Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Saturday, December 6, 2014

Internet Data plan များနှင့် သုံးစွဲမှုများ..............

 မင်္ဂလာပါ ... ကျွန်တော် သိသမျှလေးတွေပါ  ဆိုတဲ့ကျွန်တော် ဘလော့လေးမှာ စာတွေမတင်ဖြစ်တာတောင်အတော်ကြာသွားပြီ ဟုတ်ပါတယ် ကျွန်တော် မတင်ချင်လို့မဟုတ်ပါဘူး အခုတလောပိုင်းမှာကျွန်တော် အင်တာနက် ကွန်တတ်ရှင် အခက်ခဲလေးရှိနေလို့ပါ
နှစ်တွေတောင်ကြာသွားပြီဗျာ....... sorry ပါ ကျွန်တော် တို့နယ်မှာ အင်တာနက်ကတကယ်ကိုလိုင်း
ဆိုးဝါးလို့ပါ အခုတော့ Telenor လေးနဲ့ ဘလော့တွေပြန်ရေးပါတော့မယ်

လေရှည်တာ နည်းနည်းများသွားပြီ အခုကျွန်တော် mobile internet plan တွေနဲ့ပတ်သတ်ပြီးဖတ်ထား
သမျှလေးပြန် share ပါ့မယ်







Email 


Email သည် mobile phone များပေါ်တွင် သုံးစွဲမှုအများဆုံးဖြစ်သည်၊သို့သော် Data သုံးစွဲမှုနည်းပါသည်။ဓာတ်ပုံ ဗီဒီယို နှင့် တခြားဖိုင်တွဲများ မပါဝင်သော Email မြောက်များစွာကို
Data သုံးစွဲမှုအနည်းငယ်ဖြင့်ပို့နိုင်သည်
ဥပမာ- တစ်လလျှင် အီမေးလ် အစောင်ရေ 5000 ခန့်ပေးပို့သည်အခါ 100MB သာကုန်မည်
ဖြစ်ပြီး အခြားသော ဖိုင်တွဲများ ပါဝင်လျှင် ပါဝင်သလောက် Data သုံးစွဲမှုနှုန်းများမည်ဖြစ်သည်။


Web browing

အင်တာနက်စာမျက်နှာများ လှည့်လှည့်ကြည့်ရှုခြင်းသည် web page များအပေါ်မှုတည်ကာ ကွာခြားမည်ဖြစ်သည်၊multimedia feature အနည်းငယ်သာပါဝင်သော website များကိုကြည်
ရှုလျှင် ၁လလျှင် 100MB မျှသာကုန်ကြမည်ဖြစ်ပြီး၊ multimedia feature များ ပါဝင်သော် web page ကြီးများကြည့်ရှုလျှင် ၁လလျှင် 1GB ခန့်ကုန်ကျမည်ဖြစ်သည်။

Social Media

Facebook / twitter များ ကို ပုံအနည်းငယ်သာ အသုံးပြုလျှင် တစ်လ လျှင် 100MB ခန့်ကုန်ကျမည်ဖြစ်ပြီး၊တစ်နေ့ဓာတ်ပုံ ဆယ်ပုံအသုံးပြုပါက တစ်လလျှင် 400MB ခန့်ကုန်ကျမည်ဖြစ်သည်

Downloading Apps/Musics/Videos

Data သုံးစွဲမှုအများအပြားဖြစ်စေသော အကြောင်းအရင်းတစ်ရက်ဖြစ်သည် မိမိ အသုံးပြုသော ဖိုင်ဆိုဒ်အပေါ်မှုတည်ကွာခြားမည်၊ထိုကြောင့် App update လုပ်ခြင်း သီချင်း ဗီဒီယိုများ ဒေါင်း
ခြင်းကို Wifi ဖြင့်သာအသုံးပြုသင့်သည်။

Viber

မြန်မာပြည်ရဲ့ မင်းသားလာပါပြီ :P viber ဖြင့်ဖုန်းခေါ်ဆိုမှုသည် တစ်မိနစ်လျှင် 240kb ၀န်းကျင်သာကျသင့်မည်ဖြစ်ပြီး တစ်နာရီလျှင် 14MB ခန့်သာကျသင့်မည်ဖြစ်သည်၊viber
message ပေးပို့ရာတွင် အင်္ဂလိပ်စာလုံး 500 လျှင်  828bytes သာကုန်ကျသည်ဖြစ်ပြီး
1KB သည် Viber messages 5 စောင်ပေးပို့ခြင်းနှင့်ညီမျှသည်။

Streaming music

 Online ပေါ်တွင် သီချင်းနားထောင်ခြင်းသည် Data သုံးစွဲမှုကို များပြားစေသည် နေ့စဉ် ရုံးချိန်အတွင်း အွန်လိုင်းပေါ်မှ သီချင်းများနားထောင်ပါလျှင် တစ်လလျှင် 6GB အထိကျသင့်နိုင်ပြီး တစ်နေ့လျှင်တစ်
နာရီခန့် အွန်လိုင်းပေါ်တွင်သီချင်းများ နားထောင်လျှင် တစ်လ 1GB ခန့်ကျသင့်မည်ဖြစ်သည်။

Streaming movies

အင်တာနက်ပေါ်တွင် videos ကြည့်ခြင်းသည်လည်း Data သုံးစွဲမှုကိုများပြားစေသည်၊တစ်နေ့လျှင် Netflix
မှ မိနစ်သုံးဆယ်စာ videos တစ်ခု ကိုကြည့်ရှုလျှင် တစ်လလျှင် 2GB ခန့်ကုန်ကျနိုင်ပြီး တစ်နေ့လျှင် ရုပ်ရှင်တစ်ကားနှုန်းကြည့််ရှုပါက တစ်လလျှင် 5GB နှင့် 10GB ကြားကုန်ကြနိုင်သည်၊ထိုကြောင့်သီချင်းနားထောင်ခြင်း ဗီဒီယိုကြည့်ခြင်းကို Wifi ဖြင့်သာပြုလုပ်သင့်သည်။



Internet Journal မှ ကူးယူတင်ပြပါသည်၊ Ooredoo နှင့် Telenor Data ကောက်ခံခြင်းစနစ်ကိုအာမမခံနိုင်ပါ
Data တွေပိုကုန်ကျခဲ့လျှင်ကျွန်တော်ကိုမဆဲနဲ့နော် :P

Tuesday, June 4, 2013

Facebook Home ဆိုသည်မှာ

နာမည်ကျော် လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ facebook ဟာ android user တွေအတွက်
user interface ပြောင်းလဲ တဲ့ facebook Home  ကို မကြာသေးမီက မိတ်ဆက်
လိုက်ပါတယ်၊facebook Home ဟာ လှပ သတ်ရပ် တဲ့ UI ပါဝင်တယ်လို့ဆိုပါတယ်၊

facebook ရဲ့ အမှုဆောင် အရာရှိ Mark Zuckerberg က တော့ Facebook Home
ဟာ android ရဲ့ interface ပေါ်မှာ facebook notification များ messages
များကို ဖော်ပြနိုင်တဲ့ app Launcher interface ဖြစ်တယ်လို့ဆိုပါတယ်

