Wednesday, January 30, 2013

ဆော့ဝဲလ်တော်တော်များများကို crack လုပ်နိုင်တဲ့ LuckyPatcher

LuckyPatcher ဆိုတာကတော့ ကျွန်တော်တို့ PC တွေမှာ ဆော့ဝဲလ်တွေ crack လုပ်သလို ဘဲ crack ဆော့ဝဲလ်တစ်ခုပါ တော်တော်များများကို လိုင်စင်ဗားရှင်းပြောင်းနိုင်တယ် စမ်းသုံးကြည့်လိုက်ပါအုန်း.................

Download

ဖုန်းလေးမြန်အောင်လုပ်မယ်..............


ဒီ ဆော့ဝဲလ်လေး ကတော်တော်လေး လန်းပါတယ်၊မြန်မာ ဗာရှင်းလေးလည်း ဖြစ်တယ် virus scan ရော junk files clear ရောလုပ်ပါတယ်

Download!!!!!

Super one click!!!!_Root Tool


Super one click ဆိုတဲ့အတိုင်းဘဲ ကလစ်တစ်ချက်ဘဲနော်............. ဖုန်းရဲ့ driver လေးတော့ ကွန်ပျူတာ မှာ တင်ထားဖို့လိုတာပေါ့၊ ကွန်ပျုတာနဲ့ ဖုန်းနဲ့ချိတ်ပြီဆိုတာနဲ့ Root ဆိုတာလေးနှိပ်
ပေးလိုက်ပါ............. တရုတ်ဖုန်းတော်တော်များများနဲ့ 2.3.6 အောက်ဗားရှင်းတွေမှာ ကောင်းကောင်း
အလုပ်လုပ်ပါတယ်.....
Download !!!!

Sunday, January 27, 2013

Google play market သုံးရအောင်...........


ကျွန်တော်တို့မြန်မာနိုင်ငံမှာ Google play market ကဖွင့်မရပါဘူး
နိုင်ငံခြားက မြန်မာကို ပိတ်ထားတာပါ၊ဒါပေမယ့် market unlocker
ဆိုတာလေးသုံးပြီးဖွင့်လို့ရပါတယ်.........
android version 2.3.5 နှင့်အောက် ဗားရှင်းတွေမှာတော့
မားကတ် update လုပ်ရပါမယ် market update ကို
ဒီမှာဒေါင်းလုပ်ဆွဲပါခင်ဗျာ

market unlocker လေးကို တော့ဒီမှာ ဒီမှာ ဒေါင်းလုပ် ဆွဲနိုင်ပါတယ်

root လုပ်ထားဖို့တော့လိုပါ့မယ်၊market unlockerလေးကို ဒေါင်းလုပ်ဆွဲပြီး install လုပ်ပါ

market unlocke ဆော့ဝဲလ်ကိုဖွင့်ပါ ၊Enable Unlocker ဆိုတာလေးကိုဖွင့်ပေးလိုက်ပါ root acc
တောင်းရင်လည်း ဖွင့်ပေးလိုက်ပါ၊ပြီးရင် Play market လေးဖွင့်ကြည့်လိုက်ပါ၊WoW!!!! မိုက်တယ်နော်

Saturday, January 26, 2013

ကျွန်တော်ရဲ့ ဘလော့လေးကို သူငယ်ချင်းတို့ရဲ့ android ဖုန်းပေါ်မှာ ဖတ်လို့ရပါပြီ.....


ကျွန်တော်သိသမျှလေးတွေပါ ဆိုတဲ့ကျွန်တော့် ဘလော့ လေးကို android ဖုန်းပေါ်ကနေ ဖတ်လို့ရပါပြီ

ဒီမှာ ဒေါင်းလုပ်လုပ်လိုက်ပါ.......

သုံးရအလွယ်ဆုံး Root Tool လေးတစ်ခုပါ.......



