ကျွန်တော် သိသမျှလေးတွေပါ.........
ကျွန်တော် အကြောင်းမိတ်ဆက်
ကျွန်တော် က ကွန်ပျူတာ ကို ငယ်ငယ်ကတည်းကစိတ်ဝင်စားသူဖြစ်ပါတယ်၊ကျွန်တော် က ပညာရှင်မပာုတ်ပါ၊ကျွန်တော်သိသလောက်မျှဝေတာဖြစ်ပါတယ်၊ကျွန်တော် စာဖတ်သူအတွက်အတတ်နိုင်ဆုံးကြိုးစားပေးမှာပါ
ကျွန်တော်ဘလော့လေးက
ကျွန်တော်ဘလော့လေးက ကွန်ပျူတာကို ခုမှစကိုင်သူတွေကို လည်းနားလည်အောင် စာတွေ ကို တစ်ဆင့်ချင်းသေချာရှင်းပြထားပါတယ်၊စာတွေအရမ်းရှည်တယ်လို့အပြစ်မတင်လိုက်ပါနဲ့ beginner လေးတွေအတွက်ပါ
ကျွန်တော် မှီငြမ်းထားပါတယ်
ကျွန်တော်ရဲ့တချို့ ပိုစ်လေးတွေ က မှီငြမ်းထားပါတယ်၊ဘာသာပြန်ထားပါတယ်၊ဘလော့ကာ ညီအစ်ကိုတွေစီက ကူးယူဖော်ပြထားပါတယ်(မူရင်းဆိုဒ်ကိုညွန်ပြပါတယ်)
ကျေးဇူးတင်ပါတယ်
ကျွန်တော် ဘလော့လေးကိုလာလည်တဲ့ သူငယ်ချင်းတွေ၊ကူညီပေးကြတဲ့ညီအစ်ကိုမောင်နှမတွေ၊အကူညီတောင်းခံကြတဲ့ သူငယ်ချင်းတွေကို အရမ်းကျေးဇူးတင်ပါတယ်
အကူညီပေးပါ့မယ်
ကျွန်တော် သိသမျှ ကျွန်တော် တတ်နိုင်သမျှ ကူညီပေးသွားမှာပါ၊နည်းပညာနဲ့ ပတ်သတ်တဲ့အကူညီများကို dead4mm@gmail.com ကို မေးလ် ပို့ပြီးအကူညီတောင်းနိုင်ပါတယ်
Friday, December 19, 2014
Saturday, December 6, 2014
Internet Data plan များနှင့် သုံးစွဲမှုများ..............
နှစ်တွေတောင်ကြာသွားပြီဗျာ....... sorry ပါ ကျွန်တော် တို့နယ်မှာ အင်တာနက်ကတကယ်ကိုလိုင်း
ဆိုးဝါးလို့ပါ အခုတော့ Telenor လေးနဲ့ ဘလော့တွေပြန်ရေးပါတော့မယ်
လေရှည်တာ နည်းနည်းများသွားပြီ အခုကျွန်တော် mobile internet plan တွေနဲ့ပတ်သတ်ပြီးဖတ်ထား
သမျှလေးပြန် share ပါ့မယ်
Email သည် mobile phone များပေါ်တွင် သုံးစွဲမှုအများဆုံးဖြစ်သည်၊သို့သော် Data သုံးစွဲမှုနည်းပါသည်။ဓာတ်ပုံ ဗီဒီယို နှင့် တခြားဖိုင်တွဲများ မပါဝင်သော Email မြောက်များစွာကို
Data သုံးစွဲမှုအနည်းငယ်ဖြင့်ပို့နိုင်သည်
ဥပမာ- တစ်လလျှင် အီမေးလ် အစောင်ရေ 5000 ခန့်ပေးပို့သည်အခါ 100MB သာကုန်မည်
ဖြစ်ပြီး အခြားသော ဖိုင်တွဲများ ပါဝင်လျှင် ပါဝင်သလောက် Data သုံးစွဲမှုနှုန်းများမည်ဖြစ်သည်။
Web browing
အင်တာနက်စာမျက်နှာများ လှည့်လှည့်ကြည့်ရှုခြင်းသည် web page များအပေါ်မှုတည်ကာ ကွာခြားမည်ဖြစ်သည်၊multimedia feature အနည်းငယ်သာပါဝင်သော website များကိုကြည်
ရှုလျှင် ၁လလျှင် 100MB မျှသာကုန်ကြမည်ဖြစ်ပြီး၊ multimedia feature များ ပါဝင်သော် web page ကြီးများကြည့်ရှုလျှင် ၁လလျှင် 1GB ခန့်ကုန်ကျမည်ဖြစ်သည်။
Social Media