ပါဝင်တဲ့ feature တွေကတော့

Cover Feed

Facebook Home အသုံးပြုထားတဲ့ ဖုန်းကို ဖွင့်လိုက်တဲ့အခါမှာ Lock screen နဲ့ home screen
မှာ cover feed လို့ ခေါ်တဲ့ အရာကို default အနေနဲ့တွေ့ရမှာပါ၊cover feed ဟာ news feed
ပါဘဲ၊သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ စာတွေနဲ့share ပြုလုပ်ထားတဲ့အရာတွေကိုတွေ့ရမှာပါ၊
သူငယ်ချင်းတွေရဲ့ status တွေကို like လုပ်လိုပါက Phone screen ပေါ်မှာ နှစ်ချက်နှိပ်လိုက်ရုံနဲ့ပြုလုပ်နိုင်မယ်လို့ဆိုပါတယ်
မကောင်းတာ တစ်ခုကတော့ cover feed ဟာ သူငယ်ချင်းများရဲ့ အရေးကြီး status updates တွေကိုသာဖော်ပြတာကြောင့်
တချို့ status တွေမပေါ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။

Notifications

Facebook Home ဟာ notifications တွေကိုလည်းဖော်ပြပါတယ် Home screen ပေါ်ကအခြားသော
app တွေက update တွေပါဝင်ပါတယ် နောက်မှကြည့်ရူလိုတဲ့ notifications တွေကိုရွှေးချယ်ထားနိုင်ပါသတဲ့၊
HTC first မှာတော့ Noti တွေကို ပြည့်ပြည့်စုံစုံမြင်နိုင်တယ်လို့ဆိုပါတယ်၊HTC first အကြောင်းကိုနောက်
ပို့စ် တစ်ခုမှ ရေးပေးပါမယ်၊

Chat Heands and messaging

Facebook Home မှာ ပါဝင်တဲ့ feature များထဲမှာ အကောင်းဆုံးနဲ့ အသုံးအ၀င်ဆုံး
feature ဖြစ်ပါတယ်၊facebook က messages တွေကို တခြား run နေတဲ့
app တွေပေါ်မှာ ဖော်ပြနိုင်ပါတယ်၊ ဒါကြောင့် ဂိမ်းဆော့နေရင်းဘဲဖြစ်ဖြစ် သီချင်းနားထောင်နေရင်း
ဖြစ်ဖြစ် ဇာတ်လမ်းတစ်ခုခုကြည့်နေရင်းဖြစ်ဖြစ် လုပ်နေတဲ့အလုပ်ကိုထွက်ပြီး messages ပြန်ပို့
စရာမလိုပါဘဲ pop-up icon ကနေ SMS နဲ့ facebook messages တွေကို ဖတ်
နိုင် ပြန်နိုင်မှာပါ၊

App Launcher

Facebook Home မှာ app launcher တစ်ခုလည်းပါဝင်လာပါတယ်
ဒီ feature ဟာတခြားသော app တွေကိုဖော်ပြပေးမယ့် feature ပါ

Facebook Home ကို android Os မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ ဘယ်လိုမျိုး install လုပ်ရ
လဲဆိုတာတော့ ကျွန်တော် နောက်ပို့စ် တစ်ခုရေးပေးပါ့မယ်၊ facebook ကို တရားဝင်ထည့်သွင်းဖြန့်ချိထား
တာကတော့ HTC First ဘဲဖြစ်ပါတယ်

Sunday, March 10, 2013

Windows 8 မှာ မြန်မာစာ အဆင်ပြေပြေဖတ်မယ်.......





Windows 8 ထွက်လာပါပြီ ၊ ကျွန်တော် စ ပြီးသုံးကြည့်ပါတယ် အရမ်းမိုက်တယ်ဗျာ windows 7 က လေးတယ် windows 8 လေးကတော့ တော်တော်လေးကို သွက်လာတယ်၊စက်ပူတာတွေ
ပန်ကာသံတွေ သိပ်မထွက်လာတော့ဘူး၊နောက်ပီး အဖွင့်အပိတ် တော်တော်မြန်တယ်။ကျွန်တော်
တော်တော်ကို သဘောကြသွားတာပေါ့ဗျာ..................

အဲ...... အဲဒီမှာပြသာနာက စပြီ windows 8 မှာ သူ့ရဲ့ မြန်မာဖောင့် အလိုလိုပါပြီးသားကြီးက
တော်တော်ကို ကိုးရိုးကားရားပေါ်လာတယ်၊ :P gtalk မှာ zawgyi ပြောင်းပေးတယ် ဒါပေမယ့်
မရဘူး၊ချစ်သူလေးနဲ့ ချက်တင်ထိုင်တော့မယ်ဆို karoolark ကိုပြေးရတယ် :P

ဒါနဲ့ ရှာရင်းဖွေရင်းနဲ့ ဒီနည်းလေးကိုတွေ့လာတယ် တော်တော်လေး အဆင်ပြေပါတယ်၊အရင်လိုဘဲပေါ့
regedit ကို ပြင်ရတော့မယ်............

(1) Run( win key + R) => run box လေး ကျလာပါပြီ အဲထဲမှာ regedit လို့ ရိုက်ထည့်လိုက်
ပထမ ဆုံး အန္တရယ်ကင်းအောင် backup လုပ်မယ် ဘယ်ဘက်အပေါ်က File ဆိုတာလေးကိုနှိပ်
Export ကိုနှိပ် နာမည် တစ်ခုခုပေးပြီး save လိုက်ပါ၊
(2) HKEY_LOCAL_MACHINE ထဲကိုဝင် Software ထဲကိုဝင် Miscrosoft ထဲကို ထပ်ဝင်ပါ


Windows NT ဆိုတာထဲကို ထက်ဝင်လိုက်ပါ၊နောက်ပီး CurrentVersion ဆိုတာထဲဝင်လိုက်ပါ


Font ဆိုတဲ့ ပာာထဲကို ထပ်ဝင်လိုက်ပါ ပြင်ရတော့မယ့်နေရာ ရောက်ပီနော် သေချာကြည့်ပေးပါ

ညာဘက်အကွက်မှာ Myanmar Text(True Type) ဆိုတာ ရှိပါတယ် ရွှေးပြီး ကလစ်နှစ်ချက်နှိပ်လိုက်ပါ
ပေါ်လာတဲ့ Myanmar Text ဆိုတဲ့ အကွက်အောက်က mmrtext.ttf ဆိုတာလေးရဲ့ ရှေ့မှာ ---- လေးတွေထည့်လိုက်ပါ ဒီလိုဖြစ်သွားလိမ့်မယ် ----mmrtext.ttf (windows က နဂိုပါလာတာတဲ့font ကို မသိအောင်လုပ်တဲ့သဘောပါ)

နောက်ပြီး OK ပေးလိုက်ပါ၊နောက်ထပ် Fonts ဆိုတဲ့အောက်က FontSubstitutes ဆိုတဲ့ပာာလေးကို ကလစ်ပေးပါအုန်း ...........



နောက်ပီး ညာဘက်က ကွက်လပ်အလွတ်မှာ right click နှိပ်ပြီး New => String Value ဆိုတာ ကိုနှိပ်
Myanmar Text လို့ နာမည်ပေးပြီး အဲဒီ Value အကွက်ကလေး ကလစ်နှစ်ချက်ပေးပြီး
Zawgyi-One လို့ ပြောင်းပြီး OK လုပ်လိုက်ပါ၊နောက်ပီး restart ချလိုက် ပြန်တတ်လာရင် အကုန် လုံး ဇော်ဂျီလေးနဲ့အဆင်ပြေပြေဖြစ်သွားပါပြီ၊

Gtalk အတွက်ကတော့ settings => change font => zawgyi-one




ကဲ.............အဆင်ပြေသွားပြီ...... နောက်ဆုံးပေါ် windows 8 ဗားရှင်းလေးကို မြန်မာစာလေးကောင်းကောင်းမွန်မွန်နဲ့အဆင်ပြေသွားပြီ :D

Wednesday, March 6, 2013

ကွန်ပျူတာကို အရမ်းလန်းစေမယ်...................





