Tuesday, January 10, 2012

Chatting ကိုတည်တည်ငြိမ်ငြိမ်သုံးနိုင်မယ့် ၀က်ဘ်မန်နေဂျာများ………………


ကွန်တတ်ရှင်မငြိမ်တဲ့ အချိန် မှာ G-talk(gtalk chat box) သုံးရင် sing out ဖြစ်ဖြစ်သွားတတ်ပါတယ်၊တကယ်ကို စိတ်တိုစရာဘဲနော်၊ chat လို့ကောင်းနေတုန်း ပျက်ပျက်သွားတာတော်တော်ကို ခံရခက်ပါတယ် ၊ဒီလိုဖြစ်နေတာတွေကိုဖြေရှင်းပေးနိုင်တဲ့
ဝက်ဘ်မန်နေဂျာ တွေရှိနေပါတယ် ၊ ဒါတွေက G-talk ကိုတော်တော်တည်တည်ငြိမ်ငြိမ် သုံးနိုင်ပါတယ်၊ကဲ…………. အဲဒီ့ ၀က်ဘ်မန်နေဂျာတွေကတော့………………………
(1)LiveGO - ကျွန်တော်သုံးနေတဲ့ ၀က်ဘ်မန်နေဂျာလေးပါ၊တော်တော်လေး စုံပြီးကောင်းပါတယ်
www.livego.com   လိုင်းကျနေချိန်တွေမှာတော်တော်အားကိုးရမယ့်၊၀က်ဘ်မန်နေဂျာပါ၊
(2) imo - သူ့ရဲ့အားသာချက်ကတော့ Gtalk သုံးရင်း video chat လို့ရတဲ့အားသာချက်ပါ
http://imo.im  အသွင်ပြင်ရိုးရှင်းစွာနဲ့မင်းကိုစောင့်နေတယ် နော်
(3)Karoolark - သူကတော့ ဆရာတစ်ပါးပါ chatting သုံးသူတွေရဲ့ပါးစပ်ဖျားကဆရာတစ်ပါး
ပေါ့ http://karoolark.com  ပါ၊
(4)meebo – meebo မှာ meebo အကောင့်ဖွင့်ပြီး gtalk နဲ့ပြောလို့ရတယ်၊gtalk/Yahoo! ……
စတဲ့chat နည်းအမျိုးမျိုးchat လို့ရတယ် www.meebo.com  လိုင်းဘယ်လောက်ကျကျအသုံးပြုလို့
ရတယ်နော်၊
ကဲ………. Gtalk boys လေးတွေနဲ့ Gtalk girls လေးတွေ ဒီလောက်ဆိုအဆင်ပြေလောက်ပါပြီ………………..

Pwn20wn ဆိုသည်မှာ………………..


