Showing posts with label hacking. Show all posts
Showing posts with label hacking. Show all posts

Saturday, April 20, 2013

Kali (သို့မဟုတ်)backtrack မှာ မြန်မာစာ ထည့်နည်း...........





Kali သို့မဟုတ် backtrack မှာ မြန်မာစာ ထည့်နည်းတွေရေးခဲ့ဖူးပါတယ်၊ထည့်လည်း အဲလိုမျိုးဘဲ ထည့်ခဲ့ကြပါတယ် ပြသာနာက ဘာလည်း ဆိုတော့ တချို့စာလုံးတွေ ရေးရတာ လွဲမှားနေသလို
ဖေဘုတ် ကွန်မန့် ဂျီတော့ရဲ့တဖက်လူ မှာ မြင်ရတာလည်း လွဲမှားနေပါတယ် အခုနည်းလေးကတော့
မြန်မာစာကို ၀င်းဒိုးမှာလိုဘဲ အမှန်ပေါ်မယ့်နည်းလေးပါ ..............



http://aungmoe2011.blogspot.com/2013/01/backtrack-os_8081.html  ဒီလင့်လေးမှာ ပါတဲ့ ဖောင့်သွင်းနည်းကို အရင်ဆုံးသွင်းလိုက်ပါ

နောက်ပြီးရင် တော့ file system ထဲကိုသွားပါ etc ဆိုတဲ့ဖိုဒါထဲကိုဝင်ပြီး apt ဆိုတဲ့ ဖိုဒါထဲက
sources.list ဖိုင်ကိုဖွင့်ပြီး ဖိုင်ထဲက စာတွေနေရာမှာ ဒီအောက်က စာတွေအစားထိုးလိုက်ပါ

# deb cdrom:[Debian GNU/Linux 8.0 _Kali_ - Official Snapshot amd64 LIVE/INSTALL Binary 20130319-14:53]/ kali $

 #deb cdrom:[Debian GNU/Linux 7.0 _Kali_ - Official Snapshot amd64 LIVE/INSTALL Binary 20130319-14:53]/ kali c$

 deb http://http.kali.org/kali kali main non-free contrib
 #deb-src http://http.kali.org/kali kali main non-free contrib

 ## Security updates
 deb http://security.kali.org/kali-security kali/updates main contrib non-free

ပြီးရင်  save လုပ်လိုက်ပါ၊ထိုနောက် တာမီနယ်ကိုဖွင့်ပြီး  apt-get update ဆိုတာလေးရိုက်ပေးပြီး  update လုပ်လိုက်ပါ

ဒါတွေလုပ်ပြီးပြီဆိုရင်တော့ apt-get install ibus လို့ရိုက်ပြီး ibus သွင်းပေးပါ

ပြီးရင်  code.google.com/p/ibus-keymagic/downloads/detail?name=ibus-keymagic_1.5-2ubuntu11.10_i386.deb&can=2&q=   ဒီလင့်လေးမှာ keymagic ကို ဒေါင်း လိုက်ပါ

ပြီးရင်တော့Terminal ကို ဖွင့်ပြီး  dpkg -i ibus-keymagic_1.5-2ubuntu11.10_i386.deb ဆိုပြီး Enter ခေါက်လိုက်ပါ

ဒါကတော့ deb ဖိုင်အမျိုးအစားကိုdpkg install လုပ်တာပါ Ubuntu အသုံးပြုပြီးတော့ ကွန့်မန့်တွေ နဲ့ ဆော့ဝဲလ်သွင်းနည်းရေးပါအုန်းမယ်.........

dl.dropbox.com/u/176693/Zawgyi% ဒါလေးကို ဒေါင်းလုပ် ဆွဲလိုက်ပါအုန်း

ထိုနောက် ဒီအောက်က ကွန့်မန့်နဲ့ ဇော်ဂျီ သွင်းလိုက်ပါ

mkdir -p ~/.keymagic cp "~/Downloads/Zawgyi L - Unicode.km2" "~/.keymagic/Zawgyi L - Unicode.km2"


ပြီးရင်တော့   system tools => preference=>Input method မှာ ibus ကိုရွှေးပေးပါ။

ပြီးပြီဆိုရင်system tools ထဲက ibus ကိုဖွင့်ပြီး input method ကိုနှိပ် select input method ဆိုတာကိုရွှေးပြီး
english -zawgyi L(keymagic) restart ချလိုက်ပါ ပြီးပါပြီ