Facebook / twitter များ ကို ပုံအနည်းငယ်သာ အသုံးပြုလျှင် တစ်လ လျှင် 100MB ခန့်ကုန်ကျမည်ဖြစ်ပြီး၊တစ်နေ့ဓာတ်ပုံ ဆယ်ပုံအသုံးပြုပါက တစ်လလျှင် 400MB ခန့်ကုန်ကျမည်ဖြစ်သည်
Downloading Apps/Musics/Videos
Data သုံးစွဲမှုအများအပြားဖြစ်စေသော အကြောင်းအရင်းတစ်ရက်ဖြစ်သည် မိမိ အသုံးပြုသော ဖိုင်ဆိုဒ်အပေါ်မှုတည်ကွာခြားမည်၊ထိုကြောင့် App update လုပ်ခြင်း သီချင်း ဗီဒီယိုများ ဒေါင်း
ခြင်းကို Wifi ဖြင့်သာအသုံးပြုသင့်သည်။
Viber
မြန်မာပြည်ရဲ့ မင်းသားလာပါပြီ :P viber ဖြင့်ဖုန်းခေါ်ဆိုမှုသည် တစ်မိနစ်လျှင် 240kb ၀န်းကျင်သာကျသင့်မည်ဖြစ်ပြီး တစ်နာရီလျှင် 14MB ခန့်သာကျသင့်မည်ဖြစ်သည်၊viber
message ပေးပို့ရာတွင် အင်္ဂလိပ်စာလုံး 500 လျှင် 828bytes သာကုန်ကျသည်ဖြစ်ပြီး
1KB သည် Viber messages 5 စောင်ပေးပို့ခြင်းနှင့်ညီမျှသည်။
Streaming music
Online ပေါ်တွင် သီချင်းနားထောင်ခြင်းသည် Data သုံးစွဲမှုကို များပြားစေသည် နေ့စဉ် ရုံးချိန်အတွင်း အွန်လိုင်းပေါ်မှ သီချင်းများနားထောင်ပါလျှင် တစ်လလျှင် 6GB အထိကျသင့်နိုင်ပြီး တစ်နေ့လျှင်တစ်
နာရီခန့် အွန်လိုင်းပေါ်တွင်သီချင်းများ နားထောင်လျှင် တစ်လ 1GB ခန့်ကျသင့်မည်ဖြစ်သည်။
Streaming movies
အင်တာနက်ပေါ်တွင် videos ကြည့်ခြင်းသည်လည်း Data သုံးစွဲမှုကိုများပြားစေသည်၊တစ်နေ့လျှင် Netflix
မှ မိနစ်သုံးဆယ်စာ videos တစ်ခု ကိုကြည့်ရှုလျှင် တစ်လလျှင် 2GB ခန့်ကုန်ကျနိုင်ပြီး တစ်နေ့လျှင် ရုပ်ရှင်တစ်ကားနှုန်းကြည့််ရှုပါက တစ်လလျှင် 5GB နှင့် 10GB ကြားကုန်ကြနိုင်သည်၊ထိုကြောင့်သီချင်းနားထောင်ခြင်း ဗီဒီယိုကြည့်ခြင်းကို Wifi ဖြင့်သာပြုလုပ်သင့်သည်။
Internet Journal မှ ကူးယူတင်ပြပါသည်၊ Ooredoo နှင့် Telenor Data ကောက်ခံခြင်းစနစ်ကိုအာမမခံနိုင်ပါ
Data တွေပိုကုန်ကျခဲ့လျှင်ကျွန်တော်ကိုမဆဲနဲ့နော် :P
Tuesday, June 4, 2013
Facebook Home ဆိုသည်မှာ
user interface ပြောင်းလဲ တဲ့ facebook Home ကို မကြာသေးမီက မိတ်ဆက်
လိုက်ပါတယ်၊facebook Home ဟာ လှပ သတ်ရပ် တဲ့ UI ပါဝင်တယ်လို့ဆိုပါတယ်၊
facebook ရဲ့ အမှုဆောင် အရာရှိ Mark Zuckerberg က တော့ Facebook Home
ဟာ android ရဲ့ interface ပေါ်မှာ facebook notification များ messages
များကို ဖော်ပြနိုင်တဲ့ app Launcher interface ဖြစ်တယ်လို့ဆိုပါတယ်
ပါဝင်တဲ့ feature တွေကတော့
Cover Feed
Facebook Home အသုံးပြုထားတဲ့ ဖုန်းကို ဖွင့်လိုက်တဲ့အခါမှာ Lock screen နဲ့ home screen
မှာ cover feed လို့ ခေါ်တဲ့ အရာကို default အနေနဲ့တွေ့ရမှာပါ၊cover feed ဟာ news feed
