Tuesday, June 4, 2013

Facebook Home ဆိုသည်မှာ

နာမည်ကျော် လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ facebook ဟာ android user တွေအတွက်
user interface ပြောင်းလဲ တဲ့ facebook Home  ကို မကြာသေးမီက မိတ်ဆက်
လိုက်ပါတယ်၊facebook Home ဟာ လှပ သတ်ရပ် တဲ့ UI ပါဝင်တယ်လို့ဆိုပါတယ်၊

facebook ရဲ့ အမှုဆောင် အရာရှိ Mark Zuckerberg က တော့ Facebook Home
ဟာ android ရဲ့ interface ပေါ်မှာ facebook notification များ messages
များကို ဖော်ပြနိုင်တဲ့ app Launcher interface ဖြစ်တယ်လို့ဆိုပါတယ်

ပါဝင်တဲ့ feature တွေကတော့

Cover Feed

Facebook Home အသုံးပြုထားတဲ့ ဖုန်းကို ဖွင့်လိုက်တဲ့အခါမှာ Lock screen နဲ့ home screen
မှာ cover feed လို့ ခေါ်တဲ့ အရာကို default အနေနဲ့တွေ့ရမှာပါ၊cover feed ဟာ news feed
ပါဘဲ၊သူငယ်ချင်းတွေရဲ့ ဓာတ်ပုံတွေ စာတွေနဲ့share ပြုလုပ်ထားတဲ့အရာတွေကိုတွေ့ရမှာပါ၊
သူငယ်ချင်းတွေရဲ့ status တွေကို like လုပ်လိုပါက Phone screen ပေါ်မှာ နှစ်ချက်နှိပ်လိုက်ရုံနဲ့ပြုလုပ်နိုင်မယ်လို့ဆိုပါတယ်
မကောင်းတာ တစ်ခုကတော့ cover feed ဟာ သူငယ်ချင်းများရဲ့ အရေးကြီး status updates တွေကိုသာဖော်ပြတာကြောင့်
တချို့ status တွေမပေါ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။

Notifications

Facebook Home ဟာ notifications တွေကိုလည်းဖော်ပြပါတယ် Home screen ပေါ်ကအခြားသော
app တွေက update တွေပါဝင်ပါတယ် နောက်မှကြည့်ရူလိုတဲ့ notifications တွေကိုရွှေးချယ်ထားနိုင်ပါသတဲ့၊
HTC first မှာတော့ Noti တွေကို ပြည့်ပြည့်စုံစုံမြင်နိုင်တယ်လို့ဆိုပါတယ်၊HTC first အကြောင်းကိုနောက်
ပို့စ် တစ်ခုမှ ရေးပေးပါမယ်၊

Chat Heands and messaging

Facebook Home မှာ ပါဝင်တဲ့ feature များထဲမှာ အကောင်းဆုံးနဲ့ အသုံးအ၀င်ဆုံး
feature ဖြစ်ပါတယ်၊facebook က messages တွေကို တခြား run နေတဲ့
app တွေပေါ်မှာ ဖော်ပြနိုင်ပါတယ်၊ ဒါကြောင့် ဂိမ်းဆော့နေရင်းဘဲဖြစ်ဖြစ် သီချင်းနားထောင်နေရင်း
ဖြစ်ဖြစ် ဇာတ်လမ်းတစ်ခုခုကြည့်နေရင်းဖြစ်ဖြစ် လုပ်နေတဲ့အလုပ်ကိုထွက်ပြီး messages ပြန်ပို့
စရာမလိုပါဘဲ pop-up icon ကနေ SMS နဲ့ facebook messages တွေကို ဖတ်
နိုင် ပြန်နိုင်မှာပါ၊

App Launcher

Facebook Home မှာ app launcher တစ်ခုလည်းပါဝင်လာပါတယ်
ဒီ feature ဟာတခြားသော app တွေကိုဖော်ပြပေးမယ့် feature ပါ

Facebook Home ကို android Os မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ ဘယ်လိုမျိုး install လုပ်ရ
လဲဆိုတာတော့ ကျွန်တော် နောက်ပို့စ် တစ်ခုရေးပေးပါ့မယ်၊ facebook ကို တရားဝင်ထည့်သွင်းဖြန့်ချိထား
တာကတော့ HTC First ဘဲဖြစ်ပါတယ်

No comments:

Post a Comment