ကဲ အပေါ်ကလို အလန်း လုပ်လို့ရတယ် ...........အရင်ဆုံး Themes တွေထည့်ရမှာပေါ့ Themes ကိုတော့Download!!!!!!!!!!!!!!!!!   ဆွဲလိုက်ဗျာ
ပြီးရင် ရလာတဲ့ ပာာကို zip ဖြည်ပြီး Themes  ဆိုတဲ့ ဖိုဒါထဲက ဖိုင်လေးတွေကို
C:\Windows\Resources\Themes ကိုသွားပြီးထည့်လိုက်၊
အဲမေ့နေလို့ အောက်မှာတင်ပေးမယ့်UltraUXThemePatcher 2.0 ကို Themesတွေမထည့်ခင် install လုပ်လိုက်ပါအုန်း UltraUXThemePatcher 2.0 ကိုတော့ Download!!! အိုကေပြီဗျာ
အကုန်လုပ်ပြီးသွားရင် Theme ပြောင်းဖို့ Desktop ပေါ်မှာ right click ပြီးတော့ personalize ဆိုတာနှိပ်ပြီး ကိုယ့် တင်ထားတဲ့ Themesလေးတွေကို ပြောင်းပေးလိုက်ပါ၊

ကဲ အလင်းပေါက်ဖြစ်ဖို့တော့ ဒီက Tools တွေကို သုံးဗျာ Download!!!

အဆင်ပြေပါစေဗျာ.............


Thursday, February 28, 2013

Android ပေါ်မှာ PS1 ဂိမ်းဆော့မယ်............

cracked app လေးပေးထားတယ်ဗျာ............ PS1 Emu cracked= download

ပထမဆုံးဆော့ဖို့ အတွက် sd card ထဲမှာ PS1 ဆိုတဲ့ နာမည် နဲ့ ဖိုဒါလေး ဆောက်လိုက်ပါ နောက်ပီး
ဒေါင်းလုပ် ဆွဲထားတဲ့ ဖိုင်နှစ်ဖိုင်လုံးကို အဲထဲမှာ ဖြည်လိုက်ပါ

app ကို install လုပ်လိုက်ပါ၊မေးသမျှကို yes ဖြေ လိုက်ဗျာ ပြီး ရင် sd card ဆိုတာကို ရွှေးပြီး အဲထဲက
PS1 ဖိုဒါလေး ထဲက SCPH1001.BIN ကိုရွှေးပေးလိုက်ဗျာ

ဒါဆိုရပြီ roms တွေကို ဒီမှာdownload

နောက်ပီး sd crad ထဲက PS1 ဖိုဒါ ထည့်လိုက်ပေါ့ SCPH1001.BIN ကိုရွှေးပြီးပြီဆိုရင်တော့ rom လေးပေါ်လာပြီ နှိပ်လိုက် စဆော့လို့ရပီ

အဲ ..... ပြသာနာတစ်ခုက cracked version က ကီးပက်တွေကြီးနေတာ L1 R1 မပါတာဖြစ်တတ်တယ်

အဲဒီပြသာနာကို ဒီလိုရှင်းမယ်ဗျာ

menu ခလုပ်နှိပ်လိုက်ဗျာ ဒါမှမပာုတ် ထွက်တဲ့ back ခလုပ်ကို နှိပ်လိုက်
settings သို့ မပာုတ် config ကို နှိပ်လိုက် နောက်ပီး Game pad ကိုရွှေးလိုက်
နောက်ပီး overlay pad ဆိုတာထပ်ရွှေးပါ အဲဒီထဲမှာ pad size နဲ့ set or unset buttons
ဆိုတာရှိတယ် အဲဒီထဲကို ၀င်ပြီး လိုသလိုပြင်လိုက်ပါ..........

ဒါက စိုက်ပျိုးရေး roms လေးပါ download

PSP ဂိမ်းတွေတောင် android ပေါ်မှာ ဆော့လို့ရပီလို့ကြားတယ် ကျွန်တော် စမ်းပြီး အောင်မြင်ရင် တင်ပေးလိုက်မယ်ဗျာ .......




ပေါ့ပါးပြီးသုံးရလွယ်တဲ့ IObit Malware Fighter anti-virus......

crack နဲ့ pro key ပါထည့်ပေးထားပါတယ်.........

crack ကို C:\Program Files\IObit\IObit Malware Fighter

အောက်က IMF နေရာမှာ copy and paste လုပ်ပြီး

upgrade နေရာမှာ pro key ထဲက တစ်ခုထည့်ပေးလိုက်ပါ.....


Iobit directdownload.......

crack= crack and pro key


Saturday, January 26, 2013

ကျွန်တော်ရဲ့ ဘလော့လေးကို သူငယ်ချင်းတို့ရဲ့ android ဖုန်းပေါ်မှာ ဖတ်လို့ရပါပြီ.....


ကျွန်တော်သိသမျှလေးတွေပါ ဆိုတဲ့ကျွန်တော့် ဘလော့ လေးကို android ဖုန်းပေါ်ကနေ ဖတ်လို့ရပါပြီ

ဒီမှာ ဒေါင်းလုပ်လုပ်လိုက်ပါ.......

Friday, November 2, 2012

Files and Folder ကို Delete လုပ်တဲ့အခါမှာ ဖျက်မှာသေချာလားဆိုပြီးမေးတဲ့ massage box ကို ဖျောက်ကြည့်မယ်............



ကျွန်တော် ဘလော့ ပို့စ် မတင်မိတာလည်းကြာပါပီ၊ကျွန်တော် ကျောင်းကိစ္စတွေရော ရည်းစားစီသွားသွားတွေ့နေရတာရော :) အင်တာနက် မရှိတာရောကြောင့်ပါ
ဒါပေမယ့် အခု ကျွန်တော် ပို့စ် မှန်မှန် ပြန်တင်ပေးပါ့မယ်၊ကျွန်တော် စာတွေ မရေးဘဲ အကြားကြီးထားခဲ့မိတဲ့အတွက်လည်း တောင်းပန်ပါတယ်၊လာလည်တဲ့လူ
တွေလည်းကျေးဇူးတင်ပါတယ်၊အခု ကျွန်တော်ပြောပြမယ့် နည်းလေးကတော့ ကျွန်တော်တို့ files တွေမလိုချင်တော့လို့ဖျက်(delete)လုပ်တဲ့အခါမှာ ဖျက်မှာ
သေချာလားလို့မေးတဲ့ massage box ကို ဖျောက်မယ့် နည်းလေးပါ၊ပထမဆုံး Recycle Bin ကို right click နှိပ်လိုက်ပါ နောက်ပီး propreties ကို နှိပ်ပါ
display delete configuration dialog ဆိုတဲ့စာတမ်းလေးကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ နောက်ပီးရင် apply နှိပ် ok လုပ်လိုက်ရင် ရပါပီ.............


သူများတွေမမြင်အောင် ပုံပြောင်း ဖျောက်မယ်..........