     Pwn20wn ဆိုတာပာာလုံခြုံရေးဆိုင်ရာလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ TippingPoint ကုမ္မဏီမှစပွန်ဆာပေးပြီး
နှစ်စဉ်ပြုလုပ်နေတဲ့ hacking ပြိုင်ပွဲတစ်ခုဘဲဖြစ်ပါတယ်။ဒီပွဲပာာ CanSecWest လုံခြုံရေးကွန်ဖရင့်မှာပြုလုပ်တဲ့ပွဲပါ။
     Pwn20wn ပြိုင်ပွဲကျွမ်းကျင်သူတွေပာာ Device တွေနဲ့ပလက်ဖောင်းမျိုးစုံမှာရှိတဲ့များစွာသောဆော့ဝဲလ်တွေကို hackကြရပါတယ်၊အဲဒီအထဲကမှ ထိုးဖောက်ဝင်ရောက်နိုင်သူတွေကို ဆုချီးမြှင့်ပါတယ်၊Hack ခံရတဲ့ device တွေ ဆော့ဝဲလ် ကို
ဘယ်လိုထိုးဖောက်ဝင်ရောက် hack ရလည်းဆိုတာအပြည့်အစုံရေးသားပြီး အဲဒီ device သို့မပာုတ်
ဆော့ဝဲလ် ကုမ္မဏီကို TippingPoint ကပေးပို့ပြီး ချို့ယွင်းချက်တွေကိုထောက်ပြ ပြန်လည်ပြုပြင်စေ
ပါတယ်၊ Pwn20wn 2010 မှာတော့ ပာက်ကာတွေပာာ Apple ကုမ္မဏီ ရဲ့ iphone နဲ့ Miscrosoft
ရဲ့ Internet Explorer8 (IE8) ကိုအောင်မြင်စွာထိုးဖောက်နိုင်ခဲ့ပါတယ်၊ TippingPoint ပာာဆော့ဝဲလ်
နဲ့ Device တွေကိုဘယ်လိုထိုးဖောက်ခဲ့တယ်ဆိုတဲ့အချက်အလက်တွေကို ထိုးဖောက်ခံရတဲ့ ကုမ္မဏီတွေ
သူ့တို့ရဲ့ချို့ယွင်းချက်ကိုမပြူပြင်သေးခင် ဘယ်လိုသတင်းအချက်အလက်ကိုမှမပေါက်ကြားအောင်ထိန်းသိမ်း
ပေးပါတယ်၊
          Pwn20wn ဆိုတဲ့စကားလုံးကတော့ Leet Speak ဆိုတဲ့စကားလုံးကလာတာဖြစ်ပါတယ်၊၄င်းကောင်း
စကားရပ်ပာာ ပြတ်သားစွာအနိုင်ယူခြင်းသို့မပာုတ် လွမ်းမိုးချူပ်ကိုင်ချယ်လှယ်ရန်လို့အဓိပ္ပါယ်ရပါတယ်၊တကယ်တော့ Pwn ဆိုတဲ့စကားလုံးပာာ ဂိမ်းကစားသူက
ပြိုင်ဘက်အပေါ်အနိုင်ရတဲ့အခါစိတ်လှုပ်ရှားပြီး Own လို့ရိုက်ရမယ့်အစား Pwn လို့ရိုက်မိရာကနေစလာတာဖြစ်ပါတယ်၊ဒီစကားလုံးက I Own You! (မင်းကိုငါပိုင်ပြီ)လို့ပြောတာဖြစ်ပါတယ်။

Dropbox ဆိုတာ……………..


           Dropbox ဆိုတာကတော့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိုလှောင်ထားနိုင်မယ့် cloud  ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး ၄င်းကိုဖိုင်ဝေမှုခြင်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက်အသုံးပြုနိုင်ပါတယ်။ Dropbox Application ကို windows,Macintosh နဲ့Linux desktop operating system တွေမှာအသုံးပြုနိုင်ပါတယ်၊ဒါ့အပြင် iphone,ipad,android နဲ့ BlackBerry device များအတွက်လည်း
App တွေကိုအထောက်ပံ့ပေးထားပါတယ်။
            ဒီဝန်ဆောင်မှုပာာ 2gigabytes(2GB) သိုလှောင်မှုအတွက်အခမဲ့ထောက်ပံ့ပေးထားပြီးအခကြေးငွေ
နဲ့အသုံးပြုလိုပါက 100GB အထိသိုလှောင်ထားနိုင်ပါတယ်။အခြား option ကတော့ Dropbox for teams
ဖြစ်ပြီး 350GB အထိသိုလှောင်နိုင်ပါတယ်။ဒီ option ပာာအသုံးပြုသူရဲ့အချက်အလက်တွေကို Amazon ရဲ့
Simple Storage Service(S3) အပေါ်သိမ်းဆည်းပေးထားပြီး Secure Sockets Layer(SSL) နဲ့ Advanced
Encryption System(AES) 256-bit encryption ဖြင့်ကာကွယ်ထားပါတယ်။
              သက်ဆိုင်ရာ Dropbox application ကို install လုပ်ပြီးတဲ့အခါမှာ Dropbox folder တစ်ခုကိုuser
ရဲ့အခြား folder တွေနဲ့အတူတွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီ folder မှာ user တွေအနေနဲ့ဖိုင်တွေကိုသိမ်းဆည်းခြင်း၊folder အသစ်တွေထည့်သွင်းခြင်း၊local  folder များအကြားဖိုင်များကို
Drag and drop လုပ်ခြင်းစတာတွေပြုလုပ်နိုင်ပါတယ် ၊ Dropbox folder မှာရှိတဲ့ဖိုင်များကို အင်တာနက်ချိတ်ဆက်မှုရှိတဲ့နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်၊user အနေနဲ့ အကောင့်ကို log in ပြုလုပ်
ခါ upload သို့မပာုတ် download လုပ်ခြင်းနဲ့ ဖိုင်ဝေခြင်းကိုပြုလုပ်နိုင်ပါတယ်။
               ပုံမှန်အားဖြင့် Dropbox ကို လူသုံးကုန်ဈေးကွက်ဝန်ဆောင်မှုအတွက်ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေ့မယ့် ITconsumerization
လိုမျိုးစီပွားရေးလုပ်ငန်းတွေမှာယင်းဝန်ဆောင်မှုကိုအသုံးပြုခြင်းပာာပိုမိုတိုးပွားခဲ့ပါတယ်။