Kali Linux အကြောင်း ကျွန်တော် သိသမျှလေး


Kali OS ဆိုတာ ကတော့  backtrack 6 လို့ပြောလို့ ရတဲ့ ဖိုင်ဆိုဒ်သေးသေး Tools စုံစုံ OS တစ်ခုပါ Hacking နယ်ပယ်ကလူတွေ Security သမားတွေ အသုံးပြုလို့ကောင်းတဲ့OS တစ်ခုလည်း
ဖြစ်ပါတယ်



ထူးခြားချက်ကတော့ ကာလီဟာ တတ်ပလက် ပီစီ တွေပေါ်မှာ ပါ အသုံးပြုနိုင်တာပါ အခုလောလောဆယ်တော့ Galaxy note 10.1 ပေါ်မှာ အောင်အောင်မြင်မြင် အသုံးပြုလို့
ရပါသတဲ့............



www.kali.org/downloads/

Sunday, March 10, 2013

Windows 8 မှာ မြန်မာစာ အဆင်ပြေပြေဖတ်မယ်.......





Windows 8 ထွက်လာပါပြီ ၊ ကျွန်တော် စ ပြီးသုံးကြည့်ပါတယ် အရမ်းမိုက်တယ်ဗျာ windows 7 က လေးတယ် windows 8 လေးကတော့ တော်တော်လေးကို သွက်လာတယ်၊စက်ပူတာတွေ
ပန်ကာသံတွေ သိပ်မထွက်လာတော့ဘူး၊နောက်ပီး အဖွင့်အပိတ် တော်တော်မြန်တယ်။ကျွန်တော်
တော်တော်ကို သဘောကြသွားတာပေါ့ဗျာ..................

အဲ...... အဲဒီမှာပြသာနာက စပြီ windows 8 မှာ သူ့ရဲ့ မြန်မာဖောင့် အလိုလိုပါပြီးသားကြီးက
တော်တော်ကို ကိုးရိုးကားရားပေါ်လာတယ်၊ :P gtalk မှာ zawgyi ပြောင်းပေးတယ် ဒါပေမယ့်
မရဘူး၊ချစ်သူလေးနဲ့ ချက်တင်ထိုင်တော့မယ်ဆို karoolark ကိုပြေးရတယ် :P

ဒါနဲ့ ရှာရင်းဖွေရင်းနဲ့ ဒီနည်းလေးကိုတွေ့လာတယ် တော်တော်လေး အဆင်ပြေပါတယ်၊အရင်လိုဘဲပေါ့
regedit ကို ပြင်ရတော့မယ်............

(1) Run( win key + R) => run box လေး ကျလာပါပြီ အဲထဲမှာ regedit လို့ ရိုက်ထည့်လိုက်
ပထမ ဆုံး အန္တရယ်ကင်းအောင် backup လုပ်မယ် ဘယ်ဘက်အပေါ်က File ဆိုတာလေးကိုနှိပ်
Export ကိုနှိပ် နာမည် တစ်ခုခုပေးပြီး save လိုက်ပါ၊
(2) HKEY_LOCAL_MACHINE ထဲကိုဝင် Software ထဲကိုဝင် Miscrosoft ထဲကို ထပ်ဝင်ပါ


Windows NT ဆိုတာထဲကို ထက်ဝင်လိုက်ပါ၊နောက်ပီး CurrentVersion ဆိုတာထဲဝင်လိုက်ပါ


Font ဆိုတဲ့ ပာာထဲကို ထပ်ဝင်လိုက်ပါ ပြင်ရတော့မယ့်နေရာ ရောက်ပီနော် သေချာကြည့်ပေးပါ

ညာဘက်အကွက်မှာ Myanmar Text(True Type) ဆိုတာ ရှိပါတယ် ရွှေးပြီး ကလစ်နှစ်ချက်နှိပ်လိုက်ပါ
ပေါ်လာတဲ့ Myanmar Text ဆိုတဲ့ အကွက်အောက်က mmrtext.ttf ဆိုတာလေးရဲ့ ရှေ့မှာ ---- လေးတွေထည့်လိုက်ပါ ဒီလိုဖြစ်သွားလိမ့်မယ် ----mmrtext.ttf (windows က နဂိုပါလာတာတဲ့font ကို မသိအောင်လုပ်တဲ့သဘောပါ)

နောက်ပြီး OK ပေးလိုက်ပါ၊နောက်ထပ် Fonts ဆိုတဲ့အောက်က FontSubstitutes ဆိုတဲ့ပာာလေးကို ကလစ်ပေးပါအုန်း ...........