ပါဘဲ၊သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ စာတွေနဲ့share ပြုလုပ်ထားတဲ့အရာတွေကိုတွေ့ရမှာပါ၊
သူငယ်ချင်းတွေရဲ့ status တွေကို like လုပ်လိုပါက Phone screen ပေါ်မှာ နှစ်ချက်နှိပ်လိုက်ရုံနဲ့ပြုလုပ်နိုင်မယ်လို့ဆိုပါတယ်
မကောင်းတာ တစ်ခုကတော့ cover feed ဟာ သူငယ်ချင်းများရဲ့ အရေးကြီး status updates တွေကိုသာဖော်ပြတာကြောင့်
တချို့ status တွေမပေါ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။
Notifications
Facebook Home ဟာ notifications တွေကိုလည်းဖော်ပြပါတယ် Home screen ပေါ်ကအခြားသော
app တွေက update တွေပါဝင်ပါတယ် နောက်မှကြည့်ရူလိုတဲ့ notifications တွေကိုရွှေးချယ်ထားနိုင်ပါသတဲ့၊
HTC first မှာတော့ Noti တွေကို ပြည့်ပြည့်စုံစုံမြင်နိုင်တယ်လို့ဆိုပါတယ်၊HTC first အကြောင်းကိုနောက်
ပို့စ် တစ်ခုမှ ရေးပေးပါမယ်၊
Chat Heands and messaging
Facebook Home မှာ ပါဝင်တဲ့ feature များထဲမှာ အကောင်းဆုံးနဲ့ အသုံးအ၀င်ဆုံး
feature ဖြစ်ပါတယ်၊facebook က messages တွေကို တခြား run နေတဲ့
app တွေပေါ်မှာ ဖော်ပြနိုင်ပါတယ်၊ ဒါကြောင့် ဂိမ်းဆော့နေရင်းဘဲဖြစ်ဖြစ် သီချင်းနားထောင်နေရင်း
ဖြစ်ဖြစ် ဇာတ်လမ်းတစ်ခုခုကြည့်နေရင်းဖြစ်ဖြစ် လုပ်နေတဲ့အလုပ်ကိုထွက်ပြီး messages ပြန်ပို့
စရာမလိုပါဘဲ pop-up icon ကနေ SMS နဲ့ facebook messages တွေကို ဖတ်
နိုင် ပြန်နိုင်မှာပါ၊
App Launcher
Facebook Home မှာ app launcher တစ်ခုလည်းပါဝင်လာပါတယ်
ဒီ feature ဟာတခြားသော app တွေကိုဖော်ပြပေးမယ့် feature ပါ
Facebook Home ကို android Os မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ ဘယ်လိုမျိုး install လုပ်ရ
လဲဆိုတာတော့ ကျွန်တော် နောက်ပို့စ် တစ်ခုရေးပေးပါ့မယ်၊ facebook ကို တရားဝင်ထည့်သွင်းဖြန့်ချိထား
တာကတော့ HTC First ဘဲဖြစ်ပါတယ်
Saturday, May 18, 2013
Finger Face........
http://www.1mobile.com/fingerface-748764.html
Saturday, April 20, 2013
Kali (သို့မဟုတ်)backtrack မှာ မြန်မာစာ ထည့်နည်း...........
Kali သို့မဟုတ် backtrack မှာ မြန်မာစာ ထည့်နည်းတွေရေးခဲ့ဖူးပါတယ်၊ထည့်လည်း အဲလိုမျိုးဘဲ ထည့်ခဲ့ကြပါတယ် ပြသာနာက ဘာလည်း ဆိုတော့ တချို့စာလုံးတွေ ရေးရတာ လွဲမှားနေသလို
ဖေဘုတ် ကွန်မန့် ဂျီတော့ရဲ့တဖက်လူ မှာ မြင်ရတာလည်း လွဲမှားနေပါတယ် အခုနည်းလေးကတော့
မြန်မာစာကို ၀င်းဒိုးမှာလိုဘဲ အမှန်ပေါ်မယ့်နည်းလေးပါ ..............
