။ ရေနံတစ်စည်ဖြစ်ဖို့ နှစ်သန်းနှင့်ချီ စောင့်ရသည်။ သုံးလို့ရသော ကျွန်းတစ်ပင်ဖြစ်ဖို့ပင် အနှစ် ၅၀ စောင့်ရသည်။ ပတ္တမြားမြေမှ ကျောက်သံပတ္တမြားများကား သုံးလို့မကုန် ထုတ်လို့မခမ်းမဟုတ်။ အားလုံး အကန့်အသတ်ရှိသည် ဆိုသည်ကို မေ့မထားပါလင့်။

လူတို့၏ အဆင်အခြင်၊ အတိုင်းအဆမရှိ ထုတ်ယူသုံးစွဲမှုကြောင့်ပင် ယခုအခါ ချင်းတွင်းမြစ်ကြီးမှာ ကောလုနီးဖြစ်နေပါပြီ။ ကျောက်စိမ်းထွက်ရာဒေသရှိတောများ တောင်များမှာ ပြောင်တလင်းခါနေပါပြီ။ မကြာမတင်သောကာလတွင် ဧရာဝတီသည် ဘယ်သောင်၊ ဘယ်ကမ်းဆိုက်မည်မသိ။ ရခိုင်ရိုးမတောင်ခြေတွင် ကပ်နေသော ကျွန်တော်တို့ရွာတွင်ပင် ထမင်းချက်ရန် အတွက် ထင်းမီးလောင်စာ အခက်အခဲဖြစ်နေသည်မှာ ဆယ်စုနှစ်တစ်ခု မကတော့ပါ။

ကျွန်တော်တို့တိုင်းပြည်တွင် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်း စသော ရေချိုမြစ်ကြီးများအပြင် ချောင်းများမြောင်းများ၊ အင်းလေးအိုင်၊ အင်းတော်ကြီးအိုင် တို့ကဲ့သို့ အိုင်ကြီးများ အများအပြားရှိပါသည်။ ကိုလိုနီခေတ်က ရန်ကုန်သို့ အင်းလျားမှ ရေ ပေးခဲ့သည်။ ယခင်က တောင်သမန်အင်း ဆိုသည်မှာ ဟိုဘက်သည်ဘက် မသွားနိုင်သောကြောင့် ဦးပိန်က တံတားဆောက် ပေးခဲ့ရသည်။ သိပ်မကြာခင်ကာလတွင် သည်တံတား လိုချင်မှတောင် လိုတော့မည်။ အင်းဟိုဘက်သည်ဘက် ပုဆိုးကို ခါးတောင်းကျိုက်ကာ သွားနိုင်တော့မည်။ နောက်ဆယ်စုနှစ် အနည်းငယ်အတွင်း အင်းသားများက သူတို့ သားသမီး မြေးမြစ်များကို အရင်တုံးက ဒီနေရာဟာ ရေအိုင်ကြီးပေါ့ကွယ်။ အင်းလေးအိုင်လို့ ခေါ်သကွဲ့။ တစ်ရွာနဲ့တစ်ရွာ သွားချင်ရင် စက်လှေတွေနဲ့သွားကြရတာကလား။ ခုလို ကားတွေနဲ့ ဘယ်သွားနိုင်လိမ့်မလဲ ဟု ပုံပြင်သဖွယ်ပြောကြရတော့မည် ဖြစ်ပါသည်။

သည်မျှ မြစ်ချောင်းအင်းအိုင်များ ပေါများနေပါလျှက် ယခုနှစ်နွေရာသီက နေရာတော်တော်များများတွင် သောက်သုံးရေပြတ် လတ်ခဲ့သည်မှာ ကောင်းလှသော နိမိတ်မဟုတ်ပါ။ လူတို့၏ သဘာဝတရားအပေါ် မဟားတရားပြုမူမှုများကြောင့် သဘာဝတရားကြီးက တန်ပြန်ဒါဏ်ခတ်တာပင်ဖြစ်ပါသည်။ ဤသည်ကို အချိန်မီမကုစားပါလျှင် နောင်လာမည့်နှစ်များ၌ ရေပြဿနာပိုလို့တိုးလာစရာ ရှိပါသည်။ ပျောက်လွယ်ဆုံးလွယ် ရေအရင်းအမြစ်များ ဟု လင်းရောင်ခြည်မဂ္ဂဇင်းတွင် လွန်ခဲ့သော ၂ နှစ်လောက်က ဖတ်လိုက်ရပါသည်။ အဖိုးတန် ဆောင်းပါးတစ်ပုဒ် ဖြစ်ပါ၏။

သည်းခံပါခင်ဗျား။ စင်ကာပူမှ ရေ စီမံချက်အကြောင်းပြောဘို့ဟာ ဘယ့်နှာကြောင့် ဗမာပြည်က ရေဒုက္ခတွေပြောနေရသတုံး ဟု အပြစ်တင်မစောပါနှင့်။

ကျွန်တော်တို့က သည်မြစ်ကြီးများ၊ အင်းကြီးများအားကိုးနှင့် ငါတို့တော့ ဘယ်သောအခါမှ ရေဒုက္ခကြုံရလိမ့်မယ် မဟုတ်ဘူး ဟု ထင်မနေကြစေရန် သတိပေးလိုရင်းဖြစ်ပါသည်။ စင်ကာပူကတော့ နဂိုကတည်းက ရေမရှိလေတော့ ရေအတွက် အထူးတလည်စဉ်းစားရသည်။

