Sunday, March 10, 2013

Windows 8 မှာ မြန်မာစာ အဆင်ပြေပြေဖတ်မယ်.......





Windows 8 ထွက်လာပါပြီ ၊ ကျွန်တော် စ ပြီးသုံးကြည့်ပါတယ် အရမ်းမိုက်တယ်ဗျာ windows 7 က လေးတယ် windows 8 လေးကတော့ တော်တော်လေးကို သွက်လာတယ်၊စက်ပူတာတွေ
ပန်ကာသံတွေ သိပ်မထွက်လာတော့ဘူး၊နောက်ပီး အဖွင့်အပိတ် တော်တော်မြန်တယ်။ကျွန်တော်
တော်တော်ကို သဘောကြသွားတာပေါ့ဗျာ..................

အဲ...... အဲဒီမှာပြသာနာက စပြီ windows 8 မှာ သူ့ရဲ့ မြန်မာဖောင့် အလိုလိုပါပြီးသားကြီးက
တော်တော်ကို ကိုးရိုးကားရားပေါ်လာတယ်၊ :P gtalk မှာ zawgyi ပြောင်းပေးတယ် ဒါပေမယ့်
မရဘူး၊ချစ်သူလေးနဲ့ ချက်တင်ထိုင်တော့မယ်ဆို karoolark ကိုပြေးရတယ် :P

ဒါနဲ့ ရှာရင်းဖွေရင်းနဲ့ ဒီနည်းလေးကိုတွေ့လာတယ် တော်တော်လေး အဆင်ပြေပါတယ်၊အရင်လိုဘဲပေါ့
regedit ကို ပြင်ရတော့မယ်............

(1) Run( win key + R) => run box လေး ကျလာပါပြီ အဲထဲမှာ regedit လို့ ရိုက်ထည့်လိုက်
ပထမ ဆုံး အန္တရယ်ကင်းအောင် backup လုပ်မယ် ဘယ်ဘက်အပေါ်က File ဆိုတာလေးကိုနှိပ်
Export ကိုနှိပ် နာမည် တစ်ခုခုပေးပြီး save လိုက်ပါ၊
(2) HKEY_LOCAL_MACHINE ထဲကိုဝင် Software ထဲကိုဝင် Miscrosoft ထဲကို ထပ်ဝင်ပါ


Windows NT ဆိုတာထဲကို ထက်ဝင်လိုက်ပါ၊နောက်ပီး CurrentVersion ဆိုတာထဲဝင်လိုက်ပါ


Font ဆိုတဲ့ ပာာထဲကို ထပ်ဝင်လိုက်ပါ ပြင်ရတော့မယ့်နေရာ ရောက်ပီနော် သေချာကြည့်ပေးပါ

ညာဘက်အကွက်မှာ Myanmar Text(True Type) ဆိုတာ ရှိပါတယ် ရွှေးပြီး ကလစ်နှစ်ချက်နှိပ်လိုက်ပါ
ပေါ်လာတဲ့ Myanmar Text ဆိုတဲ့ အကွက်အောက်က mmrtext.ttf ဆိုတာလေးရဲ့ ရှေ့မှာ ---- လေးတွေထည့်လိုက်ပါ ဒီလိုဖြစ်သွားလိမ့်မယ် ----mmrtext.ttf (windows က နဂိုပါလာတာတဲ့font ကို မသိအောင်လုပ်တဲ့သဘောပါ)

နောက်ပြီး OK ပေးလိုက်ပါ၊နောက်ထပ် Fonts ဆိုတဲ့အောက်က FontSubstitutes ဆိုတဲ့ပာာလေးကို ကလစ်ပေးပါအုန်း ...........