ကျွန်တော်တို့ ဒီတစ်ခေါက် ဖိုင်လေးတွေကို တခြား program လေးတွေအဖြစ်နဲ့ဖွက်ထားရအောင်၊ဖိုင်လေးတွေကလည်း ဖွက်ထားဖို့လိုတာကိုးဗျ၊ကျွန်တော်ဆို hidden လုပ်ထားလို့လည်း
မရဘူး hidden ဘယ်လိုဖော်ရတယ်ဆိုတာ ကျွန်တော် ညီရော၊အစ်ကိုတွေရော၊အစ်မတွေရော........ပီားးပီားး ရည်းစားကအစသိတယ်၊password ပေးထားပြန်တော့လည်း ဇွတ်ပြောခိုင်း
တာ.........:) ကဲထားလိုက်ပါတော့ ကျွန်တော်လိုလူတွေအတွက် ဒီနည်းက အသုံးဝင်ဆုံးဘဲ ကျွန်တော်ရည်းစားတော့မသိစေနဲ့ဗျာ :)

အရေးကြီးဆုံးလိုတာက winrar ဆိုတဲ့ ဖိုင်ချူံ့ချဲဆော့ဝဲလ်လေးဗျ၊မရှိရင် ဒီမှာ ဒေါင်းလုပ် လုပ်လိုက်ဗျာ
စလုပ်ကြည့်ရအောင် new folder တစ်ခုဆောက်လိုက်ပါ ၊အဲ Folder ထဲကို သူငယ်ချင်းတို့ ဖွက်ချင်တဲ့ ပိာုဖိုင် ဒီဖိုင် ပိာုပုံ ပိာုmovie တွေကိုကော်ပီထည့်လိုက်ပါ :)
နောက်ပီး အဲ ဖိုဒါလေးကို ကလစ်ထောက်ပီး F2 နှိပ်လိုက်ပါ၊ဒါမှမပာုတ် properties ကို right click နှိပ်ပီး rename နှိပ်လိုက်ပါ(rename နဲ့F2 က အတူတူဘဲဗျ)
နောက်ပီး အောက်က My Computer.{20D04FE0-3AEA-1069-A2D8-08002B30309D} ကို copy လုပ်ပီး past လုပ်ထည့်ပေးလိုက်ပါ ပောာ ကျွန်တော်တို့ရဲ့
Folder လေး My Computer ပုံလေးဖြစ်သွားပီ ၊ကလစ်နှိပ်ဝင်ကြည့်လိုက်ပါအုန်း My Computer ထဲကိုဘဲဝင်သွားတယ်နော်..............ပီားးး ကျွန်တော်တို့ ထည့်ထား
တဲ့ဖိုင်တွေဘယ်ရောက်ကုန်ပီလည်း မပူပါနဲ့ အဲဒီ My Computer လေးကို right click နှိပ်ပီး add to archive.. ဆိုတာလေးနှိပ်ပေးလိုက်ပါ My Computer  နာမည်နဲ့
winrar ဖိုင်လေး တွေ့ရပါလိမ့််မယ် အဲဒီမှာ ကလစ်နှစ်ချက်နှိပ်ဝင်လိုက်ပါ My Computer ဆိုတဲ့ဖိုင်လေးတွေ့ပါလိမ့်မယ် အဲထဲကိုထပ်ဝင်လိုက်
ပောာ.........ကျွန်တော်တို့ဖွက်ထားတဲ့ ဗီဒီယိုတွေတွေ့ပီ အဲ.... ဖိုင်တွေကိုပြောပါတယ်၊ အောက်မှာ ပြောင်းလို့ရမယ့် ကုတ်လေးတွေထည့်ပေးထားတဲ့ပြောင်းကြည့်
ပေါ့နော် အဆင်ပြေပါစေ.................။

PS1 ဂိမ်းတွေ android ပေါ်မှာဆော့ရအောင်.............

ကျွန်တော် အခုပြောပြမယ့် ပာာလေးက သိပြီးသားလည်းဖြစ်ရင်ဖြစ်မှာပါ ၊ဒါပေမယ့် မသိသေးတဲ့လူတွေအတွက် ကျွန်တော် တင်လိုက်တာပါ။

အခု ပထမ ဆုံး သူငယ်ချင်းတို့လုပ်ရမှာက ကျွန်တော် ပေးထားတဲ့ rar ဖိုင်လေးကို ဒေါင်းလုပ်ဆွဲဖို့ပါ
ဒီမှာDownload  လုပ်ပါ၊နောက်ပီး ရင် rar ဖိုင်လေးကို ဖြည်လိုက်ပါ။ အဲထဲမှာ apk ဖိုင်ရယ် bin ဖိုင်ရယ်
rom download ဆိုတဲ့ txt ဖိုင်လေးရယ်ပါပါတယ်၊အဲထဲက apk ဖိုင်လေး ကို ဖုန်းထဲထည့်ပီး install
လုပ်လိုက်ပါ(cracked လေးပါ root လည်းမလိုပါဘူး) နောက်ပီး SD card ထဲမှာ bin ဖိုင်လေးထည့်လိုက်
ပါ၊စောစောက install လုပ်ထားတဲ့ ဆော့ဝဲလ်လေးကို run လိုက်ပါ bin ဖိုင်လေးကို ရွှေးပြီးဖွင့်လိုက်ပါ
ဒါဆိုရပါပီ၊ ဂိမ်း rom တွေကိုတော့
(1)http://www.coolrom.com/roms/psx/

(2)http://www.freeroms.com/psx.htm

အပေါ်က လိပ်စာတွေမှာ ဒေါင်းလိုက်ပါ ၊စိုက်ပျိုးရေးက အရမ်းဆော့လို့ကောင်းတယ်ဗျ၊နောက်ပီး တာဇံ လည်းမိုက်တယ်................ပိာပိာ အဆင်ပြေပါစေဗျာ၊အဆင်မပြေရင်လည်း dead4mm@gmail.com ကို မေးနိုင်ပါတယ်၊ ဂိမ်း pad settings တွေအကြောင်းလည်းရေးမှာပါ၊နောက်ပီး PS1 တွေကို PC ပေါ်မှာ
ဆော့လို့ရတဲ့ EMU တွေအကြောင်းလည်းရေးမှာပါ။