သည်လိုဆိုလျှင် သူတို့မည်သို့မည်ပုံ စီမံထားပါသနည်း။

၂။ စင်ကာပူရေ


ယနေ့ စင်ကာပူတွင် သုံးနေသော ရေပမာဏမှာ တစ်ရက်လျှင် ဂါလံသန်းပေါင်း ၃၈၀ (၁,၇၃၀,၀၀၀ ကုဗမီတာ) ရှိသည်။ နောင်နှစ်ပေါင်း ၅၀ ကြာလျှင် ဤပမာဏထက် နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားပါသည်။ ဤပမာဏ၏ ၇၀ ရာခိုင်နှုံးမှာ စက်မှုလုပ်ငန်းသုံးဖြစ်ပြီး အိမ်သုံးမှာ ၃၀ ရာခိုင်နှုံးသာ ဖြစ်ပါသည်။ ၂၀၀၃ ခုနှစ်က လူတစ်ဦး၏ ရေအသုံးပမာဏမှာ တစ်ရက်လျှင် ၁၆၅ လီတာရှိရာမှ ယခု ၂၀၁၀ တွင် ၁၅၄ လီတာသို့ လျှော့ချနိုင်ခဲ့ပါသည်။ ရည်မှန်းချက်မှာ ၂၀၂၀ ခုနှစ်တွင် လူတစ်ဦး တစ်ရက် ၁၄၇ လီတာ၊ ၂၀၃၀ ခုနှစ်တွင် ၁၄၀ လီတာ ဖြစ်ပါသည်။ လူတို့အသုံးအများဆုံးမှာ ရေချိုးခန်း (၂၉%) နှင့် မီးဖိုဆောင် (၂၂%) ဖြစ်၏။ ဤအသုံးများတွင် မလိုဘဲ ဖြုန်းတီးနေမှုများ အများအပြား ပါဝင်နေပါသည်။
မလိုပဲ ရေကို မဖြုန်းမိအောင် ပညာပေးအစီအစဉ်များလုပ်နေရာ ထိုအကြောင်း နောက်ပိုင်းတွင် ဖော်ပြပါမည်။
စင်ကာပူတွင် လက်ရှိ နေ့စဉ်သုံးနေသောရေကို အဓိက ရေအရင်းအမြစ် ၄ ခုမှရယူထားသည်။
၁။ ကုန်းတွင်းစုဆောင်းရေ (Local Catchment Water)
၂။ မလေးရှားမှဝယ်ယူသောရေ (Imported Water from Johor)
၃။ ပင်လယ်ရေကို ကျိုချက်သောရေ (Desalinated Water)
၎။ သုံးရေကို ပြန်လည်ပြုပြင်သောရေ (New Water)

PUB (Public Utility Board) မှ စင်ကာပူတွင်လိုသမျှရေကို ထောက်ပံ့ပေးနေရာ ထိုရေများကို ကုန်းတွင်းစုဆောင်းရေမှ ၅၀%၊ မလေးရှားမှ တင်ပို့သောရေ ၃၃%၊ ပင်လယ်ရေမှ ချက်သောရေ ၁၀% နှင့် ပြန်ပြင်ထားသောရေ ၇% ဟု ပေါင်းစပ်ကာ ပံ့ပိုးပေးခြင်း ဖြစ်ပါသည်။
၂၊ ၁။ ကုန်းတွင်းစုဆောင်းရေ
ကုန်းတွင်းစုဆောင်းရေတွင် နှစ်ပိုင်းရှိ၏။ တစ်ပိုင်းမှာ မိုးရေဖြစ်ပြီး နောက်တစ်ပိုင်းမှာ သုံးပြီးရေ ဖြစ်သည်။
ပင်လယ်ထဲမှ ကျွန်းတစ်ခုဖြစ်သော စင်ကာပူတွင် အ၀ီစိတွင်းတူးဘို့ မဖြစ်နိုင်။ သည်တော့ မိုးရေကို အားကိုးရသည်။ သည်ရေကို Surface water ဟု ခေါ်သည်။ စင်ကာပူလို ကျွန်းသေးသေးလေးအတွက် တစ်နိုင်ငံလုံးသုံးနိုင်လောက်အောင် မိုးရေခံစရာ ကုန်းမြေပင် အလုံအလောက်မရှိပါ။ သည်တော့ မိုးရေကို အဖိတ်အစင် အလေအလွင့်မရှိအောင် မည်ကဲ့သို့ ကဲ့ယူ စုဆောင်းထားသည်ကို ဗဟုသုတရစေရန် ပြည့်ပြည့်စုံစုံလေး တင်ပြပါမည်။ (ဤသည်ကို နမူနာယူပြီး ရန်ကုန်မြို့တော်၏ ရေလိုအပ်ချက် တစ်စိတ်တစ်ပိုင်းကို ကန်တော်ကြီးနှင့် အင်းလျားကန်များမှ ပံ့ပိုးပေးသွားလို့ ရပါသည်။) ဤကဲ့သို့ ရေစုဆောင်းခြင်းကို ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြည့်ပြည့်စုံစုံ ပြဌာန်းထားပါသည်။ ဤဥပဒေ နှင့် လုပ်ထုံး လုပ်နည်းများအကြောင်းလည်း အနည်းငယ် မိတ်ဆက်ပေးပါမည်။ လျှာရှည်သည်ဟု မယူဆစေလိုပါ။ ပညာတတ်သူများ လုပ်တာ မည်မျှစနစ်ကျသနည်းဆိုတာ ပြောလိုရင်းဖြစ်ပါသည်။
ရွာချလိုက်သော မိုးရေကို ပထမ ရေမြောင်းများဆီ ကဲ့ယူသည်။ ထိုရေမြောင်းများမှသည် ကန်များအတွင်းသို့ဖြစ်စေ၊ မြစ်များ အတွင်းသို့ဖြစ်စေ စီးစေသည်။ ထို တူးမြောင်း၊ မြစ်များမှရေကို လှောင်ထားကာ သန့်စင်ပြီး သုံးရေအဖြစ် ဖြန့်ဝေသည်။
စင်ကာပူတွင် ကုန်းတွင်းရေကန် စုစုပေါင်း ၁၇ ခုရှိသည်။ Punggol နှင့် Serangoon Reservoir များမှာ ယခုမှပြီးသော ၁၆ ခု နှင့် ၁၇ ခုမြောက် ရေလှောင်ကန်များဖြစ်သည်။ မရီနာရေကန်သည်ကား စင်ကာပူမြို့တွင်း ဟက်တာ တစ်သောင်းမျှသော မိုးရေခံဧရိယာများမှ ရေကို Ang Mo Kio, Kallang မြစ်များမှတစ်ဆင့် စုဆောင်းသည်။ ထိုပမာဏသည် မနည်းပါ။ စင်ကာပူ ရေလိုအပ်ချက်၏ ၁၀% ထိ စုပေးနိုင်သည်။  Punggol, Serangoon နှင့် Marina ရေကန်များ၏ ရေစုဆောင်းဧရိယာသည် စင်ကာပူတစ်နိုင်ငံလုံး၏ ထက်ဝက် သို့မဟုတ် သုံးပုံနှစ်ပုံထိ ရှိသဖြင့် အကြီးဆုံးဟု ပြော၍ရပါသည်။ ထိုမိုးရေခံဧရိယာကို နည်းပညာအသစ်များသုံးလျှက် စင်ကာပူဧရိယာ၏ ၉၀% ထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားပါသည်။ အဘယ်ကြောင့် ဆိုသော် ပင်လယ်ရေမှ ရေချိုချက်လုပ်ခြင်းစရိတ်စကမှာ အလွန်ကြီးမြင့်သောကြောင့် မိုးရေကို အဓိကအားထား သုံးစွဲရန် ဖြစ်သည်။
လက်ရှိ စင်ကာပူတွင် ရေသယ်ပေးရန် မြစ် ၃၂ ခု နှင့် မြောင်း၊ တူးမြောင်း စုစုပေါင်း ကီလိုမီတာ ၇၀၀၀ မျှရှိသည်။