နောက်ပီး ညာဘက်က ကွက်လပ်အလွတ်မှာ right click နှိပ်ပြီး New => String Value ဆိုတာ ကိုနှိပ်
Myanmar Text လို့ နာမည်ပေးပြီး အဲဒီ Value အကွက်ကလေး ကလစ်နှစ်ချက်ပေးပြီး
Zawgyi-One လို့ ပြောင်းပြီး OK လုပ်လိုက်ပါ၊နောက်ပီး restart ချလိုက် ပြန်တတ်လာရင် အကုန် လုံး ဇော်ဂျီလေးနဲ့အဆင်ပြေပြေဖြစ်သွားပါပြီ၊

Gtalk အတွက်ကတော့ settings => change font => zawgyi-one




ကဲ.............အဆင်ပြေသွားပြီ...... နောက်ဆုံးပေါ် windows 8 ဗားရှင်းလေးကို မြန်မာစာလေးကောင်းကောင်းမွန်မွန်နဲ့အဆင်ပြေသွားပြီ :D

Wednesday, March 6, 2013

ကွန်ပျူတာကို အရမ်းလန်းစေမယ်...................





ကဲ အပေါ်ကလို အလန်း လုပ်လို့ရတယ် ...........အရင်ဆုံး Themes တွေထည့်ရမှာပေါ့ Themes ကိုတော့Download!!!!!!!!!!!!!!!!!   ဆွဲလိုက်ဗျာ
ပြီးရင် ရလာတဲ့ ပာာကို zip ဖြည်ပြီး Themes  ဆိုတဲ့ ဖိုဒါထဲက ဖိုင်လေးတွေကို
C:\Windows\Resources\Themes ကိုသွားပြီးထည့်လိုက်၊
အဲမေ့နေလို့ အောက်မှာတင်ပေးမယ့်UltraUXThemePatcher 2.0 ကို Themesတွေမထည့်ခင် install လုပ်လိုက်ပါအုန်း UltraUXThemePatcher 2.0 ကိုတော့ Download!!! အိုကေပြီဗျာ
အကုန်လုပ်ပြီးသွားရင် Theme ပြောင်းဖို့ Desktop ပေါ်မှာ right click ပြီးတော့ personalize ဆိုတာနှိပ်ပြီး ကိုယ့် တင်ထားတဲ့ Themesလေးတွေကို ပြောင်းပေးလိုက်ပါ၊

ကဲ အလင်းပေါက်ဖြစ်ဖို့တော့ ဒီက Tools တွေကို သုံးဗျာ Download!!!

အဆင်ပြေပါစေဗျာ.............


Sunday, March 3, 2013

အချစ်ရေးအတွက် ဗေဒင်ဆော့ဝဲလ်လေးပါ........



 ကျွန်တော် က ဗေဒင်တွေဘာတွေ သိပ်သတိမထားမိပါဘူး
တားရော့ တော့နည်းနည်းလေး  စိတ်ဝင်စားတယ်၊အယ် ဖုန်းထဲမှာ
တွက်တဲ့ဗေဒင်ဆိုပိုတောင် စိတ်မ၀င်စားသေးတယ်.............

ဒါပေမယ့် အခု ပာာလေးကို စမ်းကြည့်တော့ အကုန်လုံးမှန်နေလို့ပါ၊ကျွန်တော် တော်တော်လည်း အံ့သြော်သွားတယ် နောက်ပီး တကယ်လည်း လေးစားသွားတယ်

ဒါနဲ့ ကျွန်တော် တင်ပေးလိုက်တာပါ........... ဘေးက ကျွန်တော့်နဲ့ကျွန်တော် ချစ်သူနဲ့အတွက် တွက်ထားတာပါ
100%မှန်ပါတယ်........
           
                    Download!!!!!!!!


ချစ်သူတိုင်း ကိုချစ်တဲ့လူနဲ့ပေါင်းဖက်ရပါစေဗျာ ......... ယောက္ခမ ဆွေမျိုး ဂုဏ်ဒြပ် စီးစိမ် တွေရဲ့ နှောက်ယှက်
မှုကလည်း လွှတ်ကင်းပါစေ~~