http://aungmoe2011.blogspot.com/2013/01/backtrack-os_8081.html ဒီလင့်လေးမှာ ပါတဲ့ ဖောင့်သွင်းနည်းကို အရင်ဆုံးသွင်းလိုက်ပါ
နောက်ပြီးရင် တော့ file system ထဲကိုသွားပါ etc ဆိုတဲ့ဖိုဒါထဲကိုဝင်ပြီး apt ဆိုတဲ့ ဖိုဒါထဲက
sources.list ဖိုင်ကိုဖွင့်ပြီး ဖိုင်ထဲက စာတွေနေရာမှာ ဒီအောက်က စာတွေအစားထိုးလိုက်ပါ
# deb cdrom:[Debian GNU/Linux 8.0 _Kali_ - Official Snapshot amd64 LIVE/INSTALL Binary 20130319-14:53]/ kali $
#deb cdrom:[Debian GNU/Linux 7.0 _Kali_ - Official Snapshot amd64 LIVE/INSTALL Binary 20130319-14:53]/ kali c$
deb http://http.kali.org/kali kali main non-free contrib
#deb-src http://http.kali.org/kali kali main non-free contrib
## Security updates
deb http://security.kali.org/kali-security kali/updates main contrib non-free
ပြီးရင် save လုပ်လိုက်ပါ၊ထိုနောက် တာမီနယ်ကိုဖွင့်ပြီး apt-get update ဆိုတာလေးရိုက်ပေးပြီး update လုပ်လိုက်ပါ
ဒါတွေလုပ်ပြီးပြီဆိုရင်တော့ apt-get install ibus လို့ရိုက်ပြီး ibus သွင်းပေးပါ
ပြီးရင် code.google.com/p/ibus-keymagic/downloads/detail?name=ibus-keymagic_1.5-2ubuntu11.10_i386.deb&can=2&q= ဒီလင့်လေးမှာ keymagic ကို ဒေါင်း လိုက်ပါ
ပြီးရင်တော့Terminal ကို ဖွင့်ပြီး dpkg -i ibus-keymagic_1.5-2ubuntu11.10_i386.deb ဆိုပြီး Enter ခေါက်လိုက်ပါ
ဒါကတော့ deb ဖိုင်အမျိုးအစားကိုdpkg install လုပ်တာပါ Ubuntu အသုံးပြုပြီးတော့ ကွန့်မန့်တွေ နဲ့ ဆော့ဝဲလ်သွင်းနည်းရေးပါအုန်းမယ်.........
dl.dropbox.com/u/176693/Zawgyi% ဒါလေးကို ဒေါင်းလုပ် ဆွဲလိုက်ပါအုန်း
ထိုနောက် ဒီအောက်က ကွန့်မန့်နဲ့ ဇော်ဂျီ သွင်းလိုက်ပါ
mkdir -p ~/.keymagic cp "~/Downloads/Zawgyi L - Unicode.km2" "~/.keymagic/Zawgyi L - Unicode.km2"
ပြီးရင်တော့ system tools => preference=>Input method မှာ ibus ကိုရွှေးပေးပါ။
ပြီးပြီဆိုရင်system tools ထဲက ibus ကိုဖွင့်ပြီး input method ကိုနှိပ် select input method ဆိုတာကိုရွှေးပြီး
english -zawgyi L(keymagic) restart ချလိုက်ပါ ပြီးပါပြီ
Kali Linux အကြောင်း ကျွန်တော် သိသမျှလေး
Kali OS ဆိုတာ ကတော့ backtrack 6 လို့ပြောလို့ ရတဲ့ ဖိုင်ဆိုဒ်သေးသေး Tools စုံစုံ OS တစ်ခုပါ Hacking နယ်ပယ်ကလူတွေ Security သမားတွေ အသုံးပြုလို့ကောင်းတဲ့OS တစ်ခုလည်း
ဖြစ်ပါတယ်
ထူးခြားချက်ကတော့ ကာလီဟာ တတ်ပလက် ပီစီ တွေပေါ်မှာ ပါ အသုံးပြုနိုင်တာပါ အခုလောလောဆယ်တော့ Galaxy note 10.1 ပေါ်မှာ အောင်အောင်မြင်မြင် အသုံးပြုလို့
ရပါသတဲ့............
www.kali.org/downloads/
Monday, April 1, 2013
Ubuntu မှာ deepin software center install လုပ်မယ်.....
Ubuntu အကြောင်းတော့ သီးသန့်ပြောပြမနေတော့ပါဘူး၊နာမည် ကြီး လင်းနစ် တစ်ခုအဖြစ်နဲ့
ရပ်တည်နေတာမလို့ပါ၊
ကဲ Deepin software center သွင်းကြည့်ရအောင်။
Ctrl + Alt + T တွဲနှိပ်လိုက်ပါ တာမီနယ် ပေါ်လာပါလိမ့်မယ် အောက်က ကွန်မန့်လေးတွေ
ရိုက်လိုက်ရအောင်
sudo add-apt-repository ppa:noobslab/deepin-sc
ကဲ ပက်ဝက် တောင်းရင်လည်း ထည့်ပေးလိုက်ပါ
နောက်ထပ်ကွန်မန့်ရိုက်ပါမယ်
sudo apt-get update
ထိုနောက် sudo apt-get install deepin-software-center ဆိုပြီးရိုက်လိုက်ပါ Y/N? မေးရင်
့Y လို့ရိုက်ပြီး enter ခေါက်ပါ၊