စင်ကာပူကုန်းတွင်း ရေကန်ကြီးများ

Pandan Reservoir
Kranji Reservoir
Murai Reservoir
Tengeh Reservoir
Jurong Lake Reservoir
MacRitchie Reservoir
Sarimbun Reservoir
Pulau Tekong Reservoir
Upp Peirce Reservoir
Lower Peirce Reservoir
Marina Reservoir
Serangoon Reservoir
Bedok Reservoir
Upp Seletar Reservoir
Pungol Reservoir
Poyan Reservoir
Lower Seletar Reservoir





 စင်ကာပူ မြစ်များ

Jurong River
Pandan River
Mandai Kechi River
Seletar Simpang River
Ulu Pandan River
Peng Siang River
China River
Sembawang River
Tengah River
Kangkar River
Mandai River
Punggol River
Singapore River
Kallang River
Khatib Bongsu River
Seletar River
Rochor River
Geylang River
Tong Kang River
Serangoon River
Bedok River
Changi River
Pinang River
Api Api River
Selarang River
Loyang River
Tampines River



၂၊ ၂။ ဂျိုဟိုးမှ တင်သွင်းသောရေ

စင်ကာပူသို့ ရေတင်ပို့ရန် မလေးရှားနှင့် စင်ကာပူတို့ ၁၉၆၁ နှင့် ၁၉၆၂ ခုနှစ်တို့တွင် စာချုပ်ခဲ့သည်။ ပထမစာချုပ်သည် ၂၀၁၁ ခုနှစ်တွင် သက်တမ်းကုန်မည်ဖြစ်ပြီး ဒုတိယစာချုပ်သည် ၂၀၆၁ ခုနှစ်တွင် သက်တမ်းကုန်မည်။ ဆိုလိုသည်မှာ ၂၀၆၁ ခုနှစ် ရောက်လျှင် စင်ကာပူသည် မလေးရှားမှ ရေမ၀ယ်တော့ဘဲ မိမိရေဖြင့်သာ လည်ပတ်မည်ဖြစ်ပါသည်။
ထိုစာချုပ်အရ မလေးရှားမှဝယ်သော ရေဈေးနှုံးမှာ အင်မတန် သက်သာပါသည်။ ဂါလံတစ်ထောင်(၄၅၀၀ လီတာ) မှ ၁ ပြားသာ ကျသင့်၏။ သို့သော်လည်း ဤဈေးနှုံးကို မလေးရှားဘက်မှ ကျေနပ်သည်တော့မဟုတ်ပါ။ သည့်အတွက် စင်ကာပူ အစိုးရကလည်း ရေကိစ္စတွင် မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ကြံဆပါတော့သည်။


မလေးရှားမှ ရေတင်ပို့သော ပိုက်လုံးကြီးများအား တွေ့ရစဉ်
၂၊ ၃။ ပင်လယ်ရေကို ကျိုချက်သောရေ
၂၀၀၅ ခုနှစ်တွင် Tuas ၌ SingSpring desalination plant ကို ဖွင့်လှစ်လိုက်ခြင်းအားဖြင့် စင်ကာပူပံ့ပိုးရေ ကဏ္ဍသစ်တစ်ရပ် ဖွင့်လိုက်သည်။ ထိုစက်ရုံမှ တစ်နေ့လျှင် ရေဂါလံ သန်း ၃၀ (၁၃၆၀၀၀ ကုဗမီတာ) ကျိုချက်နိုင်သည်။ ကမ္ဘာပေါ်တွင် ပင်လယ်ရေကို အများဆုံးကျိုသုံးသည့်နိုင်ငံများအနက် တစ်နိုင်ငံပင်ဖြစ်ပါတော့သည်။ နယူးဝါးတားကဲ့သို့ပင် PUB ၏ ငွေကုန်ကြေးကျများစွာခံကာ ရင်းနှီးမြှုပ်နှံထားသော သုတေသနလုပ်ငန်းများ၏ ရလာဒ်ပင် ဖြစ်ပါသည်။ ရေသည် အသက်၊ အသက်သည်ရေ ဖြစ်သဖြင့် ရေကိစ္စ အထူးသုတေသနပြုနိုင်ရန် လာမည့် ၅ နှစ်အတွက် သုတေသနရံပုံငွေ စင်ကာပူဒေါ်လာ သန်းပေါင်း ၃၃၀ သုံးစွဲရန် ချမှတ်ထားပါသည်။
တစ်နေ့လျှင် ရေဂါလံ သန်း ၇၀ ထုတ်ပေးနိုင်မည့် နောက် ပယ်လယ်ရေချက်စီမံကိန်းတစ်ခုမှာလည်း Tuas တွင်ပင်ရှိ၏။ ထိုစီမံကိန်းမှ ထုတ်မည့်ရေကို PUB သို့ ၂၀၁၃ ခုနှစ်မှ ၂၀၃၈ ခုနှစ်ထိ ၂၅ နှစ်ရောင်းမည်။ ဈေးတော့နည်းနည်းကြီးသည်။ တစ်ကုဗမီတာကို ၄၅ ပြား ဖြစ်၏။
၂၀၆၀ ခုနှစ်သို့ရောက်လျှင် စင်ကာပူရေလိုအပ်ချက်၏ ၃၀% ကို ပင်လယ်ရေကိုကျိုသောရေမှ ပံ့ပိုးပေးနိုင်ရန် ရည်မှန်းချက် ထားပါသည်။
၂၊ ၄။ နယူးဝါးတား (သုံးပြီးသားရေကို ပြန်လည်ပြုပြင်ထားသောရေ)
၂၀၀၂ ခုနှစ်မှစကာ အများပြည်သူသုံးသောရေထဲသို့ နယူးဝါးတားကို စမ်းလွှတ်ခဲ့သည်။ သုံးပြီးသားရေကို ပြန်သုံးခိုင်းတာ ဆိုတော့ လွယ်လွယ်လေးတော့မဟုတ်။ သည်အဆင့်ရောက်အောင် သိပ္ပံစမ်းသပ်ချက် ၆၅၀၀၀ လုပ်ခဲ့ရသည်။ WHO ၏ လိုအပ်ချက်များနှင့်အညီ စမ်းသပ်စစ်ဆေးပြီး အတည်ပြုချက်ရတော့မှ လွှတ်ရတာဖြစ်၏။ သည်ရေအတွက် ၂၀၀၇ ခုနှစ်တွင် PUB သည် Stockholm Industry Water Award ကို ရခဲ့သည်။
လက်ရှိကျွန်တော်တို့သုံးနေသောရေတွင် နယူးဝါးတား (ရေသစ် ဟုတော့ ဘာသာမပြန်ပါရစေနှင့်) ၇% ပါသည်။ ထိုပေါင်းစပ်နှုံး ကို နှစ်စဉ်တဖြည်းဖြည်း တိုးမြှင့်သွားမည်။ ၂၀၆၀ ရောက်လျှင် နယူးဝါးတား ပေါင်းစပ်မှုမှုအချိုးကို ၅၀% ထိ တိုးမြှင့်မည်။
နိုင်ငံရပ်ခြားကျွမ်းကျင်သူများ၊ အင်ဂျင်နီယာများ ပါသောအဖွဲ့က နယူးဝါးတားအတွင်း ဓါတုဗေဒပေါင်းစပ်ပါဝင်မှု၊ အဆိပ် နှင့် အဏုဇီဝများအတွက် တစ်နှစ်လျှင်နှစ်ကြိမ် စမ်းသပ်စစ်ဆေးသည်။
နယူးဝါးတားထုတ်လုပ်မှုတွင် အကြမ်းဖျဉ်းအားဖြင့် သုံးဆင့်ပါသည်။
ပထမအဆင့်မှာ micro filtration အနုစိတ်စစ်ထုတ်ခြင်း ဖြစ်၏။ မလိုလားအပ်သော အမှုန်အမှိုက်၊ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် စသည်တို့ကို membrane (ရေစစ်စက္ကူ ဟုပဲ အနီးစပ်ဆုံးပြန်လို့ရပါမည်။ သို့သော် စက္ကူမဟုတ်ပါ။) များဖြင့် စစ်ထုတ်သည်။ သို့သော် သောက်သုံးရေအတွက် လိုအပ်သော ပျော်ဝင်ဆားအချို့နှင့် အော်ဂဲနစ်မော်လီကျူးများကိုတော့ ဖြတ်ခွင့်ပေးသည်။
ဒုတိယအဆင့်တွင် ပထမအဆင့်စစ်စင်က ပါလာနိုင်သေးသော ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကို ပိုပြီး အနုစိတ်သော ဆန်ခါဖြင့် ထပ်စစ်ခြင်းဖြစ်သည်။ ထိုဆန်ခါကို semi-permeable membrane ဟုခေါ်၏။ ထိုအဆင့်ကိုဖြတ်လာပြီးသောရေမှာ အလွန်သန့်စင်သော high grade water ဖြစ်ပါသည်။ ထိုအဆင့်ပြီးလျှင် ထွက်လာသောရေကို မည်သည့်အကောင်ပလောင်မှ မကျန်ရအောင် ခရမ်းလွန်ရောင်ခြည်ဖြင့် ထပ်မံသန့်စင်ခြင်း၊ ရေအတွက်လိုအပ်သော pH ရအောင်လုပ်ခြင်း၊ မင်နရယ် ဓါတ်သတ္တုများ ထည့်ခြင်း စသည်တို့ လုပ်ပါသည်။
ဤအဆင့်မှ ကျော်လွန်လာသောရေမှာ သောက်သုံးရန် အဆင်သင့်ဖြစ်နေပါပြီ။
သို့သော်လည်း နယူးဝါးတား၏ မူလရည်မှန်းချက်မှာ သောက်သုံးရေအတွက်မဟုတ်။ စက်မှုလုပ်ငန်းသုံးအတွက်သာ ဖြစ်သည်။ စက်မှုလုပ်ငန်းသုံးထဲရောက်စေရန် ရေကို သီးသန့်ပိုက်လိုင်းများဖြင့်ပေးသည်။ သို့သော်လည်း အားလုံးတော့ မဟုတ်။ အချို့နယူးဝါးတားကိုမူ အိမ်သုံးရေအတွက် သုံးသည်။ စင်ကာပူရေလိုအပ်ချက်၏ ၁% (တစ်နေ့လျှင် ၉၀၀၀ ကုဗမီတာခန့်) ကို စင်ကာပူရေကန်ကြီးများသို့ ထည့်သည်။ ကန်ရေများနှင့်ရောသွားသော နယူးဝါးတားကိုမှ သောက်သုံးရေ ဖြစ်လာအောင် ထပ်မံပြုပြင်ကာ PUB ရေအဖြစ် လွှတ်ခြင်းဖြစ်ပါသည်။ သို့သော် ယခုအခါ နယူးဝါးတား ၂.၅% (၄၅၀၀၀ ကုဗမီတာ) ခန့် ရောနှော သုံးနေပြီဖြစ်ပါသည်။