နောက်ပီး ညာဘက်က ကွက်လပ်အလွတ်မှာ right click နှိပ်ပြီး New => String Value ဆိုတာ ကိုနှိပ်
Myanmar Text လို့ နာမည်ပေးပြီး အဲဒီ Value အကွက်ကလေး ကလစ်နှစ်ချက်ပေးပြီး
Zawgyi-One လို့ ပြောင်းပြီး OK လုပ်လိုက်ပါ၊နောက်ပီး restart ချလိုက် ပြန်တတ်လာရင် အကုန် လုံး ဇော်ဂျီလေးနဲ့အဆင်ပြေပြေဖြစ်သွားပါပြီ၊

Gtalk အတွက်ကတော့ settings => change font => zawgyi-one




ကဲ.............အဆင်ပြေသွားပြီ...... နောက်ဆုံးပေါ် windows 8 ဗားရှင်းလေးကို မြန်မာစာလေးကောင်းကောင်းမွန်မွန်နဲ့အဆင်ပြေသွားပြီ :D

Wednesday, January 30, 2013

Super one click!!!!_Root Tool


Super one click ဆိုတဲ့အတိုင်းဘဲ ကလစ်တစ်ချက်ဘဲနော်............. ဖုန်းရဲ့ driver လေးတော့ ကွန်ပျူတာ မှာ တင်ထားဖို့လိုတာပေါ့၊ ကွန်ပျုတာနဲ့ ဖုန်းနဲ့ချိတ်ပြီဆိုတာနဲ့ Root ဆိုတာလေးနှိပ်
ပေးလိုက်ပါ............. တရုတ်ဖုန်းတော်တော်များများနဲ့ 2.3.6 အောက်ဗားရှင်းတွေမှာ ကောင်းကောင်း
အလုပ်လုပ်ပါတယ်.....
Download !!!!

Friday, January 25, 2013

Backtrack OS အတွင်း ဇော်ဂျီဖောင့်သွင်းခြင်း......




         ကျွန်တော် တို့ သုံးနေတဲ့ ဇော်ဂျီ ကို Backtrack OS ထဲမှာ သွင်းလို့ရပါတယ်၊zawgyi.tar ဖိုင်လေးကို http://code.google.com/p/zawgyi-keyboard/downloads/detail?name=zawgyi_keyboard-0.3.3.tar.gz ကို ဒေါင်းလုပ်ဆွဲလိုက်ဗျာ(ပြီးရင် Desktop ပေါ်ကို ဒေါင်းထားတဲ့ ဖိုင်လေး တင်လိုက်ပါ)

ပြီးရင် တာမီနယ် ခေါ်လိုက် Ctrl + Alt + Del ကိုနှိပ်လိုက်၊တာမီနယ်ပေါ်လာရင် cd Desktop (cd De လို့နှိပ်ပြီး Tab ခေါက်လိုက်ရင်လည်းရပါတယ်)လို့ရိုက်လိုက် enter ခေါက်ပါ၊
Desktop ထဲကို ရောက်ပြီးဆိုရင်တော့ tar xzf zawgyi_keyboard-0.3.3.tar.gz လို့ရိုက်ပြီး Enter ခေါက်ဗျာ၊tar xzf ဆိုတာ ကတော့ tar  files တွေကို ဖြည်တာပါ၊ ထိုနောက် cd zawgyi လို့ရိုက်ပြီး enter ပါ၊ထိုနောက် python zawgyi.py ဆိုတာ ကို ရိုက်ပြီး enter ခေါက်လို်က်ရင် အောက်မှာ
install ဆို (i) remove ဆို(r) စတဲ့ စာတွေပေါ်လာပါလိမ့်မယ် i လို့ရိုက်ပြီး enter ဗျာ...............
ကဲ ဇော်ဂျီသွင်းပြီးသွားပြီ restart လုပ်လိုက်တော့..............