Tuesday, August 14, 2012

linux အနွယ်ဝင် ubuntu အခြေခံ window အသုံးပြုသူများအတွက် Zorin OS 6


 အရင်က Linux တော့သုံးချင်တယ် မသုံးတတ်ဘူးဆိုပီးတော့ အခက်ခဲဖြစ်နေတဲ့
linux စသုံးသူတွေကျွန်တော်တွေ့ဘူးပါတယ်၊ubuntu လို အရမ်းရိုးရှင်းတဲ့ Linux
ကိုတောင် သူတို့တွေမှာ ခက်ခဲရှာပါတယ်၊သူတို့အပြစ်မဟုတ်ပါ ကွန်ပျူတာစကိုင်
ကတည်းက မိုက်ကရိုဆော့ရဲ့ window က ကိုးကွယ်ရာဘာသာတရားတစ်ခုလို
ကပ်ပါလာတာမလို့ပါ၊ကျွန်တော်လည်း Linux ကိုလေ့လာနေတဲ့လူပါ၊တစ်ဆင့်ချင်းလေ့လာနေတာပါ၊အခု
Zorin OS6 က Linux OS တစ်ခုဖြစ်ပြီး Window အသုံးပြုသူတွေကိုအရမ်းအဆင်
ပြေစေမယ့် OS တစ်ခုဖြစ်ပါတယ်.........................
အခြားသော interface တွေကိုလည်းထည့်ပေးထားပါတယ် Zorin Look Changer
မှာ Window XP,Mac OSX,GNOME တို့ကိုရွေးပြီးသုံးနိုင်ပါသေးတယ်၊နောက်ပီး
Zorin OS6 မှာ Chrome browser,LiberOffice,Thunderbird နဲ့ GIMP ကဲ့သို့အသုံး
ဝင်ပရိုဂရမ်များပါဝင်တဲ့အပြင် iTunes အပါအ၀င်window ဆော့ဝဲလ်တွေကိုသုံးနိုင်မယ့်
wine ကဲ့သို့သော Play ONLinux ကိုလည်းထည့်သွင်းပေးထားပါတယ်။Zorin OS6
ကို 32bit/64bit ဆိုပြီး Free ရယူနိုင်ပါတယ်၊အရမ်းနိမ့်တဲကွန်ပျူတာတွေအတွက်လည်း
Lite ဆိုပြီးရယူနိုင်ပါသေးတယ်၊ လေ့လာချင်တဲ့ သူငယ်ချင်းတွေ မြန်မြန်လေးဒေါင်းလုပ်
ဆွဲလိုက်ပါအုန်းနော်............
ဒီမှာဒေါင်းလုပ် ဆွဲလိုက်ပါနော်

Thursday, July 19, 2012

ကွန်ပျူတာ ဒီဇိုင်းလှလှလေးတွေကြိုက်တဲ့ သူငယ်ချင်းတို့အတွက် အရမ်းမိုက်တဲ့ ဆိုဒ်လေးတစ်ခုပါ


ကျွန်တော် အခုတွေ့ထားတဲ့ဆိုဒ်လေးက window ကို ပုံစံလှလှလေးဖြစ်အောင်လုပ်ပေးမယ့် အပေါ်ခွံလေးတွေ ရှိတဲ့ဆိုဒ်ပါ ၊တော်တော်လေးမိုက်ပါတယ် ကျွန်တော်ကတော့ ပုံစံလှလှလေး
ကြိုက်တတ်တဲ့လူဆိုတော့တအားကိုသဘောကျတယ်၊ ပုံစံလှလှသာကြိုက်တာ ကျွန်တော်ရည်း
စားကတော့ရုပ်ဆိုးတယ် (ဟဲဟဲ နောက်တာပါ) ကိုယ့်လှဖို့အရေးကြီးတာနော့ :D..................
ဒီဆိုဒ်လေးမှာရှိတဲ့ skinpack လေးတွေကတော်တော်မိုက်တယ်ဗျာ window ကို ubuntu 11.10/12.4 စတဲ့
ubuntu နဲ့တပုံတည်းတူအောင်လုပ်ထားတဲ့ဟာလည်းရှိတယ်၊android ပုံစံလည်းရှိတယ်၊ကျွန်တော် အခု
ကျွန်တော့်ကွန်ပျူတာမှာတင်ထားတဲ့ဟာကတော့ iOS ပုံစံပေါ့ဗျာ ဟီးးးးးးးးးး
မိုက်တယ်မလား................တခြားမိုက်တဲ့ဟာတွေရှိသေးတယ်ဗျာ
ကဲ သွားကြည့်လိုက်ပါအုန်း.......................ဒီမှာ  ဒေါင်းလုပ် ဆိုဒ်ကတော့ကြီးတယ်ဗျ တစ်ခုကို 41.5mb လောက်ရှိကြတယ်။ ကျွန်တော် ဆုတောင်းပေးနေကြလိုဘဲ အဆင်ပြေပါစေဗျာ :)

Saturday, July 7, 2012

internet speed ကြည့်လို့ရနိုင်မယ့် window7 gadget လေး..........

အင်တာနက်အသုံးပြုသူတိုင်းဟာ ကိုယ့်ရဲ့အင်တာနက်နှုန်းဘယ်
ဘယ်လောက်ရှိလည်းသိချင်မှာပါ.......ကဲ IP တွေကိုတောင်
ကြည့်လို့ရတယ် မိုက်တယ်မလား..................
ဒေါင်းလုပ်ဆွဲချင်ရင်တော့.......ဒီမှာဆွဲပါ

သူ့ရဲ့မှုရင်းဆိုဒ်ကတော့ဗျာ ....http://addgadgets.com/network_meter/

Tuesday, June 26, 2012

Angry Bird အကြောင်းကို ကျွန်တော်သိသမျှလေး..................


စိတ်စိုးနေတဲ့ငှက်ရုပ်လေး ကို မသိတဲ့လူတော့မရှိလောက်ဘူးထင်ပါတယ်၊သူ့ရဲ့လွှမ်းမိုးမှုက အကျီတွေ၊ကျောပိုးအိတ်တွေနဲ့အခြားကုန်ပစ္စည်း ပေါ်မှာရေးထိုးရောင်းလောက်တဲ့အထိကို
အောင်မြင်တာပါ၊ဒီကောင်လေးရဲ့အကြောင်းကို ကျွန်တော် သိသမျှလေးပြောပြချင်ပါတယ်..................

Angry Bird ဂိမ်းပာာ Rovio Mobile က ထုတ်လုပ်တဲ့ puzzle game အမျိုးအစားဖြစ်ပါတယ်၊ဂိမ်းကိုစတင်
ရေးဆွဲချိန်က အက်ပဲ အိုင်အိုအက် ပလက်ဖောင်းအဖြစ်စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်၊2011 ခုနှစ်မှာ
အက်ပဲ စတိုးမှာ အခုရေ 12 သန်းကျော်ရောင်းခဲ့ရတဲ့အရောင်းရဆုံးဂိမ်းဖြစ်ပါတယ်၊အဲဒီနောက်မှာတော့
ဝင်းဒိုး၊အန်ဒရွိုက် နဲ့ အိုင်အိုအက်ပလက်ဖောင်းတွေမှာ ပါ ဆော့နိုင်အောင်ရေးဆွဲထုတ်လုပ်ခဲ့ပါတယ်၊
အန်ဒရွိုက်ဖုန်း၊အန်ဒရွိုက်တက်ပလက်နဲ့အိုင်ဖုန်းအိုင်ပေါ့၊အိုင်ပက် တို့မှာ မပါမဖြစ်ဂိမ်းတစ်ခုဖြစ်လာပါတယ်။
Angry Bird ကို စတင်ခြင်း
Rovio Mobile က 2009 အစောပိုင်းမှာဂိမ်းအသစ်ဖန်တီးဖို့စီစဉ်ခဲ့ကြရာ ၀န်ထမ်းများက ခေါင်းဘဲပါတဲ့ငှက်ရုပ် ကို တင်ညပခဲ့ကြပါတယ်၊နောက်ပြီး အဲငှက်က စိတ်စိုးနေပုံပေါက်လို့
Angry Bird လို့ပေးခဲ့တာပါ။
Angry Bird ငှက်အမျိုးအစား သတ်မှတ်ရာမှာတော့ ရေးဆွဲခဲ့တဲ့ ပထမ ဦးဆုံးအနီးစပ်ဆုံးငှက်ပုံအဖြစ်
သစ်တောက်ငှက်ပုံရေးဆွဲခဲ့ပါတယ်၊နောက်ပြီး ထိုနောက်မှာတော့ လည်းကောင်းဂိမ်းဖန်တီးသူတို့က
ဘဲတခြားငှက် ကိုးကောင်ကို ဖန်တီးခဲ့တာပါ။
Angry Bird စိတ်စိုးရတာကတော့ သူ့ရဲ့ဥတွေအစားခံရလို့ စိတ်စိုးတယ်လို့ နာမည်တတ်ခဲ့ပါတယ်၊နောက်
ရန်သူအနေနဲ့ဝက်ရုပ်ထားတာကတော့ ကမ္ဘာအနှံ့အပြားမှာ ၀က်တုတ်ကွေးတွေကိုကြောက်နေရတာကြောင့် ရန်သူကို ၀က်လို့သတ်မှတ်လိုက်တာပါ၊ဒါကြောင့်
ဝက်တစ်ကောင်က သစ်ပင်ပေါ်ကို ဥတွေတတ်ခိုးစားတာကို တိုက်ခိုက်တဲ့ဂိမ်းအဖြစ်ရေးဆွဲလိုက်ပါတယ်၊
ဒါပေမယ့် ကမ္ဘာအနှံ့အပြားက ဂိမ်းမာ တွေက ၀က်က သစ်ပင်ဘယ်လိုလို့တတ်နိုင်သလဲလို့ ဝေဖန်
ကြတာကြောင့် ဒုတိယအကြိမ်ဂိမ်းထုတ်လုပ်တဲ့အခါမှာတော့ ၀က် က ဗီလိန်ဖြစ်မလာတော့ဘဲ
Angry Bird က သာ ကယ်တင်ရှင်ဖြစ်လာခဲ့ပါတယ်၊ဒီဂိမ်းဖြစ်မြောက်ရေးအတွက် စုစုပေါင်းကုန်ကျစရိတ်မှာ
ယူရိုတစ်သိန်းကျော်ကုန်ကျခဲ့ပါတယ်။အခုချိန်ထိလူကြိုက်များအောင်မြင်နေတဲ့ဂိမ်းဖြစ်ပါတယ်။