ဤပုံမှာ ရေစစ်ဆန်ခါအရွယ် နှင့် အမှုံအမှိုက်များ၊ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၏ အရွယ်ကို နှိုင်းယှဉ် ပြထားခြင်း ဖြစ်ပါသည်။


ဤပုံမှာ နယူးဝါးတား ထုတ်လုပ်မှုအဆင့်ဆင့် သရုပ်ဖော်ပုံဖြစ်ပါသည်။
ထိုမျှသာမက နယူးဝါးတားကို အများပြည်သူ သောက်သုံးရေပုလင်းများအဖြစ် ထုတ်လုပ်ခဲ့ပါသေးသည်။ ယခုအခါ နယူးဝါးတား သောက်ရေသန့် ပုလင်းပေါင်း ၁၇သန်း ထုတ်လုပ်ခဲ့ပြီးဖြစ်ပါသည်။


စင်ကာပူတွင် နယူးဝါးတားစက်ရုံများ တစ်ရုံပြီးတစ်ရုံတည်လျှက်ရှိရာ ပထမဦးဆုံးစက်ရုံများဖြစ်သော Bedok နှင့် Kranji စက်ရုံများကို ၂၀၀၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ ထို့နောက် ၂၀၀၄ ခုနှစ်တွင် Seletar ၊ ၂၀၀၇ မတ်လတွင် Ulu Pandan ကို ဖွင့်လှစ်ခဲ့၏။ ထိုစက်ရုံ ၄ ခု၏ ထုတ်လုပ်အားမှာ စင်ကာပူရေလိုအပ်ချက်၏ ၁၅% ကို ဖြည့်ဆည်းပေးနိုင်သည်။ ၅ ရုံမြောက် နှင့် အကြီးဆုံးစက်ရုံကို Changi တွင် ၂၀၁၀ ခုနှစ်က ဖွင့်လှစ်ခဲ့ရာ ထိုစက်ရုံ ၅ ရုံမှ ထုတ်လုပ်သော နယူးဝါးတားမှာ စင်ကာပူ ရေလိုအပ်ချက်၏ ၃၀% ထိ ဖြည့်ဆည်းပေးနိုင်နေပြီ ဖြစ်ပါသည်။
သုံးပြီးသားရေများကို နယူးဝါးတားစက်ရုံများသို့ ပို့ပေးရန် ရေဆိုးပိုက်လိုင်းများ လိုမည်။ ထိုရေဆိုးပိုက်လိုင်းများမှာ တစ်နိုင်ငံ လုံးကို ကွန်ယက်သဖွယ် ဖြန့်ကျက်ထားရမည်ဖြစ်သဖြင့် အခြားမြေအောက်လိုင်း၊ ဥပမာ MRT ဥမင်၊ လျှပ်စစ်ဓါတ်ကြိုးလိုင်း၊ ဂက်စ်လိုင်း စသည်တို့နှင့် လွတ်နေရန် အရေးကြီးသည်။ သည့်အတွက် မြေအောက်အတော်နက်နက် (အနက် ၅၅ မီတာ) တွင် ပြေးရသည်။ သည်မျှအနက်ကြီးတူးရသော ပိုက်လိုင်းများဖြစ်သဖြင့်လည်း မကြာခဏပြင်လို့မရ။ အနည်းဆုံး အနှစ် ၁၀၀ စီမံကိန်းချကာ လုပ်ထားသည်။
အင်မတန် ချီးကျူးစရာကောင်းသော ဦးဏှောက်များပါပေတည်း။
နယူးဝါးတားစက်ရုံများမှ ရေခွဲဝေပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



