Monday, October 17, 2011

Desktop Background ကိုပြောင်းမရအောင်ပြုလုပ်ခြင်း.......

ကွန်ပျူတာ တစ်လုံးကိုနှစ်ယောက်၊သုံးယောက်သုံးရသူတွေရှိမှာပါ။ဒါဆိုရင်တော့ ပိုင်ရှင်ဖြစ်တဲ့ ခင်ဗျား တင်ထားတဲ့ Desktop Background က ခဏခဏပြောင်းနေပါလိမ့်မယ် ၊ဒီလိုမျိုးပြောင်းတာကိုပိုင်ရှင်ဖြစ်တဲ့ ခင်ဗျား ခင်ဗျားကြိုက်ချင်မှကြိုက်ပါလိမ့်မယ် ၊ကဲ ... ဒါဆိုရင်တော့ ကျွန်တော် ဘလော့လေးက ခင်ဗျားကိုကူညီပါလိမ့်မယ် .............
 run box ကိုခေါ်ပါ(window key + R) ပါ => run box ထဲမှာ gpedit.msc လို့ရိုက်ကာ Enter ခေါက်ပါ
 Group Policy ပေါ်လာပါလိမ့်မယ် ၊ဒီလိုဆိုရင်တော့ Administrative Templates  ကိုနှိပ်ကာ Desktop
 ကို ထပ်ရွှေးပါ ကလစ်နှိပ်ပါ ၊ထိုနောက် Active Desktop ကို ထပ်ကလစ်ပါ(နှိပ်ပါ)။
 ဒီလိုအကုန်လုပ်လိုက်ရင်တော့ ညာဘက် အကွက်ထဲမှာ ဖိုင်တွေအများကြီးပေါ်လာပါလိမ့်မယ်
 ဒီပေါ်လာတဲ့ ဖိုင်တွေအထဲကမှ Active Desktop Wallpaper ကို ကလစ်နှိပ်ကာ Enabled ကိုရွှေးပြီး Wallpaper Name ဆိုတဲ့နေရာမှာ တစ်ခုခုရိုက်ထည့်ပါ၊ဥပမာ-(1),(.),(2) စာလုံးတစ်ခုခုရိုက်လိုက်ပေါ့ဗျာ၊

နောက်ပြီးရင်တော့ Apply => OK  နှိပ်ပါ၊    ဒါဆိုရင်တော့ပြီးပါပြီ ခင်ဗျား Desktop Background ပြောင်းလို့မရတော့ပါဘူး ၊ ပြန်ပြောင်းချင်ရင်တော့ အပေါ်ကအဆင့်တွေအတိုင်းပြန်သွားပြီး Not Configured လုပ်လိုက်ရင် ပြန်ပြောင်းလို့ရပါလိမ့်မယ်။

 အဆင်ပြေပါစေဗျာ၊ ရေးတာနည်းနည်းရှုပ်နေရင်လည်းခွင့်လွှတ်ပေါ့၊ကျွန်တော် က စာရေးဆရာမှမပာုတ်တာ မပာုတ်ဘူးလား ပာား....ပာား...ပာားးး

နောက်တစ်ခုပြောရ အုံးမယ် အပေါ်က ကျွန်တော် တင်ထားတဲ့ desktop background  က ကျွန်တော် ကွန်ပျူတာက ပုံဗျ ၊ Apple ရဲ့ MAC ပုံနော် တကယ်တော့ MAC မပာုတ်ဘူး Window7 ကြီးဗျ၊ပြင်ထားတာ
အထင်ကြီးနေမှာစိုးလို့ပြောပြတာနော် ............ ပာား............ပာား........ပာား 
                       ခင်ဗျားတို့လ်းအဆင်ပြေပါစေဗျာ၊နော်၊

No comments:

Post a Comment