ကွန်ပျူတာကိုမြန်စေမယ့်နည်းလမ်းများ....................................


 ငါကွန်ပျူတာအရမ်းလေးနေတယ်ကွာ လို့ သူငယ်ချင်းတစ်ယောက်က ကျွန်တော် ကို လာပြောလို့ ကျွန်တော် သူ့အိမ်ကိုလိုက်သွားပြီး
သူငယ်ချင်းရဲ့ကွန်ပျူတာကိုလိုက်ကြည့်ပါတယ်၊သူ့ရဲ့ကွန်ပျူတာက
 Processor-  Intel(R) Core(TM)2 Duo CPU E7400 @2.80GHz 2.79GHz
 RAM       -   2.00GB
window7 32-bit နဲ့ဖြစ်ပါတယ်၊ အတော်အသင့်ကောင်းမွန်တဲ့ကွန်ပျူတာလို့ဆိုနိုင်ပါတယ်၊ဒါပေမယ့် တကယ်ကိုလေးနေတာပါ၊လုပ်ဆောင်ချက်အားလုံးလေးကန်
နေပါတယ်၊အဲဒါကတော့ အသုံးပြုသူရဲ့အပြစ်ပါ temp ဖိုင် junk ဖိုင် registry နဲ့တခြားမလိုအပ်သောဘာဖိုင်ကိုမှ သူမရှင်းလင်းခဲ့ပါ၊anti-virus ကိုလည်း update
မလုပ်ဘဲထားပါတယ်၊နောက်ပီး ၀ယ်ထားကတည်းက Hard drive ကို သန့်ရှင်းရေးမလုပ်ပါ ဘာဆိုဘာမှ သူမလုပ်ဘဲထားပါတယ်၊ ကျွန်တော် သူ့ကိုအပြစ်မပြောပါ
beginner တစ်ဦးအတွက် ဖြစ်တတ်တဲ့သဘောတွေပါ၊ကျွန်တော်တုန်းကလည်းအဲလိုပါဘဲ ..... ဟိဟိ  ကဲ............ ကျွန်တော်တို့ ကွန်ပျူတာကို အမြန်နှုန်းမြင့်ရအောင်

(၁)Search Indexing Feature ကိုပြင်ဆင်ခြင်း

start(window key) ကိုနှိပ် computer ကို right ckick နှိပ် Manage ကိုကလစ်ပါ
Manage ပေါ်လာတဲ့အခါမှာတော့ ဘယ်ဘက်အကွက်ထဲမှ Services and Applications
ကိုရွှေးပါ Services ကိုထပ်ရွှေးပါ၊ထိုနောက် ညာဘက်မှ Window Search ကို ကလစ်နှစ်
ချက်နှိပ်ပီး Automatic(Delayed Start) ကို Disabled လုပ်ပီး Apply နှိပ် OK လိုက်ပါ။

(၂)UAC ကိုပြင်ဆင်ခြင်း

start(window key) ကိုနှိပ်ပါ uac လို့ရိုက်ထည့်ပါ enter ခေါက်ပါ အတုံးလေးကိုအောက်
ဆုံးအထိ ဆွဲချလိုက်ပါ၊massage box တတ်လာလျှင်လည်း OK နှိပ်ပေးလိုက်ပါ
(သတိပြုရမှာက-လိုင်စင် window အစစ်အသုံးပြုသူများမပြုလုပ်သင့်ပါ၊တစ်ခွေတစ်
ထောင် crack သမားများကတော့ ပြသာနာမရှိပါဘူး)

(၃)အသုံးမပြုလိုသော applications များကိုပိတ်ထားခြင်း

start(window key) ကိုနှိပ် control panel ကိုနှိပ်ပါ၊Programs ကိုရွှေးပါ၊Programs and Features
ကိုထပ်နှိပ်ပါ၊ Turn Windows Features on or off ကို ကလစ်ပါ၊အဲဒီမှာ ဂိမ်းမှာရှိသောအမှန်ခြစ်လေး
ကိုဖြုတ်ပါ၊Media Features ရှေ့တွင်ရှိသော(+)အပေါင်းလေးကိုကလစ်ပြီးဖွင့်လိုက်ပါ၊Windows DVD
Maker နှင့် Windows Media Center ရှေ့မှ အမှန်ခြစ်လေးများဖြုတ်လိုက်ပါ၊ကဲ.....OKနှိပ်လိုက်ပါ၊
(သတိပြုရမှာက ကျွန်တော်ဖြုတ်ခိုင်းတဲ့ဟာတွေကိုသာဖြုတ်တာကောင်းပါတယ် ကျန်တာတွေက
system နဲ့ဆိုင်တဲ့အတွက် မဖြုတ်တာကောင်းပါတယ်)

(၄)Aero Peek and Aero Snap features ကို Disable ပြုလုပ်ခြင်း

start(window key) ကိုနှိပ် control panel ကိုနှိပ်ပါ၊Ease of Access ကိုရွေးချယ်ပါ၊ထိုအောက်မှ
Ease of Access Center ကိုဖွင့်ပါ ဖွင့်ပြီးရင်တော့ Make it easier to focus on tasks ကိုကလစ်ပါ
Prevent windows from being automatically arranged when moved to the edge of the
screen ကို အမှန်ခြစ်ဖြုတ်လိုက်ပါ၊Ok နှိပ်ပါ၊ထို့နောက် right click နှိပ်ကာ Personalize ကိုနှိပ်လိုက်ပါ
ညာဘက်ရှိ Taskbar and Start Menu ကို ကလစ်နှိပ်ပါ ထိုနောက် use Aero Peek to preview the
desktop ကို အမှန်ခြစ်ဖြုတ်လိုက်ပါ၊Apply နှိပ် OKနှိပ်ပါ၊