နယူးဝါးတားသည် သာမန်ရေထက် ပိုကြည်၏။

နယူးဝါးတားသည် သာမန်ရေထက် ပိုသန့်ရှင်း၏။

နယူးဝါးတားသည် သာမန်ရေထက် ပိုပြီးရောဂါပိုး (ဘက်တီးရီးယားစသည်) ပါဝင်နှုံးနည်း၏။

နယူးဝါးတားသည် သာမန်ရေထက် ပိုပြီး အော်ဂဲနစ်ဓါတ်ပစ္စည်းများ ပါဝင်နှုံးနည်း၏။



ချန်ဂီနယူးဝါးတား စက်ရုံ



မှတ်သားစရာအချက်မှာ ဤနယူးဝါးတားစီမံကိန်းမှာ မနေ့တစ်နေ့ကမှ စိတ်ကူးပေါက်၍ ထလုပ်ခြင်းမဟုတ်ဘဲ လွန်ခဲ့သော အနှစ် ၃၀ ကျော် (၁၉၇၂ ခုနှစ်) ကတည်းက စီမံချက်ချ လုပ်ကိုင်လာခဲ့ခြင်း ဖြစ်ပါသည်။

၃။ ရေအရည်အသွေး

မြန်မာစကားပုံကတော့ ရေတစ်ပိသာရှိရင် သန့်တယ် ဟူ၏။ ဤအယူအဆသည် လွန်ခဲ့သော အနှစ် ၅၀ ကျော်၊ ၁၀၀ က မှန်ချင်မှန်ပါလိမ့်မည်။ ရေအတွင်း ဘာအမှိုက်သရိုက်၊ မည်သည့်စွန့်ပစ္စည်းမှ အများအပြားမရှိသေး။ ကျွန်တော်တို့ဘက်တွင် မြစ်ရေကိုသာ သောက်ကြသည်။ သောက်သည် ဆိုတာတောင် ဘာကျိုချက်နေတာမှ မဟုတ်။ မြစ်လယ်သို့ လှေဖြင့်သွား ခပ်ကာ သည်အတိုင်း သောက်ခြင်းဖြစ်သည်။ ကျွန်တော့် အမျိုးအနွယ် ဘကြီး၊ ဘထွေး၊ ဒေါ်ကြီးဒေါ်လေးများ အသက် ၈၀ ကျော်၊ ၉၀ ထိ သည်အတိုင်း ဘာရောဂါမှ ထူးထူးထွေထွေမဖြစ်ဘဲ နေသွားခဲ့ကြသည်။ သို့သော် ယခုခေတ်တွင် ဤမျှလောက်ထိ စိတ်ချဘို့ရာ မဖြစ်နိုင်တော့ပါ။

စင်ကာပူတွင် ပိုက်မှလာသောရေ (tap water) ကို ဘာမှ စစ်နေစရာမလို၊ ကျိုချက်နေစရာမလိုဘဲ သည်အတိုင်း သောက်လို့ရသည်။ သောက်လို့ရကြောင်း အစိုးရမှ အာမခံထားသည်။ မည်သည့်အတွက် အာမခံနိုင်သနည်း။ ကဲသည်ဟု ဆိုချင်ဆို။ စင်ကာပူမှရေကို PUB က တစ်လလျှင် စစ်ဆေးချက်ပေါင်း ၈ သောင်းထိ လုပ်သည်ဆို၏။ ဤသည်မှာ တစ်လထဲ မဟုတ်။ လတိုင်းလုပ်တာဖြစ်သည်။ ဤစစ်ဆေးချက်များတွင် အရည်အသွေးစံ စမ်းသပ်ချက် (parameter) ၂၉၀ ပါသည်။ ဤသည်မှာ WHO (World Health Organization) မှ သတ်မှတ်ထားသော အချက် ၁၃၀ ပေါ်တွင် စမ်းသပ်ရမည် ဟူသည့် စံနှုန်းထက် နှစ်ဆကျော် ပိုထားခြင်း ဖြစ်သည်။ သည့်အတွက် PUB က ရေပိုက်ခေါင်းမှလာသောရေကို စိတ်ချလက်ချ သောက်ရန် အာမခံနိုင်ခြင်း ဖြစ်ပါသည်။

စမ်းသည်ဆိုရတွင်လည်း စမ်းသည့်ရေကို တစ်နေရာထဲမှ ယူတာမဟုတ်။ စင်ကာပူတစ်နိုင်ငံလုံး နေရာအနှံ့အပြားမှ လိုက်ယူ ခြင်းဖြစ်သည်။ ထိုမျှသာမကသေး။ PUB မှ စမ်းသပ်ချက်ကို NEA (National Environment Agency) မှလည်း ထပ်မံ စစ်ဆေးသေးသည်။
၂၀၀၃ ခုနှစ်တွင် နိုင်ငံခြားသားများနှင့် နိုင်ငံသားကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် စစ်ဆေးရေးအဖွဲ့က PUB ရေကို စစ်ဆေးပြီး စင်ကာပူတွင် ရေပိုက်မှလာသောရေသည် အဆင့်မြင့်ရေအရည်အသွေးဖြင့်ပြည့်ဝကြောင်း အစီရင်ခံသွားပါသည်။



သို့ဆိုလျှင် အဘယ်ကဲ့သို့ ရေကို သန့်စင်အောင် ပြုပြင်ပါသနည်း။

ပထမ ရေထဲတွင်ပါလာသော ရောဂါဖြစ်စေနိုင်သည့် ပိုးမွှား၊ ဘက်တီးရီးယားများကို ဓါတုဆေးရည်များဖြင့် သန့်စင်သည်။ ထိုသန့်ပြီးသားရေကို မြေဆွဲအားအသုံးပြုကာ အမှုန်အမှိုက်ကင်းစေရန် ရေစစ်ဆန်ခါများအတွင်း ဖြတ်စေသည်။ ထို့နောက် ဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကြောင့် ရောဂါမဖြစ်ပွားစေနိုင်ရန် ကလိုရင်းရောသည်။ လုံးဝစိတ်ချရပြီ ဆိုမှ ပိုက်လိုင်းများအတွင်း ပန့်များဖြင့် မောင်းထည့်သည်။ (ဓါတုသန့်စင်နည်း စသည်တို့ကို ကျွန်တော်နားမလည်ပါသဖြင့် ဤနေရာတွင် ချန်ခဲ့ပါမည်။ သိလို့လည်း အကျိုးမထူးနိုင်ပါ။)