                ကျွန်တော်တို့ မြန်မာဖောင့် ထည့်ဖို့နဲ့အခြားသော လုပ်ငန်းစဉ်တွေအတွက် ဖုန်းကို root လုပ်ရပါတယ်၊superuser ဖြစ်ဖို့ပေါ့(နောက် ပိုစ် တစ်ခုမှာရှင်းပါမယ်) အဲလို root လုပ်တဲ့ ဆော့ဝဲလ်
တွေထဲမှာ အရမ်းကို သုံးရလွယ်တဲ့ root ဆော့ဝဲလ်လေးတစ်ခုကို ကျွန်တော် တင်ပေးလိုက်ပါတယ်
တရုတ် လုပ်ဖုန်း android version 2.3.5 လောက်ဆိုကောင်းကောင်းအလုပ်လုပ်ပါတယ် တခြား
root အောင်မြင်တဲ့ဖုန်းတွေကို အောက်မှာ ပြထားပါတယ်.....................

sony Xperia X10(GB firmware)
sony Xperia Arc
Sony Xperis Arc S
Sony Xperis Play[R800i/r800x]
Sony Xperis Ray
Sony Xperis Neo
Sony Xperis Neo v
Sony Xperis Mini
Sony Xperis Mini S51SE
Sony Xperis Mini Pro
Sony Xperis Active
Sony Xperis Live Walkman
samsung Galaxy S2{GT-i9100/i9100/i9100T} and T-Mobile(SGH-T989) and AT&T(SGH-I777)
samsung Galaxy Mini
samsung Galaxy Y
samsung Galaxy Y pro
Huaxei Ideos U8150 (2.2)
Huaxwei Ideos X5 [U 8800](2.3.5)

ဒီ root tool လေးကို ဒေါင်းလုပ်ဆွဲချင်ရင်တော့ ဒီမှာ ဒေါင်းလုပ်ဆွဲပါဗျာ



Friday, January 25, 2013

Backtrack OS အတွင်း ဇော်ဂျီဖောင့်သွင်းခြင်း......




         ကျွန်တော် တို့ သုံးနေတဲ့ ဇော်ဂျီ ကို Backtrack OS ထဲမှာ သွင်းလို့ရပါတယ်၊zawgyi.tar ဖိုင်လေးကို http://code.google.com/p/zawgyi-keyboard/downloads/detail?name=zawgyi_keyboard-0.3.3.tar.gz ကို ဒေါင်းလုပ်ဆွဲလိုက်ဗျာ(ပြီးရင် Desktop ပေါ်ကို ဒေါင်းထားတဲ့ ဖိုင်လေး တင်လိုက်ပါ)

ပြီးရင် တာမီနယ် ခေါ်လိုက် Ctrl + Alt + Del ကိုနှိပ်လိုက်၊တာမီနယ်ပေါ်လာရင် cd Desktop (cd De လို့နှိပ်ပြီး Tab ခေါက်လိုက်ရင်လည်းရပါတယ်)လို့ရိုက်လိုက် enter ခေါက်ပါ၊
Desktop ထဲကို ရောက်ပြီးဆိုရင်တော့ tar xzf zawgyi_keyboard-0.3.3.tar.gz လို့ရိုက်ပြီး Enter ခေါက်ဗျာ၊tar xzf ဆိုတာ ကတော့ tar  files တွေကို ဖြည်တာပါ၊ ထိုနောက် cd zawgyi လို့ရိုက်ပြီး enter ပါ၊ထိုနောက် python zawgyi.py ဆိုတာ ကို ရိုက်ပြီး enter ခေါက်လို်က်ရင် အောက်မှာ
install ဆို (i) remove ဆို(r) စတဲ့ စာတွေပေါ်လာပါလိမ့်မယ် i လို့ရိုက်ပြီး enter ဗျာ...............
ကဲ ဇော်ဂျီသွင်းပြီးသွားပြီ restart လုပ်လိုက်တော့..............

Softwares များသွင်းခြင်း...................

၁။ gtalk အတွက် empathy ကိုသွင်းပါမယ် empathy ဆိုတာ Gtalk အပြင် အခြားသော Facebook , Yahoo Mail , Hot Mail တို့ကိုပါ အသုံးပြုနိုင်သော Instant Messager ပါ . command line ကတော့ terminal ထဲမှာ apt-get install empathy ပေါ့ နော် U နဲ့ကွာတာဆိုလို့ sudo ပါတာနဲ့မပါတာပဲကွာတယ် အော်အေး အဲ့ sudo အကြောင်းနဲနဲလေရှည်လိုက်အုံးမယ် U မှာက သူက root အနေနဲ့အ၀င်ထားလို့ sudo ခံရတာပါ bt မှာက စ၀င်ကတည်းက root နဲ့ဝင်ထားလို့ ခံစရာမလိုတော့တာပါ တော်တော်များများသိမယ်လို့ထင်ပါတယ် သူ့ command တွေကအားလုံးလိုလိုတူပါတယ်..

