Friday, December 19, 2014

ကျွန်တော် ဘလော့ လေးကို   တခြား သူငယ်ချင်းတွေနဲ့ စုပြီး လုပ်တဲ့ ဘလော့လေးကိုပြောင်းလိုက်ပါပြီ
  ဒီလင့်လေးမှာ လာလည်ပေးကြပါအုန်း

Saturday, December 6, 2014

Internet Data plan များနှင့် သုံးစွဲမှုများ..............

 မင်္ဂလာပါ ... ကျွန်တော် သိသမျှလေးတွေပါ  ဆိုတဲ့ကျွန်တော် ဘလော့လေးမှာ စာတွေမတင်ဖြစ်တာတောင်အတော်ကြာသွားပြီ ဟုတ်ပါတယ် ကျွန်တော် မတင်ချင်လို့မဟုတ်ပါဘူး အခုတလောပိုင်းမှာကျွန်တော် အင်တာနက် ကွန်တတ်ရှင် အခက်ခဲလေးရှိနေလို့ပါ
နှစ်တွေတောင်ကြာသွားပြီဗျာ....... sorry ပါ ကျွန်တော် တို့နယ်မှာ အင်တာနက်ကတကယ်ကိုလိုင်း
ဆိုးဝါးလို့ပါ အခုတော့ Telenor လေးနဲ့ ဘလော့တွေပြန်ရေးပါတော့မယ်

လေရှည်တာ နည်းနည်းများသွားပြီ အခုကျွန်တော် mobile internet plan တွေနဲ့ပတ်သတ်ပြီးဖတ်ထား
သမျှလေးပြန် share ပါ့မယ်







Email 


Email သည် mobile phone များပေါ်တွင် သုံးစွဲမှုအများဆုံးဖြစ်သည်၊သို့သော် Data သုံးစွဲမှုနည်းပါသည်။ဓာတ်ပုံ ဗီဒီယို နှင့် တခြားဖိုင်တွဲများ မပါဝင်သော Email မြောက်များစွာကို
Data သုံးစွဲမှုအနည်းငယ်ဖြင့်ပို့နိုင်သည်
ဥပမာ- တစ်လလျှင် အီမေးလ် အစောင်ရေ 5000 ခန့်ပေးပို့သည်အခါ 100MB သာကုန်မည်
ဖြစ်ပြီး အခြားသော ဖိုင်တွဲများ ပါဝင်လျှင် ပါဝင်သလောက် Data သုံးစွဲမှုနှုန်းများမည်ဖြစ်သည်။


Web browing

အင်တာနက်စာမျက်နှာများ လှည့်လှည့်ကြည့်ရှုခြင်းသည် web page များအပေါ်မှုတည်ကာ ကွာခြားမည်ဖြစ်သည်၊multimedia feature အနည်းငယ်သာပါဝင်သော website များကိုကြည်
ရှုလျှင် ၁လလျှင် 100MB မျှသာကုန်ကြမည်ဖြစ်ပြီး၊ multimedia feature များ ပါဝင်သော် web page ကြီးများကြည့်ရှုလျှင် ၁လလျှင် 1GB ခန့်ကုန်ကျမည်ဖြစ်သည်။

Social Media

Facebook / twitter များ ကို ပုံအနည်းငယ်သာ အသုံးပြုလျှင် တစ်လ လျှင် 100MB ခန့်ကုန်ကျမည်ဖြစ်ပြီး၊တစ်နေ့ဓာတ်ပုံ ဆယ်ပုံအသုံးပြုပါက တစ်လလျှင် 400MB ခန့်ကုန်ကျမည်ဖြစ်သည်

Downloading Apps/Musics/Videos

Data သုံးစွဲမှုအများအပြားဖြစ်စေသော အကြောင်းအရင်းတစ်ရက်ဖြစ်သည် မိမိ အသုံးပြုသော ဖိုင်ဆိုဒ်အပေါ်မှုတည်ကွာခြားမည်၊ထိုကြောင့် App update လုပ်ခြင်း သီချင်း ဗီဒီယိုများ ဒေါင်း
ခြင်းကို Wifi ဖြင့်သာအသုံးပြုသင့်သည်။

Viber

မြန်မာပြည်ရဲ့ မင်းသားလာပါပြီ :P viber ဖြင့်ဖုန်းခေါ်ဆိုမှုသည် တစ်မိနစ်လျှင် 240kb ၀န်းကျင်သာကျသင့်မည်ဖြစ်ပြီး တစ်နာရီလျှင် 14MB ခန့်သာကျသင့်မည်ဖြစ်သည်၊viber
message ပေးပို့ရာတွင် အင်္ဂလိပ်စာလုံး 500 လျှင်  828bytes သာကုန်ကျသည်ဖြစ်ပြီး
1KB သည် Viber messages 5 စောင်ပေးပို့ခြင်းနှင့်ညီမျှသည်။

Streaming music

 Online ပေါ်တွင် သီချင်းနားထောင်ခြင်းသည် Data သုံးစွဲမှုကို များပြားစေသည် နေ့စဉ် ရုံးချိန်အတွင်း အွန်လိုင်းပေါ်မှ သီချင်းများနားထောင်ပါလျှင် တစ်လလျှင် 6GB အထိကျသင့်နိုင်ပြီး တစ်နေ့လျှင်တစ်
နာရီခန့် အွန်လိုင်းပေါ်တွင်သီချင်းများ နားထောင်လျှင် တစ်လ 1GB ခန့်ကျသင့်မည်ဖြစ်သည်။

Streaming movies

အင်တာနက်ပေါ်တွင် videos ကြည့်ခြင်းသည်လည်း Data သုံးစွဲမှုကိုများပြားစေသည်၊တစ်နေ့လျှင် Netflix
မှ မိနစ်သုံးဆယ်စာ videos တစ်ခု ကိုကြည့်ရှုလျှင် တစ်လလျှင် 2GB ခန့်ကုန်ကျနိုင်ပြီး တစ်နေ့လျှင် ရုပ်ရှင်တစ်ကားနှုန်းကြည့််ရှုပါက တစ်လလျှင် 5GB နှင့် 10GB ကြားကုန်ကြနိုင်သည်၊ထိုကြောင့်သီချင်းနားထောင်ခြင်း ဗီဒီယိုကြည့်ခြင်းကို Wifi ဖြင့်သာပြုလုပ်သင့်သည်။



Internet Journal မှ ကူးယူတင်ပြပါသည်၊ Ooredoo နှင့် Telenor Data ကောက်ခံခြင်းစနစ်ကိုအာမမခံနိုင်ပါ
Data တွေပိုကုန်ကျခဲ့လျှင်ကျွန်တော်ကိုမဆဲနဲ့နော် :P