Clickjacking ဆိုသည်မှာ………………


              Clickjacking ဆိုတာကတော့ဝက်ဘ်ဆိုက်တစ်ခုရဲ့ click လုပ်လို့ရတဲ့ content (သို့မပာုတ်) ခလုတ်တွေရဲ့ အောက်မှာ အန္တရာယ်ရှိတဲ့ (ဒုက္ခပေးနိုင်တဲ့)code တွေကိုထည့်သွင်းပြီးတိုက်ခိုက်မှုကိုဆို
လိုခြင်းဖြစ်ပါတယ်၊ဥပမာ-တစ်ခုအနေနဲ့ပြောင်ရရင် ၀က်ဘ်ဆိုက် တစ်ခုကို အသုံးပြူသူတစ်ဦးပာာ Page
တစ်ခုကို ပိတ်ဖို့အတွက်”X” ကိုနှိပ်တဲ့အခါ၊ Page ပိတ်သွားရမယ့်အစား Trojan horse virus တွေစက်
ထဲဝင်လာပြီး ဘဏ်အကောင့်တွေ၊မေးလ် အကောင့်တွေခိုးယူခြင်းကိုလုပ်ဆောင်ပါတယ်၊ဒါမှမပာုတ် Mic-
rophone ဖွင့်ခြင်းတို့ကိုလုပ်ဆောင်ပါတယ်၊တိုက်ခိုက်သူတွေပာာ အဲလိုဆိုဒ်တွေ(၄င်းတို့ဖန်တီးထားသော)
 လည်ပတ်ရန်အတွက် မေးလ်မှတစ်ဆင့် လင့်ခ်တွေပေးပို့ပြီးလှည့်စားလေ့ရှိပါတယ်။
               ဒီအားနည်းချက်တွေကိုရှာဖွေတွေ့ရှိခဲ့သူများကတော့ သုတေသီများဖြစ်တဲ့ ဂျရေမီယာဂရော့စ်
မန်းနဲ့ရောဘတ်ပာန်ဆန်တို့ဖြစ်ပါတယ်၊သူတို့နှစ်ဦးရဲ့ဖော်ပြချက်အရ Internet Explorer(IE), Firefox, Safari နဲ့ Opera တို့လို Browser တွေမှာအထက်ပါတိုက်ခိုက်မှုတွေဖြစ်စေနိုင်တဲ့အားနည်းချက်တွေရှိနေ
ပြီး Lynx နဲ့ non-GUI browser များမှာတော့မဖြစ်စေနိုင်ဘူးလို့သိရပါတယ်။
              Clickjacking ဖြစ်ပွားမှုအများဆုံးနေရာကတော့ ကျွန်တော်တို့မြန်မာပြည်ရဲ့ ရေပန်းအစားဆုံး
Facebook မှာပါ၊ဒါပေမယ့် Facebook ရဲ့  Clickjacking အများစုက user information စုဆောင်းခြင်းနဲ့
Spam အဖြစ်ဖြန့်ချိခြင်းတို့ကိုသာပြူလုပ်ပါတယ်၊ ဒါဆိုရင် ဒါတွေကိုကာကွယ်လို့မရဘူးလား? မေးသင့်
တဲ့မေးခွန်းပါ၊ကာကွယ်လို့ရပါတယ် ဘယ်လိုကာကွယ်မလဲဆိုတော့ browser တွေမှာ script နဲ့ iframe
တို့ကို disable လုပ်ထားသင့်ပြီး၊mozilla firefox မသုံးပြုသူတွေအနေနဲ့ NoScript နဲ့ Forbidiframလို့ခေါ်
တဲ့ plug-in တွေထည့်သွင်းထားခြင်းဖြင့်ကာကွယ်နိုင်ကြောင်း လုံခြုံရေးပညာရှင်များရဲ့ ဘလော့များမှာ
သတိပေးထားပါတယ်။
ဒီဘလော့လေးကို ဗပာုသုတ အနေနဲ့ရေးလိုက်တာပါ၊ Clickjacking ဆိုတဲ့စကားလုံးကိုတွေရင်ဘာလည်း
ဆိုတာသိအောင်လို့ပါ။……..