သာမန်လူများနားမလည်နိုင်သော ပျင်းစရာကောင်းလှသည့် ရေအရည်အသွေးဇယားကြီးကို ဤနေရာတွင် ချန်ခဲ့ပါမည်။ သိလိုလျှင် PUB Website တွင် ဖတ်ကြည့်ကြပါခင်ဗျား။

၎။ ရေဈေးနှုံး

ရေဈေးနှုံးသတ်မှတ်ရာတွင် နှစ်မျိုးသတ်မှတ်ပါသည်။ ပထမတစ်ခုမှာ အမျိုးအစား (အိမ်သုံးလား၊ အိမ်သုံးမဟုတ်တာလား) နှင့် ဒုတိယတစ်ခုမှာ ရေမည်မျှ သုံးသနည်း ဆိုခြင်းအပေါ် မူတည် သတ်မှတ်ပါသည်။ ကျွန်တော်တို့နှင့် တိုက်ရိုက်မဆိုင်သော အိမ်သုံးမဟုတ်တာ မေ့သာထားလိုက်ပါ။ အိမ်သုံးအတွက် (တစ်လလျှင်) -

ရေ သုညကုဗမီတာ မှ  ၄၀ ကုဗမီတာအတွက် - ၁ ကုဗမီတာလျှင် ၁.၁၇ ဒေါ်လာ

၄၀ ကုဗမီတာအထက် ဆိုလျှင် - ၁ ကုဗမီတာလျှင် ၁.၄ ဒေါ်လာ

Water conservation tax မှာ -

ရေ သုညကုဗမီတာ မှ  ၄၀ ကုဗမီတာအတွက် - ရေဘိုးကျသင့်ငွေ၏ ၃၀%

၄၀ ကုဗမီတာအထက် ဆိုလျှင် - ရေဘိုးကျသင့်ငွေ၏ ၄၅%

သို့ဖြစ်ရကား ရေများများသုံးသူ ပိုက်ဆံပိုပေးရမည် ဟုဆိုလိုပါသည်။ တနည်းအားဖြင့်လည်း ရေအသုံးကို ပိုက်ဆံနှင့် ထိန်းထားတာ ဖြစ်ပါသည်။

PUB Bill ပေးဖူးသူများကတော့ သတိထားမိပါလိမ့်မည်။ Bill စာရွက်နောက်ကျောတွင် ယခင်လများက ရေမီးအသုံး မည်မျှရှိသည်။ ယခုလတွင် မည်မျှ ဆိုသည်ကို ဂရပ်ဖြင့် ဖော်ပြထားပါသည်။ ထိုမျှသာမက ရေအသုံး ပုံမှန်ထက်ပိုများ လာပါက ရေယိုနေသလား ပိုက်လိုင်းများကို စစ်ဆေးပါ ဟု သတိပေးစာပါ ထည့်ပေးလိုက်ပါသည်။ ထိုမျှသာမကသေး၊ ရေကို မည်ကဲ့သို့ ချွေတာသင့်သည် စသော သိသင့်သိထိုက်သည့် လက်ကမ်းစာစောင်ကလေးများပါ ဘီလ်စာအိတ်နှင့်အတူ ထည့်ပေးတတ်ပါသေးသည်။

၅။ ရေကိုချွေတာ သုံးစွဲပါ

မူလလှောင်သော ရေကန်များမှ တကယ်သုံးမည့် နေအိမ်များရောက်သည်ထိ အကြားတွင် ဆုံးရှုံးသွားသောရေကို UFW (Unaccounted For Water) ဟု ခေါ်၏။ ထိုရေပမာဏလည်း အရေးကြီးပါသည်။ မလိုအပ်ပဲ ရေများမဆုံးရှုံးရအောင် ကာကွယ်ရမည်။ အခြားတိုင်းပြည်များတွင် ဤပမာဏသည် ၁၀ မှ ၃၀% ထိပင်ရှိသော်ငြား စင်ကာပူတွင် ၅% သာရှိအောင် ထိန်းထားနိုင်သည်။ ရေယိုခြင်း ရှိမရှိ ရေပိုက်လိုင်းများကို အမြဲစောင့်ကြည့် စစ်ဆေးနေသည်။

သင့်အိမ်တွင် ရေသုံးသည့်ပမာဏကို သင်သိပါ၏လော။



ရေကိုချွေတာသုံးစွဲနည်းများ

၁။ လုံလောက်ရုံသာ ရေချိုးပါ။ မလိုအပ်ပဲ ဖြုန်းတီးတာမျိုး မဖြစ်ပါစေနှင့်။

၂။ ဆပ်ပြာတိုက်နေစဉ် ရေပိတ်ထားပါ။

၃။ သွားတိုက်လျှင် ရေပိုက်ခေါင်းကိုဖွင့်သုံးမည့်အစား ရေခွက်ဖြင့်ခံသုံးပါ။

၎။ အိမ်သာရေဆွဲလျှင် အပေါ့သွားသောအခါ ဆွဲခြင်းနှင့် အလေးသွားသောအခါ ဆွဲခြင်းကို ခွဲခြားသိပါစေ။

(အပေါ့သွားပြီး နှိပ်လျှင် တစ်ချက်နှိပ်ရုံမျှနှင့် လုံလောက်သည်။ အလေးသွားပြီး နှိပ်လျှင် ခပ်ကြာကြာနှိပ်ထားရမည်။)

၅။ အအေးခန်းထဲမှ ထုတ်လာသော အသားငါးများကို ရေခေါင်းဖွင့်ပြီးပျော့သွားအောင် မလုပ်ပါနှင့်။ မနက်ဖြန်ချက်မည့် အသားငါးများကို ယနေ့ညကတည်းက အပေါ်ရေခဲခန်းမှ အောက်ဖက် အသီးအရွက်ခန်းသို့ ပြောင်းထည့်ထားခြင်းဖြင့် ရေခဲများ အရည်ပျော်သွားပေမည်။

၆။ အသီးအရွက်များကို ရေဆေးခြင်း၊ ပန်းကန်ခွက်ယောက်များကို ဆေးခြင်းအား ဇလုံဖြင့်သုံးပါ။ ရေပိုက်ခေါင်းဖွင့် သုံးခြင်းသည် မလိုအပ်ပဲ ရေကို ပိုကုန်စေသည်။