Softwares များသွင်းခြင်း...................

၁။ gtalk အတွက် empathy ကိုသွင်းပါမယ် empathy ဆိုတာ Gtalk အပြင် အခြားသော Facebook , Yahoo Mail , Hot Mail တို့ကိုပါ အသုံးပြုနိုင်သော Instant Messager ပါ . command line ကတော့ terminal ထဲမှာ apt-get install empathy ပေါ့ နော် U နဲ့ကွာတာဆိုလို့ sudo ပါတာနဲ့မပါတာပဲကွာတယ် အော်အေး အဲ့ sudo အကြောင်းနဲနဲလေရှည်လိုက်အုံးမယ် U မှာက သူက root အနေနဲ့အ၀င်ထားလို့ sudo ခံရတာပါ bt မှာက စ၀င်ကတည်းက root နဲ့ဝင်ထားလို့ ခံစရာမလိုတော့တာပါ တော်တော်များများသိမယ်လို့ထင်ပါတယ် သူ့ command တွေကအားလုံးလိုလိုတူပါတယ်..

၂။ flashplugin ကို Install လုပ်ပါမယ် ထုံးစံအတိုင်းပေါ့ apt-get install flashplugin-installer ဆိုရပါပြီ

၃။ Movie/Video player ကို install လုပ်ပါမယ် ကျွန်တော်စမ်းကြည့်သလောက်တော့ totem media player ကအကောင်းဆုံးပါပဲ bt နဲ့တည့်ပါတယ် ထုံးစံအတိုင်းပေါ့ apt-get install totem-gstreamer ပေါ့ သွင်းပြီးသွားရင် codec တွေကိုထပ်သွင်းရပါမယ် အမျိုးမျိုးသော Video ဖိုင်တွေကိုဖတ်အောင်လို့ပါ အောက်က ကုဒ်လေးကိုထပ်သွင်းလိုက်ပါ….. apt-get install ubuntu-restricted-extras apt-get install w32codecs apt-get install w32codecs libdvdcss2 ပြီးပါပြီ……..နောက်တစ်ခုပေါ့

၎။ အော်အရေးကြီးဆုံးတစ်ခုသွင်းဖို့ကျန်နေသေးတယ်……. ubuntu software centre လေ သွင်းတာပေါ့နော့် သူရှိရင်အားလုံး အဆင်ပြေတယ်လေ ထုံးစံအတိုင်းပေါ့ apt-get install software-center ပေါ့ ရပါပြီ

Backtrack's other error ဖြေရှင်းခြင်းများ............

အသံမထွက်ခြင်း

system>preferences>startup application ကိုအဆင့်ဆင့်သွားပြီးဖွင့်လိုက်ပါ နောက် ကျလာတဲ့ boxမှာ add ကိုနှိပ်ပါ ပြီးရင် စာကြောင်းဖြည့်ဖို့သုံလိုင်းကျလာပါမယ် အောက်ကကုဒ်တွေကိုတစ်ခုချင်းစီ ဖြည့်လိုက်ပါ……. Pulseaudio daemon /usr/bin/pulseaudio Start the sound daemon. ပြီးရင် save ကိုနှိပ်ပါ..နောက် restart ချလိုက်ပါ sound system ပြင်လို့ပြီးပါပြီ……….

 နက်ဝက်ချိတ်ဆက်ခြင်း

2 .ပြီးရင် Wireless ချိတ်ဖို့လုပ်ကြရပါ့မယ် wireless ချိတ်ဖို့ wicd ကိုသွားရပါ့မယ် နောက် wicd network manger error ကိုပြင်မယ်ပေါ့… applications>internet>wicd network manger  ကို အဆင့်ဆင့်သွားဖွင့်လိုက်ပါ….error တက်နေတာကိုတွေ့ရပါလိမ့်မယ် . terminal ကိုဖွင့်လိုက်ပါ root account နဲ့ အောက်က Command နှစ်ကြောင်းရိုက်လိုက်ပါ dpkg-reconfigure wicd  update-rc.d wicd defaults  နောက်ထုံးစံအတိုင်း termianl ထဲမှာ ကိုယ့် Ip ကို manual အနေနဲ့ထည့်ပါမယ် ifconfig eth0 192.168.1.112/24 route add default gw 192.168.1.1 echo nameserver 192.168.1.1 > /etc/resolv.conf 

Startx error ဖြေရှင်းနည်း................

