Monday, October 17, 2011

registry ပြင်ကာ မြန်မာတွေ အလိမ်မခံရဖို့ ......................

 တစ်နေ့က ကျွန်တော် ဂျာနယ် တစ်စောင်မှာ ဖတ်လိုက်ရပါတယ် အခုနောက်ပိုင်း registry တွေပြင်ပြီး စက်အပောာင်းတွေကို core i7 လုပ်ရောင်းနေတဲ့ အဖြစ်ပါ ၊ ကွန်ပျူတာဆိုင်တွေ လုပ်တာမပာုတ်ပါဘူး၊ နိုင်ငံခြားသား သဘောင်္သားတွေ စီကနေ ၀ယ်တဲ့ လူတွေရဲ့လက်တော့တွေမှာ ဒီလိုလိမ်ထားတာပါတဲ့ ကဲ...... ကျွန်တော်က မြန်မာလူမျိုးဖြစ်ပါတယ် ဒါကြောင့်မခံနိုင်ပါ ။ နည်းပညာ ကို ခုတုံးလုပ်တာကိုလည်း မကျေနပ်ပါ၊ နည်းပညာကို ရိုးသားစွာ အသုံးပြုပါလျှင် အကျိုးဖြစ်နိုင်ပါသည်။

 ထားပါတော့ ဒီလိုလိမ်တဲ့ ဖြစ်ရပ်တွေ ရှိနေတယ် လက်တော့ ဘော်ဒီတွေ ကို အသစ်ပြောင်း ၊ registry ထဲကိုဝင် သုံးစားမရတဲ့ CPU တွေကို core i7 လုပ်ရောင်းနေတာပါ (နိုင်ငံခြားသဘောင်္သားတွေပေါ့)

 ကျွန်တော်လည်း registry ပြင်တဲ့ အကြောင်းရေးခဲ့ပါတယ် သို့ပေမယ့် လိမ်ဖို့မပာုတ်ပါ စရန် နောက်ရန်သာလို့ လည်းရေးခဲ့ပါတယ်။နောက် ဒီလိုလုပ်လို့ရတယ်လို့လည်း သိအောင်ပြောပြခြင်းပါ

 ဒီလို အလိမ်မခံရဖို့ က တော့ နှစ်နည်းရှိပါတယ် ကျွန်တော်တို့ပာာ computer ရဲ့ စွမ်းဆောင်ရည်ကို My Computer ကို right click နှိပ်ကာ ကြည့်ကြပါတယ် ၊ registry ပြင်ထားရင်တော့ ဒီလိုကြည့်ရင်( Computer ကို right click နှိပ်ကာ) ပြင်ထားတဲ့ အတိုင်းပြမှာပါ(dual core  ကို core i7 လို့ပေါ့) Bio ထဲက ၀င်ကြည့်ပါ အမှန်တိုင်းတွေ့နိုင်ပါတယ် Bio ကတော့ စက်ကို restart ချပြီး  laptop အများစုက F2 key နဲ့ desktop အများစုကတော့ Del key နဲ့ပါ ။

 နောက်တစ်နည်းကတော့ Cupid CPU-Z ဆော့ဝဲလ်နဲ့ စစ်တာပါ ဒီဆော့ဝဲ ကို ဒီနေရာမှာ နှိပ်ပြီး System Tuning အောက်က CPU-Z 1.58.2 Beta ဆိုတဲ့နေရာမှာ နှိပ်ကာ  download လုပ်နိုင်ပါတယ်၊ကျွန်တော် သီသန့်တင်မပေးနိုင်တာ ခွင့်လွတ်ပါနော် ၊ဒီမှာ download ဆွဲလိုက်ပါ အဆင်ပြေမှာပါ၊ ဒီဆော့ဝဲလေးကို ခင်ဗျားတို့ရဲ့ မန်မိုရီစတစ် ထဲမှာ သိမ်းသွားပြီး ၀ယ်မယ့် စက်မှာတင်ပြီး စမ်းနိုင်ပါတယ်။

 ကဲ ..........ဒီမှာတင်ဘဲ registry ပြင်ကာမြန်မာတွေ အလိမ်မခံရဖို့ ဆိုတဲ့ ဘလော့ကို အဆုံးသတ်လိုက်ပါပြီဗျာ။

No comments:

Post a Comment