၇။ အ၀တ်တစ်ထည်၊ နှစ်ထည်ထဲဖြင့် အ၀တ်လျှော်စက်သုံးကာ လျှော်ခြင်းသည် မီးကိုရော ရေကိုပါ မလိုအပ်ပဲ ဖြုန်းတီးခြင်း ဖြစ်သည်။ အ၀တ်လျှော်စက် တစ်လုံးစာပြည့်မှ လျှော်ပါ။ လူတစ်ဦးအတွက် တစ်ပတ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ဆိုလျှင်ပင် လုံလောက်နေပြီ ဖြစ်ပါသည်။



၈။ အ၀တ်လျှော်စက်မှ ထုတ်လိုက်သောရေကို လွှင့်မပစ်ပါနှင့်။ အိမ်သာလောင်းရန် သို့မဟုတ် ကြမ်းတိုက်ရန် ပြန်သုံးပါ။

၉။ ရေအသုံးကို PUB မှပို့လာသော ငွေတောင်းခံလွှာ ဘီလ်တွင် အမြဲစစ်ပါ။ မသင်္ကာစရာ ပိုများလာပြီဆိုလျှင် ရေယိုနေပြီလား စစ်ဆေးပါ။

၁၀။ ရေခေါင်းကို ပိတ်ပြီဆိုလျှင် သေချာစွာပိတ်ပါ။ ရေများ တစ်စက်စက်ကျမနေပါစေနှင့်။

၁၁။ Water Efficient ဟု ရေးထားသော ရေခေါင်းများသုံးပါ။

၁၂။ မသုံးသောအခါများတွင် (ခေတ္တပင်ဖြစ်စေ) ရေခေါင်းကို ပိတ်ထားပါ။

၁၃။ ရေယိုနေပြီ ဆိုပါစို့။ ချက်ခြင်းပြင်ပါ။

၁၄။ ရေယိုခြင်းကို စစ်နိုင်သည့်တစ်နည်းမှာ အိမ်ရှိရေခေါင်းများအားလုံးကို သေချာကျနစွာ ပိတ်ပါ။ ထို့နောက် ရေမီတာကို စစ်ကြည့်ပါ။ ရေလုံးဝမသုံးသည့်တိုင် ရေမီတာ တက်နေသေးသည်ဆိုလျှင် ရေယိုတာ သေချာပါသည်။ Plumber ကို အမြန်ဆုံးခေါ်ပါ။



၁၅။ ကားဆေးရာတွင် ရေပိုက်အစား ရေပုံးကို သုံးပါ။



၁၆။ သစ်ပင်ပန်းမန်များကို ရေလောင်းရာတွင် နံနက် ၄ နာရီမှ ၇ နာရီအတွင်း၊ ညနေ ၆ နာရီမှ ၉ နာရီအတွင်း ရေပုံးကို သုံး၍လောင်းပါ။ (ထိုအချိန်များသည် ရေငွေ့ပျံအနည်းဆုံးဖြစ်သည်။)


၆။ ရေပိုက်ပြင်လိုလျှင်

ရေပိုက်ပျက်၍ ပြင်လိုလျှင် လိုင်စင်ရ ပိုက်ပြင်သမားကိုသာ ခေါ်ပါ။ လိုင်စင်ရပိုက်ပြင်သမားကို PUB Website ၌ကြည့်နိုင် ပါသည်။ သို့မဟုတ်ပါကလည်း PUB ၏ ၂၄ နာရီ hotline ဖုံးနံပါတ်ဖြစ်သော 1800-2846600 သို့ အကြောင်းကြားနိုင်ပါသည်။ ထို့ပြင် Singapore Plumbing Society ဖုံးနံပါတ် 6294 9252 သို့ဖြစ်စေ NTUC Income Home Service နံပါတ် 6788 8788 သို့ဖြစ်စေ ခေါ်နိုင်ပါသည်။

လိုင်စင်ရ ပိုက်ပြင်သမားဟုတ်မဟုတ် သူတို့လက်မှတ်ကို တောင်းကြည့်နိုင်ပါသည်။ လက်မှတ်တွင် WS12345678 ဟု နံပါတ် နှင့်တကွ နာမည်၊ IC No. တို့ကို ဖော်ပြထားပါသည်။

အရေးကြီးသော မှတ်ချက်

လိုင်စင်ရ ပိုက်ပြင်သမားသာ PUB ရေပိုက်လိုင်းကို ပြင်လို့ရပါသည်။ လိုင်စင်ရပိုက်ပြင်သမားမဟုတ်ဘဲ အခြား ကျွမ်းကျင်သူ တစ်ဦးဦး သို့မဟုတ် သင်ကိုယ်တိုင် ပြင်သည်ဖြစ်အံ့။ စင်းဒေါ်လာ တစ်သောင်းထက်မပိုသော ဒါဏ်ကြေး  သို့မဟုတ် သုံးနှစ် ထက်မပိုသော ထောင်ဒါဏ် သို့မဟုတ် ငွေဒါဏ် ထောင်ဒါဏ် နှစ်ရပ်စလုံး ချမှတ်နိုင်ပါသည်။
၇။ နိဂုံး

ဤသည်မှာ စင်ကာပူမှ ရေအကြောင်း သိသင့်သိထိုက်သည်တို့ကို စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့တိုင်းပြည် တွင်လည်း သောက်သုံးရေကို အရေးတကြီးထားကာ စီမံချက်များချမှတ်၍ လုပ်သင့်နေပြီ ဖြစ်ပါသည်။ ရေအခက်အခဲ ဖြစ်သဖြင့် အလှူခံလာသောကြောင့် ကျွန်တော်တို့ စနေဓမ္မမိတ်ဆွေများအဖွဲ့က လှူထားတာပင် အ၀ီစိတွင်း ဆယ်လုံး မကတော့ပါ။ နှစ်စဉ်လည်း သောက်သုံးရေပြဿနာကို ကျယ်ကျယ်လောင်လောင် ကြားနေရဆဲ ဖြစ်၏။

 ကျွန်တော် ကို ဒီဘလော့ရေးနိုင်အောင် အချက်အလက် များပေးသော ကျွန်တော် ဧ။် အစ်မလိုချစ်ရခင်ရသော စု နောက် ဒီဆောင်းပါးကိုရေးသော   အစ်ကိုအေးငြိမ်း တို့ကို ကျွန်တော် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နိုင်ငံအတွက်အကျိုးဖြစ်မယ်ထင်လို့တင်ရခြင်းပါ။

Task Bar ပေါ်က AM/PM လေးတွေကိုပြောင်းရအောင် .........