၂။ flashplugin ကို Install လုပ်ပါမယ် ထုံးစံအတိုင်းပေါ့ apt-get install flashplugin-installer ဆိုရပါပြီ

၃။ Movie/Video player ကို install လုပ်ပါမယ် ကျွန်တော်စမ်းကြည့်သလောက်တော့ totem media player ကအကောင်းဆုံးပါပဲ bt နဲ့တည့်ပါတယ် ထုံးစံအတိုင်းပေါ့ apt-get install totem-gstreamer ပေါ့ သွင်းပြီးသွားရင် codec တွေကိုထပ်သွင်းရပါမယ် အမျိုးမျိုးသော Video ဖိုင်တွေကိုဖတ်အောင်လို့ပါ အောက်က ကုဒ်လေးကိုထပ်သွင်းလိုက်ပါ….. apt-get install ubuntu-restricted-extras apt-get install w32codecs apt-get install w32codecs libdvdcss2 ပြီးပါပြီ……..နောက်တစ်ခုပေါ့

၎။ အော်အရေးကြီးဆုံးတစ်ခုသွင်းဖို့ကျန်နေသေးတယ်……. ubuntu software centre လေ သွင်းတာပေါ့နော့် သူရှိရင်အားလုံး အဆင်ပြေတယ်လေ ထုံးစံအတိုင်းပေါ့ apt-get install software-center ပေါ့ ရပါပြီ

Backtrack's other error ဖြေရှင်းခြင်းများ............

အသံမထွက်ခြင်း

system>preferences>startup application ကိုအဆင့်ဆင့်သွားပြီးဖွင့်လိုက်ပါ နောက် ကျလာတဲ့ boxမှာ add ကိုနှိပ်ပါ ပြီးရင် စာကြောင်းဖြည့်ဖို့သုံလိုင်းကျလာပါမယ် အောက်ကကုဒ်တွေကိုတစ်ခုချင်းစီ ဖြည့်လိုက်ပါ……. Pulseaudio daemon /usr/bin/pulseaudio Start the sound daemon. ပြီးရင် save ကိုနှိပ်ပါ..နောက် restart ချလိုက်ပါ sound system ပြင်လို့ပြီးပါပြီ……….

 နက်ဝက်ချိတ်ဆက်ခြင်း

2 .ပြီးရင် Wireless ချိတ်ဖို့လုပ်ကြရပါ့မယ် wireless ချိတ်ဖို့ wicd ကိုသွားရပါ့မယ် နောက် wicd network manger error ကိုပြင်မယ်ပေါ့… applications>internet>wicd network manger  ကို အဆင့်ဆင့်သွားဖွင့်လိုက်ပါ….error တက်နေတာကိုတွေ့ရပါလိမ့်မယ် . terminal ကိုဖွင့်လိုက်ပါ root account နဲ့ အောက်က Command နှစ်ကြောင်းရိုက်လိုက်ပါ dpkg-reconfigure wicd  update-rc.d wicd defaults  နောက်ထုံးစံအတိုင်း termianl ထဲမှာ ကိုယ့် Ip ကို manual အနေနဲ့ထည့်ပါမယ် ifconfig eth0 192.168.1.112/24 route add default gw 192.168.1.1 echo nameserver 192.168.1.1 > /etc/resolv.conf 

Startx error ဖြေရှင်းနည်း................