(၅)Hight performance ကိုအသုံးပြုခြင်း

start(window key) ကိုနှိပ် control panel ကိုနှိပ်ပါ၊ System and Security ကိုဖွင့်ပါ၊Power Options ကိုနှိပ်ပါ
Hight performance ကိုပြောင်းလိုက်ပါ၊OK လိုက်ပါ။

(၆)Disable Unwanted System Sounds in Windows7

run box ခေါ်ပါ (window key +R) window key နဲ့ R ကိုတွဲနှိပ်လျှင် run box ပေါ်လာပါပြီ
ဒါဆို mmsys.cpl ရိုက်ပြီး enter ခေါက်ပါ sond ပေါ်လာပါပီ ၊sounds ကိုရွေးပါထို့နောက်
windows default နေရာတွင် no sound ကို ရွေးကာ Apply နှိပ်ပါ။

(၇)Start Up program များကို Disable လုပ်ခြင်း

run box ခေါ်ပါ (window key +R) window key နဲ့ R ကိုတွဲနှိပ်လျှင် run box ပေါ်လာပါပြီ
ဒါဆို msconfig ကိုထည့်သွင်းပြီး enter ခေါက်ပါ startup ကိုရွေးပါ ၊antivirus program များမှ
လွဲရင် တခြားဟာ အမှန်ခြစ်ဖြုတ်လိုက်ပါ၊Apply ကိုနှိပ်ပါ၊OK လုပ်လိုက်ပါ ၊ restart ချလိုက်ပါ။

(၈)Softwares များအသုံးပြုခြင်းဖြင့် မလိုအပ်သောဖိုင်များရှင်းထုတ်ခြင်း

Cclear ဆော့ဝဲလ်ကိုအသုံးပြုခြင်းဖြင့် မလိုအပ်သောဖိုင်များကိုရှင်းထုတ်နိုင်တယ်
ဒီမှာဒေါင်းပါ
Auslogics Disk Defrag ကိုအသုံးပြုခြင်းဖြင့် Hard Disk တွင်းဖိုင်များအစီအစဉ်တ
ကျပြုလုပ်ကာ၊ကွန်ပျူတာမြန်စေသည်။
ဒီမှာဒေါင်းပါ
antivirus တစ်ခုခုအသုံးပြုပါ၊အလကားရတဲ့ဟာတွေရှိပါတယ်ကောင်းလည်းကောင်းပါ
တယ်၊နောက် antivirus တင်ပီးသွားရင်လည်း ဒီအတိုင်းမနေပါနဲ့ update လုပ်ပါ၊scan
ဖတ်ပါ၊နေ့တိုင်းမဟုတ်တောင် ၁ လတစ်ခါလောက်ဘဲဖြစ်ဖြစ်ပေါ့နော်
anti-virus ဆော့ဝဲလ်တွေကိုတော့ ဒီမှာကြည့်ပါ...........

ဒီပို့လေးကို ကျွန်တော်က မသိသေးသူတွေအတွက်ရေးလိုက်တာပါ၊ကဲ အဆင်ပြေပါစေလို့ဆုတောင်းပါတယ်..........

Monday, May 28, 2012

အဘိုးအဘွားတွေအတွက်ပါ......................

 Save the Aged ဘိုးဘွားရိပ်သာအတွက် ပေ 40x60 မြေကွက်ကို ဒဂုံ(ဆိပ်ကမ်း)ဘက်မှာ ဒီနေ့ပဲ ၀ယ်ယူခဲ့လိုက်ပြီ ... ဘိုးဘွားရိပ်သာဆက်လက်တည်ဆောက်ရေးအတွက် အလှူတွေအများအပြားကိုလည်း ဖိတ်ခေါ်အပ်ပါသည်။ www.savetheaged.ning.com

ကျွန်တော် က တတ်နိုင်တဲ့ ဘက်က ကုသိုလ် ၀င်ယူတာပါ၊အဘိုးအဘွားတွေဗျာ ကူညီကြပါ။

Friday, May 25, 2012

Window 7 မှာ အလုပ်လုပ်တဲ့ အသံထွက်တဲ့နာရီလေး.......................

ဒါကတော့ Window7 မှာသုံးတဲ့ နာရီလေးပါ ၊အသံပါထွက်ပေးတယ်၊ကျွန်တော်တော့ကြိုက်တယ်တော်တော်လေးကို၊သူငယ်ချင်းတို့လိုချင်ရင် ဒီမှာနှိပ်ပြီးယူလိုက်ပါနော်..........................

Tuesday, May 15, 2012

Mobile operating system များကိုသိသလောက်ပြောပြမယ်.........

   
 Mobile operating system  လို့လူသိများတဲ့ မိုဘိုင်း OS တွေပာာ ကွန်ပျူတာမှာ အလုပ်လုပ်ဖို့ထည့်
ပေးထားတဲ့ OS တွေလိုပါဘဲ(ဥပမာ- microsoft Window) ပေါ့၊အဲဒါနဲ့ Operating system ကိုရှင်းရှင်းလင်း
လင်းမြင်အောင်ပြောရမယ်ဆိုရင် ကွန်ပျူတာက ကျွန်တော်တို့ခန္ဒာကိုယ် လိုဘဲ Hardwares တွေထည့်ထား
တဲ့ပုံးကြီးက ကိုယ်ခန္ဒာကြီးပေါ့ဗျာ  အခွံ့ကြီးလေ ၊ Operating system ကတော့ ၀ိညာဉ်ပေါ့ ပီားးးးးးးးးးး
သူမရှိရင်ဘာမှလုပ်မရဘူး၊အဲလိုအလုပ်လုပ်တယ်ဗျာ၊ကွန်ပျူတာ OS နဲ့မိုဘိုင်း OS တို့ပာာ သဘောတရားချင်း တူညီပေမယ့် သဘာဝချင်းတော့ကွဲပြားပါတယ်၊မိုဘိုင်း OS တွေကိုစမတ်ဖုန်း၊PDA တွေ
နဲ့Tablet တွေမှာဘဲသုံးစွဲကြပါတယ်။

သမိုင်း

မိုဘိုင်း device တွေပာာ Google,microsoft နဲ့ Apple တို့လို့ ကုမ္မဏီကြီးတွေအကြိတ်အနှယ်ယှဉ်ပြိုင်မှုတွေ အပြင် nokia,Research In Motion(RIM) နဲ့Palm တို့လို
မိုဘိုင်းလောကထဲက ဦးဆောင်ကုမ္မဏီကြီးတွေကြောင့် တစ်ပာုန်ထိုးတိုးတတ်အောင်မြင်လာတာဖြစ်ပါ
တယ်၊၂၀၀၇ ခုနှစ်ကတော့ မိုဘိုင်းနည်းပညာအတွက်စိတ်လှုပ်ရှားဖွယ်ရာနှစ်ဖြစ်ခဲ့ပါတယ်၊အဲဒီနှစ်မှာ Apple ပာာ iPhone ကို ဈေးကွက်ထဲဖြန့်ချိတ့အခါမှာတော့ စမတ်ဖုန်း OS  တွေရဲ့  ခေတ်သစ်တံခါးကို
ဖွင့်ပေးလိုက်သလိုဘဲ ဖြစ်လာပါတော့တယ်၊သုံးစွဲသူတွေရဲ့အတွေ့အကြုံနဲ့ Touch အခြေအနေစနစ်ပေါ်
မှုတည်ပြီး Apple က ဒီ OS ကို ထည့်သွင်းထားတာပါ။၂၀၀၇ ခုနှစ် နိုဝင်ဘာမှာgoogle က ပောာ့ဝဲလ်၊
ဆော့ဝဲလ်နဲ့တယ်လီကွန်း ကုမ္မဏီ ၇၉ ခုနဲ့မပာာမိတ်ပြုလုပ်ပြီး Android လို့ အမည်ရတဲ့OS ကိုမွေးဖွား
ခဲ့ပါတယ်။