window registry ကို အရင်ခေါ်ရပါ့မယ်
window key + R ကိုနှိပ် run box ပေါ်လာရင် regedit လို့ ရိုက်ကာ
enter ခေါက်ပါ( နှိပ်ပါ) registry editor ပေါ်လာပါလိမ့်မယ်
(1) HKEY_CURRENT_USER ကို နှိပ်ပါ ၊ ထိုနောက် HKEY_CURRENT_USER အောက်မှ Control Panel ကို ထပ်နှိပ်ပါ International ကို ကလစ်ထောက်လိုက်ပါ  ညာဘက်(right) တွင် ဖိုင်များပေါ်လာပါလိမ့်မယ် / ထို ဖိုင်များ အတွင်းမှ  s1159 ကိုေ၇ွှးပြီး  ကလစ်နှစ်ချက် နှိပ်လိုက်ပါ Edit String  ပာူသော BOX ပေါ်လာပါလိမ့်မည်
ထိုအခါမှာတော့ပြင်လို့ရပါပီ Value data အောက်တွင် AM ပာု ရှိနေပါလိမ့်မယ် ထို AM  ကို Good Morning! လို့ ပြင်ရေးပါ ၊ပြီးလျှင် OK နှိပ်လိုက်ပါ ၊ နောက် s1159 အောက်တွင်ရှိသော s2359 ကို လစ်နှစ်ချက် နှိပ်ပါ ၊ထိုအခါ s1159 ကဲ့သို့ပင် Edit String  ပာူသော BOX ပေါ်လာပါလိမ့်မည် ၊နောက် Value data အောက်တွင် PM ပာုဖြစ်နေပါလိမ့်မယ် ထို PM ကို Good Evening! ပာုပြောင်းပါ ထိုနောက် OK ကို နှိပ်ပါ registry editor ကို ပိတ်လိုက်ပါ၊ အားလုံးပြီးလျှင် RESTART ချလိုက်ပါ ပြန်တတ်လာလျှင်တော့ ကျွန်တော် တင်ထားတဲ့ ပုံက ကဲ့သို့ပြောင်းသွားပါလိမ့်မယ်၊ ကျေးဇူးတင်ပါတယ် ကျွန်တော် ဘလော့ ကိုဖတ်ပေးတဲ့ လူအားလုံး ၊ကျွန်တော်က ပညာရျင်မပာုတ်ပါ ထိုကြောင့် အမှားပါလျှင်ခွင့်လွတ်ပါ ၊ကြိုးစားပါဦးမယ်။

Saturday, October 15, 2011

Apple ကုမ္မဏီရဲ့ CEO ပောာင်း စတိဂျော့ ကွန်လွန် ...

ipad,ipod,iphone, နှင့် အခြား apple ထုတ်ကုန် များဖြင့် ကမ္ဘာကြီးကို အလှဆင်နေသူတစ်ဦးဖြစ်သော Apple ကုမ္မဏီရဲ့ CEO ပောာင်း စတိဂျော့  သည် အောက်တိုဘာ 5 ရက် 2011 တွင် ကွန်လွန်သွားပါသည်၊ကွန်လွန်ချိန်တွင် သူဧ။် အသက်မှာ 56 နှစ်ရှိပြီ ဖြစ်သည်၊သူ ဧ။်ကွန်လွန်မှု သတင်းမှာ apple ခရေဇီ များနှင့် ကမ္ဘာ တစ်ဝှမ်းရှိ နည်းပညာ ချစ်သူများ ကို တုန်လှုပ်စေခဲ့သည်၊ စတိဂျော့ ဧ။် ကမ္ဘာပေါ်လွမ်းမိုး မှုမှာ ပြောရန်မလိုတော့ပေ၊ တရုတ်ထုတ် MP-3 PLAYER တစ်ခုကိုပင် ပန်းသီတစ်ခြမ်းပဲ့ apple တံဆိပ် တပ်လိုက်လျှင်ပင်  နာမည် ကျော်သွားနိုင်ပေသည် ၊ စတိဂျော့ ကာလ အတွင်း apple အောင်မြင်မှုဖြစ်ပေသည်၊စတိဂျော့ ကွန်လွန်သော သတင်းကြောင့် ကျွန်တော် တော်တော် ၀မ်းနည်းမိပါသည်၊ ဒီ blog ကို ရေးရသည့် အကြောင်းမှာ စတိဂျော့ ကို ဂုဏ်ပြုသောအားဖြင့် သော်လည်းကောင်း ၊ သတိရခြင်းဖြင့်လည်းကောင်း တင်ရခြင်းဖြစ်ပါသည်။စတိဂျော့အကြောင်းတွေရေးပါဦးမယ် ခင်ဗျာ ကျွန်တော်သူ့ အချက်အလက်တွေစုစီးမိရင်၊ ကျေးဇူးတင်ပါတယ်။

Monday, September 26, 2011

ခင်ဗျား၇ဲ့ CPU လေး နိမ့်နေလို့ စိတ်မညစ်ပါနဲ့ ...............

ကျွန်တော် တို့ရဲ့  Processor(CPU) လေးကို နာမည်ပြောင်းရအောင် သူများတွေလန့်သွားအောင်ပေါ့(နောက်ဖို့သာဖြစ်ပါတယ် လိမ်ဖို့မပာုတ်ပါ)

(1) run box ကိုပထမဦးစွာပွင့်ရပါမယ် windowkey + R ပါ(windowkey မသိဘူးလို့တော့မနောက်ပါနဲ့နော်)  run box  ပွင့်လာပါက အထဲမှာ regedit  လို့ ရိုက်ထည့်ပါ  ပြီးရင်  enter ခေါက်    registry editor ပွင့်လာပါလိမ့်မယ်
(2)?HKEY_LOCAL_MACHINE ကို နိုပ်ပါ  (3)HARDWARE  ကိုထပ်နိုပ်ပါ
(4)DESCRIPTION ကိုေ၇ွးပါ     (5)System ကိုထပ်ေ၇ွးပါ
(6)CentralProcessor  ကို နိုပ်လိုက်ပါတော့   (7)0/1  ဆိုတဲ့file   ပေါ်လာပါလိမ့်မယ်  0 ကိုေ၇ွးပါ နောက်ညာဘက် ProcessorNameString ကို နှိပ်လိုက်ပြီး   ပေါ်လာတဲ့  value data  အောက်က လိုင်းထဲမှာ ကြိုက်တဲ့ နာမည်ထည့်လို့ရပါပြီ    ဥပမာ-Intel(R)Pentium(4) core i9 ပေါ့ ပီားးးး သူများလန့်အောင်ထည့် ပေါ့


ဒါတွေပြီး၇င်တော့ ကိုယ်လုပ်ထားတလေးကြည့်လို့ရပါပြီ  my computer ကို right click လေးထောက်ပြီးကြည့်နိုင်ပါပြီ

ပြီပါပြီ..................  ကျွန်တော် ပညာရှင်မပာုတ်ပါဘူး ကွန်ပျူတာကို လေ့လာဆဲပါ အမှားပါရင် ခွင့်လွတ်ပါ 

အဆင်ပြေပါစေဗျာ ....................