Blacktrack တင်တဲ့အခါမှာ startx နှိပ်ပီး Black screen ဖြစ်သွားပီ ဘာမှဆက်လုပ်လို့မရတဲ့
ပြသနာ ကို ဖြေရှင်းကြည့်ရအောင်
ပထမ ဆုံး ခွေထည့်လိုက်ဗျာ=boot တတ်လာတဲ့ အခါမှာ Tab နှိပ်လိုက်ပါ အောက်က စာအတိုင်းပေါ်လာပါလိမ့်မယ်
>/casper/vmlinuz file=/cdrom/preseed/custom.seed boot = casper initrd=/casper/initrd.gz ............................
....ဒီအစက်လေးက တွေ စာတွေပါ အဲစာတွေကို Backspace နှိပ်ပီးဖြတ်လိုက်ဗျာ နောက်ပီး
ဒီဟာလေးထည့်လိုက် xforcevesa noapic noapci nosplash irqpoll--

>/casper/vmlinuz file=/cdrom/preseed/custom.seed boot = casper initrd=/casper/initrd.gz xforcevesa noapic noapci nosplash irqpoll--

ဒီလိုလေးဖြစ်သွားပါလိမ့်မယ် . enter နှိပ်လိုက်တော့

Backtrack OS............



Backtrack ဆိုတာ ကတော့ linux အနွယ် ၀င် OS တစ်ခု ဖြစ်ပါတယ်၊ဒီ OS ကို hacker တွေနဲ့
Security သမားတွေ သုံးကြတယ်၊ဒါဆို သာမာန် user တွေရော သုံးလို့မရဘူးလား ရပါတယ်ဗျာ ubuntu လိုဘဲ
window လိုဘဲ ဆော့ဝဲလ်တွေထည့်ပြီး သုံးလို့ရပါတယ်၊အယ်..... ဥပမာ ပြောတာ နော် ubuntu မှာသုံးတဲ့
ဆော့ဝဲတွေကို သုံးလို့ရပေမယ့် window မှာ သုံးတဲ့ ဆော့ဝဲလ်တွေကိုတော့ အကုန်သုံးလို့မရဘူး but Wine
နဲ့ တော်တော်များများသုံးလို့ရပါတယ်၊ထားပါတော့ wine အကြောင်း ubuntu အကြောင်းနောက်ပို့မှာ ရှင်းပြမယ်
အခု backtrack အကြောင်းဘဲပြောကြတာပေါ့၊backtrack နဲ့ wifi တွေ hack လို့ရတယ်၊web တွေဖောက်လို့ရတယ်
အိုဗျာ အစုံလုပ်လို့ရတယ် ခင်ဗျားတို့သဘောကျသွားပြီမလား................အဲဒီ backtrack ကို ကျွန်တော် တော်တော်
ကျွမ်းတယ်လို့ထင်ရင်ထင်မှာပေါ့ မှားလိမ့်မယ် မိတ်ဆွေတို့.............ကျွန်တော် တောင် စမ်းတ၀ါးဝါးသုံးကြည့်တုန်း
ရှိသေးတယ် ဒါပေမယ့် ကျွန်တော် သိသမျှလေးတွေပါဆိုတဲ့အတိုင်း သိသမျှတင်ပေးမယ်။အခု backtrack က 5 ကို R3 ထိ
ထွက်ထားပြီ၊
 13th of August, 2012 မှာ ထွက် တာပါ၊ backtrack ကို download လုပ်ချင်ရင်တော့ဒီမှာ ဒေါင်းလုပ်ဆွဲပါပြီးတော့ အကောင့်ထည့် နာမည် ထည့်ပြီး ISO ဆို ISO VMware ဆို VMware အနေနဲ့ရယူနိုင်ပြီး၊window တွေလိုဘဲ 32bit 64bit ရယူနိုင်ပါတယ်၊ကဲ VMware တွေဘာတွေ က နောက်ပိုစ့် မှာရှင်းမယ်.........