Friday, January 25, 2013

Softwares များသွင်းခြင်း...................

၁။ gtalk အတွက် empathy ကိုသွင်းပါမယ် empathy ဆိုတာ Gtalk အပြင် အခြားသော Facebook , Yahoo Mail , Hot Mail တို့ကိုပါ အသုံးပြုနိုင်သော Instant Messager ပါ . command line ကတော့ terminal ထဲမှာ apt-get install empathy ပေါ့ နော် U နဲ့ကွာတာဆိုလို့ sudo ပါတာနဲ့မပါတာပဲကွာတယ် အော်အေး အဲ့ sudo အကြောင်းနဲနဲလေရှည်လိုက်အုံးမယ် U မှာက သူက root အနေနဲ့အ၀င်ထားလို့ sudo ခံရတာပါ bt မှာက စ၀င်ကတည်းက root နဲ့ဝင်ထားလို့ ခံစရာမလိုတော့တာပါ တော်တော်များများသိမယ်လို့ထင်ပါတယ် သူ့ command တွေကအားလုံးလိုလိုတူပါတယ်..

၂။ flashplugin ကို Install လုပ်ပါမယ် ထုံးစံအတိုင်းပေါ့ apt-get install flashplugin-installer ဆိုရပါပြီ

၃။ Movie/Video player ကို install လုပ်ပါမယ် ကျွန်တော်စမ်းကြည့်သလောက်တော့ totem media player ကအကောင်းဆုံးပါပဲ bt နဲ့တည့်ပါတယ် ထုံးစံအတိုင်းပေါ့ apt-get install totem-gstreamer ပေါ့ သွင်းပြီးသွားရင် codec တွေကိုထပ်သွင်းရပါမယ် အမျိုးမျိုးသော Video ဖိုင်တွေကိုဖတ်အောင်လို့ပါ အောက်က ကုဒ်လေးကိုထပ်သွင်းလိုက်ပါ….. apt-get install ubuntu-restricted-extras apt-get install w32codecs apt-get install w32codecs libdvdcss2 ပြီးပါပြီ……..နောက်တစ်ခုပေါ့

၎။ အော်အရေးကြီးဆုံးတစ်ခုသွင်းဖို့ကျန်နေသေးတယ်……. ubuntu software centre လေ သွင်းတာပေါ့နော့် သူရှိရင်အားလုံး အဆင်ပြေတယ်လေ ထုံးစံအတိုင်းပေါ့ apt-get install software-center ပေါ့ ရပါပြီ

No comments:

Post a Comment