Blacktrack တင်တဲ့အခါမှာ startx နှိပ်ပီး Black screen ဖြစ်သွားပီ ဘာမှဆက်လုပ်လို့မရတဲ့
ပြသနာ ကို ဖြေရှင်းကြည့်ရအောင်
ပထမ ဆုံး ခွေထည့်လိုက်ဗျာ=boot တတ်လာတဲ့ အခါမှာ Tab နှိပ်လိုက်ပါ အောက်က စာအတိုင်းပေါ်လာပါလိမ့်မယ်
>/casper/vmlinuz file=/cdrom/preseed/custom.seed boot = casper initrd=/casper/initrd.gz ............................
....ဒီအစက်လေးက တွေ စာတွေပါ အဲစာတွေကို Backspace နှိပ်ပီးဖြတ်လိုက်ဗျာ နောက်ပီး
ဒီဟာလေးထည့်လိုက် xforcevesa noapic noapci nosplash irqpoll--

>/casper/vmlinuz file=/cdrom/preseed/custom.seed boot = casper initrd=/casper/initrd.gz xforcevesa noapic noapci nosplash irqpoll--

ဒီလိုလေးဖြစ်သွားပါလိမ့်မယ် . enter နှိပ်လိုက်တော့

Backtrack OS............



Backtrack ဆိုတာ ကတော့ linux အနွယ် ၀င် OS တစ်ခု ဖြစ်ပါတယ်၊ဒီ OS ကို hacker တွေနဲ့
Security သမားတွေ သုံးကြတယ်၊ဒါဆို သာမာန် user တွေရော သုံးလို့မရဘူးလား ရပါတယ်ဗျာ ubuntu လိုဘဲ
window လိုဘဲ ဆော့ဝဲလ်တွေထည့်ပြီး သုံးလို့ရပါတယ်၊အယ်..... ဥပမာ ပြောတာ နော် ubuntu မှာသုံးတဲ့
ဆော့ဝဲတွေကို သုံးလို့ရပေမယ့် window မှာ သုံးတဲ့ ဆော့ဝဲလ်တွေကိုတော့ အကုန်သုံးလို့မရဘူး but Wine
နဲ့ တော်တော်များများသုံးလို့ရပါတယ်၊ထားပါတော့ wine အကြောင်း ubuntu အကြောင်းနောက်ပို့မှာ ရှင်းပြမယ်
အခု backtrack အကြောင်းဘဲပြောကြတာပေါ့၊backtrack နဲ့ wifi တွေ hack လို့ရတယ်၊web တွေဖောက်လို့ရတယ်
အိုဗျာ အစုံလုပ်လို့ရတယ် ခင်ဗျားတို့သဘောကျသွားပြီမလား................အဲဒီ backtrack ကို ကျွန်တော် တော်တော်
ကျွမ်းတယ်လို့ထင်ရင်ထင်မှာပေါ့ မှားလိမ့်မယ် မိတ်ဆွေတို့.............ကျွန်တော် တောင် စမ်းတ၀ါးဝါးသုံးကြည့်တုန်း
ရှိသေးတယ် ဒါပေမယ့် ကျွန်တော် သိသမျှလေးတွေပါဆိုတဲ့အတိုင်း သိသမျှတင်ပေးမယ်။အခု backtrack က 5 ကို R3 ထိ
ထွက်ထားပြီ၊
 13th of August, 2012 မှာ ထွက် တာပါ၊ backtrack ကို download လုပ်ချင်ရင်တော့ဒီမှာ ဒေါင်းလုပ်ဆွဲပါပြီးတော့ အကောင့်ထည့် နာမည် ထည့်ပြီး ISO ဆို ISO VMware ဆို VMware အနေနဲ့ရယူနိုင်ပြီး၊window တွေလိုဘဲ 32bit 64bit ရယူနိုင်ပါတယ်၊ကဲ VMware တွေဘာတွေ က နောက်ပိုစ့် မှာရှင်းမယ်.........

Sunday, January 13, 2013

ဘလော့လေးကို ၂၀၁၃ နဲ့အတူ ပုံစံပြောင်းမြှင့်တင်မည်......

ကျွန်တော်ဘလော့လေး ကို သေချာ ပြန်ပြီး ပြုပြင်ပါမယ်၊နောက်ပီး အခု ၂၀၁၃နဲ့အတူ အရမ်းခေတ်စားလာတဲ့ နည်းပညာတွေဖြစ်တဲ့ mobile/linux ကိုလည်း ထည့်သွင်း
ပြီးရေးသားဖော်ပြသွားမှာပါ၊Ebook တွေ softwares တွေလည်း တင်ပေးသွားမှာပါ၊android game
တွေ root လုပ်နည်းတွေ root tools တွေနဲ့ ကျွန်တော် သိသမျှ hacking နည်းလေးတွေ hacking
Tools တွေကို တင်ပေးသွားမှာပါ။