စမတ်ဖုန်းMobile operating system များ
  စမတ်ဖုန်းတွေမှာတွေ့မြင်နိုင်တဲ့ OS တွေကတော့ Nokia ရဲ့Symbian,Google  ရဲ့ Android,Apple ရဲ့
iOS,RIM ရဲ့ Blackberry,Microsoft ရဲ့window phone,Linux,HPရဲ့ WebOS,Samsung ရဲ့ Ba da,Nokia
ရဲ့ meemo  နဲ့ Mee Go စသည့်တို့ဖြစ်ပါတယ်။
Android ,Bada,WebOS နဲ့Maemoတို့ပာာ opensource OS ဖြစ်တဲ့Linux ပေါ်မှာအခြေခံတည်ဆောက်
ထားတာဖြစ်ပါတယ်၊Apple ရဲ့ iOS နဲ့ပာာ BSD နဲ့NexTsTE ဆိုတဲ့  operating system တို့အပေါ်မှာ
အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ BSD နဲ့NexTsTE ကလည်း Unix လို့ခေါ်တဲ့ OSအပေါ်မှာ
အခြေခံထားတာဖြစ်ပါတယ်။
Symbian
Nokia ကုမ္မဏီက ၂၀၀၈ ခုနှစ် ဒီဇင်ဘာမှာ symbian ltd. ကို ၀ယ်ယူခဲ့ပြီးမိုဘိုင်းလောကထဲမှာ symbian က လူသိများလာခဲ့ပါတယ်၊symbian ပာာ C++ programming နဲ့ရေးစွဲထားတာဖြစ်ပါတယ်၊၂၀၁၁ခုနှစ်
ဧပြီမှာ update လုပ်လိုက်တာကတော့ symbian ^3 ဖြစ်ပြီး၊နာမည်ကတော့ symbian anna ဖြစ်ပါတယ်။
Android

Google ကုမ္မဏီပာာ ၂၀၀၅ ခုနှစ်မှာ Android Inc. ကိုဝယ်ယူပြီးမိုဘိုင်းလောက ထဲကိုခြေလှမ်းဖို့ပြင်လာခဲ့
ပါတယ် C programming ကို အဓိကထားရေးသားပြီး၊JAVA ကိုUI နေရာမှာအသုံးပြုရေးဆွဲထားတာဖြစ်ပါ
တယ်၊၂၀၁၁ ဖေဖ၀ါရီမှာတော့ tablets အတွက် 3.1(Honeycomb)နဲ့ဖုန်းတွေအတွက် 2.3.4(Gingerbread)ဖြစ်ပါတယ်။

Apple

Apple ပာာ ၂၀၀၇ မှာ ဈေးကွက်ထဲကိုစတင်ဖြန့်ချိခဲ့ပြီးလူကြိုက်များတဲ့ OS ဖြစ်ပါတယ်၊C programming
ကိုအဓိကထားရေးသားပြီး Object C program ကိုလည်းအားပြုထားပါတယ်၊Mac OS X နဲ့ BSD OS အနွယ်ဝင်ဖြစ်ပါတယ်။

BlackBerry

Research In Motion ကနေမိုဘိုင်းဖုန်းတွေမှာ သုံးစွဲနိုင်မယ့် OS ကိုဖြန့်ချိလိုက်တာပါ၊C++ programming နဲ့ရေးဆွဲထားပြီး၊နောက်ဆုံးထွက်ကတော့ Blackberry 7 ဖြစ်ပါတယ်။

Window phone

မိုက်ကရိုဆော့ဖ် ကမိုဘိုင်းလောကကို window phone 7 နဲ့ထိုးဖောက်လာပါတယ်၊မိုက်ကရိုဆော့ဖ်ရဲ့
window mobile ပလက်ဖောင်းမှာတော့ သူကနာမည်ကြီး OS ဖြစ်ပါတယ်။

ကဲ...............ကျွန်တော် မှတ်မိသမျှ ဖတ်မိသမျှလေးတွေပါ၊ကျွန်တော်မတော်ပါ၊ကျွန်တော်ပညာရှင်မပာုတ်ပါ၊ကျွန်တော် သိသမျှသာမျှဝေတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။

Monday, May 14, 2012

Youtube/Facebook မှ videos များကို mozillafirefox ၏ add-0n အသုံးပြု၍ download ဆွဲခြင်း...........

ကျွန်တော် ဒီပာာလေးကို ရေးမယ်ရေးမယ်နဲ့မရေးဖြစ်တာပါ၊တချို့လူတွေလည်းသိပြီးဖြစ်နေမှာပါ၊ဒါပေမယ့်
facebook/youtube က videos တွေဘယ်လို download ဆွဲရမှန်းမသိဘူးလို့ပြောနေကြသူတွေရှိနေသေး
ပါတယ်၊ကဲ...........မသိသေးတဲ့ ဘော်ဒါတွေအတွက်ပါ။ ဒီ add-on လေးက Video DownloadHelper ::
ဆိုတာလေးပါ၊အသုံးပြုရ အရမ်းလွယ်ပါတယ် ကြယ်လေးပွင့်ရထားပြီး အသုံးပြုသူပေါင်း 7,204,137 ရှိပါတယ်
ကဲ..............ဒါလေးကိုထည့်ဖို့  ဒီမှာနှိပ်ပါ 
+ Add to firefox ကို ကလစ်နှိပ်ပါ ၊install လုပ်ပါ၊နောက်ပြီး firefox က restart တောင်းပါလိမ့်မယ်၊restart ပေးလိုက်ပါ၊ပြန်တတ်လာတဲ့အခါမှာ mozilla firefox ရဲ့ ဘယ်ဘက်
အပေါ်မှာ ဘောလုံးလေးသုံးလုံးတွေ့ပြီပေါ့ဗျာ အဲဒါက အနက်ရောင်လေးဖြစ်နေမယ်၊ဒေါင်းလုပ် ဆွဲလို့ရ
တဲ့ဖိုင်လေးတွေတွေ့မှာသူက လည်နေမှာ၊ ဒါဆို Youtube ဖွင့်လိုက်ပါ..... နောက်ပြီး ကိုယ့် download
လုပ်မယ့် video ကို ကလစ်လုပ်လိုက်ပါ.......... အော်.......ဘော်လုံးလေးတတ်လာပြီနော်




ဘော်လုံးလေးရဲ့ဘေးမှာ ကျွန်တော်ကတော့ စမူဆာ ဇောက်ထိုးလေး ကိုနှိပ်လိုက်ပါ၊ကဲ....ဒါဆိုကိုယ့်လို
ချင်တဲ့သီချင်းနာမည်လေးတွေ့လိမ့်မယ် နှိပ်လိုက်ပါဗျာ.............. ဒေါင်းလုပ်လုပ်နေတာတွေ့လိမ့်မယ်၊
အားလုံးအဆင်ပြေပါစေ အဆင်မပြေတာရှိရင် satanmokar@gmail.com ကို မေးနိုင်ပါတယ်.......