Wednesday, November 2, 2011

Mark Zuckerberg သို့မပာုတ် ကမ္ဘာကျော် လူမှုကွန်ရပ်ဖန်ဆင်းရှင် ...

အမည်- Mark Zuckerberg
မွေးနှစ်-မေ 14၊1984ခုနှစ်
မွေးရပ်-အမေရီကန်နိုင်ငံ၊နယူးယောက်ပြည်နယ်၊
နေရပ်xကယ်လီဖိုးနီးယားပြည်နယ်၊ပလိုအယ်တိုမြို့
အလုပ်-facebook အမှုဆောင်အရာရှိချူပ် နှင့် ဥက္ကဠ
ကြွယ်ဝမှု-2011 ခုနှစ်အတွင်း သူဧ။်ကြွယ်ဝမှုမှာ ကန်ဒေါ်လာ13.5 ဘီလီယံ
 ဆုရရှိမှု-တိုင်းမဂ္ဂဇင်းကပေးသော Person of the Year ဆုကို 2010 တွင်ရရှိ

      အမေရိကန်နိုင်ငံက ကွန်ပျူတာ ပရိုဂရမ်မာ တစ်ဦးလည်းဖြစ် အင်တာနက် ဆိုင်ရာ စွန့်ဦးတီထွင်သူ တစ်ဦးလည်းဖြစ်သော Mark Zuckerberg ကို မေ 14၊1984ခုနှစ်တွင် အမေရီကန်နိုင်ငံ၊နယူးယောက်ပြည်နယ်တွင်မွေးဖွားခဲ့ပါတယ် ၊သူပာာ နာမည်ကျော် လူမှုကွန်ရပ်ဖြစ်တဲ့ facebook ကို တည်ထောင်ခဲ့သူပါ၊2004 ခုနှစ်မှာ ပာားဗက်တက္ကသိုလ်မှာကျောင်းတတ်နေစဉ်အတွင်း facebook ကိုတည်ထောင်ခဲ့တာဖြစ်ပြီး အတန်းဖော်များဖြစ်သော Dustin Moskovitz / Eduardo Saverin /Chris Hughes တို့နဲ့အတူတည်ထောင်ခဲ့တာဖြစ်ပါတယ်။
      Mark Zuckerberg ပာာ ငယ်စဉ်ကျောင်းသားဘ၀ ကတည်းက သချာင်္၊ရူပဗေဒ နဲ့ နက္ခတ္တဗေဒ တို့မှာထူးချွန်ခဲ့ပါတယ်၊ဒါ့အပြင် ပြင်သစ်၊ပီားဗရှု၊လက်တင် နဲ့ ရှေး ဂရိ ဘာသာစကားတို့ကိုရေးနိုင်ဖတ်နိုင်တဲ့ထိ ထူးချွန်ပါတယ်။သူရဲ့မိဘ များကတော့ စိတ်ရောဂါအထူးကု ဆရာဝန် Karen နဲ့သွားဆရာဝန် Eduard Zuckerberg တို့ဖြစ်ပြီး သူ့မှာ ညီမသုံးယောက်ရှိပါတယ်။
      Mark Zuckerbergပာာ အလယ်တန်းကျောင်းသားဘ၀ကတည်းက  ကွန်ပျူတာ နဲ့ထိတွေ့ခဲ့တာဖြစ်ပြီး အဲဒီအချိန်အေတော်အတွင်းမှာဘဲ ဆော့ဝဲလတွေကိုရေးဆွဲခဲ့ပါတယ်၊သူ့ရဲ့အဖေပာာ 1990 ခုနှစ် အတွင်းAtari BASIC Programming ဘာသာရပ်ကို သင်ကြားပေးခဲကပါတယ် ၊ထိုနောက် ဆောဝဲလ် ပညာရှင်တစ်ဦးဖြစ်တဲ့David Newman ဆိုသူကို သူ့၇ဲ့ ဖခင်က ငှား၇မ်းပေးခဲ့ပါတယ်၊ Mark Zuckerberg ပာာငယ်စဉ်ကတည်းက ပရိုဂရမ် ရေးဆွဲခြင်းကို နှစ်သက်ခဲ့သူဖြစ်ပါတယ်။
      သူရဲ့ပထမဦးဆုံး ဆော့ဝဲလ်က တော့ သူ့ အဖေရဲ့ သွားဖက်ဆိုင်ရာ အတွက် ဖြစ်ပြီး ZuckNet လို့ အမည်မှည့်ခေါ်ထားပါတယ်၊အထက်တန်းကျောင်းသား ဘ၀မှာတော့ Zuckerberg ပာာ Intelligent Media Group ကုမ္မဏီ ရဲ့လက်အောက်မှာ Synapse Media Player လို့ခေါ်တွင်တဲ့ artificially intelligent media player ကိုတည်ထွင်ခဲ့ပါတယ်၊ဒီဆော့ဝဲလ်ပာာ သီချင်းနားထောင်သူတွေရဲ့ နားထောင်မှုဆိုင်ရာ စွမ်းရည်ကို လေ့လာနီုင်ဖို့ အထောက်အကူပြုပါတယ၊်ဒီဆော့ဝဲလ် ပာာ PC မဂ္ဂဇင်း မှာ အဆင့်သုံးရရှိခဲ့ပါတယ်၊မိုက်ကရိုဆော့ နဲ့ AOLတို့က Synapseကိုဝယ်ယူဖို့အတွက် Zuckerberg ကိုခေါ်ယူဖို့ကြိုးစားခဲ့ပါတယ်၊ဒါပေမယ့် သူ ပာာ ပာားဗက် တက္ကသိုလ် တတ်ရောက်ရန်အတွက် ဒီအခွင့်ရေးကို လက်လွတ်ခဲ့ပါတယ်၊2002 မှာ ပာားဗက် ကိုတတ်ရောက်ပညာသင်ယူခဲ့ပါတယ် ၊2004  ဖေဖော်ဝါရီလ 4 ရက်နေ့မှာတော့ Zuckerberg ပာာ facebook လို့ခေါ်တဲ့ လူမှုကွန်ရပ်ကို ပာားဗက် တက္ကသိုလ်ဝင်းအတွင်းရှိ ၄င်းကောင်းရဲ့ အိပ်ဆောင် မှစတင်ဖြန့်ချိလိုက်ပါတယ်။
    လက်ရှိအခြေအနေမှာတော့ လူငယ် ဘီလီယံနာတစ်ယောက်ဖြစ်တဲ့ အပြင် သူ့ရဲ့ www.facebook.com ပာာလည်း အအောင်မြင်ဆုံး လူမှုကွန်ရပ်ဖြစ်နေပါတယ်၊
                       

No comments:

Post a Comment