3G အကြောင်းနည်းနည်းပြောပြချင်လို့ပါ………………………


            3G ဆိုတာကတော့ GSM စနစ်တွေရဲ့မွေးဖွားမှုသမိုင်းမှာ GSM Third Generation လို့သတ်မှတ်ခေါ်ဆိုထားတဲ့အမည်တစ်ခုပဲဖြစ်ပါတယ်။GSM ဖုန်းတွေကို Generation အလိုက်
ခေါ်ဆိုသတ်မှတ်ကြတဲ့အတွက် second generation ကို 2G လို့ခေါ်ပြီး၊Thrid Generation
ကို 3G လို့တာဖြစ်ပါတယ်၊GSM မိုဘိုင်းဖုန်းစနစ်ရဲ့ 3G စနစ်ကိုစတင်ခဲ့တာပာာ UMTS ဆိုတဲ့
စနစ်ကိုစတင်သတ်မှတ်ခဲ့တာဖြစ်ပြီးတော့ 3G စနစ်ထဲမှာပါဝင်တာတွေကတော့ UMTS,WCDMA,HSDPA,HSUPA,HSCSD ဆိုတဲ့စနစ်တွေပါဝင်နေပါတယ်၊ဒီစနစ်တွေအားလုံးပာာ
3G စနစ်မှာအသုံးပြုနိုင်တဲ့စနစ်တွေဖြစ်ပါတယ်။ဒီစနစ်တွေထဲကမှ UMTS ဆိုတဲ့စနစ်ပာာ Per 3G
လို့လည်းခေါ်ဆိုနိုင်မှာဖြစ်ပြီး 3G ရဲ့အစပိုင်းကန်နဦးစနစ်တစ်ခုလည်းဖြစ်ပါတယ်။UMTS  ဆိုတဲ့
စကားလုံးအရှည်ကောက်ကတော့ Universal Mobile Telecommunication System ဘဲဖြစ်ပါတယ်။
ဒီစနစ်မှာတော့ Speed နှုန်းထားက 2Mbps ဘဲရရှိပါတယ်။Network Speed နည်းသေးတယ်လို့ဆိုနိုင်
ပါတယ်၊ဘာကြောင့်လည်းဆိုတော့အခုလက်ရှိ 3G ရဲ့ network speed က 14.4Mbps အထိရှိနေလို့ဖြစ်ပါတယ်၊ Universal Mobile Telecommunication System က Per အဆင့်လောက်ဘဲ
ရှိတဲ့ 3G ဖြစ်နေလို့ပါ၊အဲဒီနောက် Wide Code Devision Multiple Access ဆိုတဲ့ WCDMA  3Gစနစ်တစ်
ခုပေါ်လာပါတယ်၊ဒါအပြင် HSDPA ဆိုတဲ့( High Speed Downlink Packet Access) အင်တာနက်အသုံးပြု
နိုင်တဲ့စနစ်လည်းပေါ်လာသေးပါတယ်၊ HSDPA ပာာလည်း 3G စနစ်ဘဲဖြစ်ပါတယ်၊သူ့ရဲ့ downlink speed ပာာ 10Mbps အထိရရှိနိုင်တာမို့ အမြန်နှုန်းကောင်းတဲ့စနစ်တစ်ခုလို့လည်းဆိုနိုင်ပါတယ်၊နောက်စနစ်တစ်ခု
ကတော့ HSUPA (High Speed Uplink Packet Access) ဆိုတဲ့စနစ်ပါ ဒီစနစ်ကတော့ အင်တာနက်အသုံးပြုရာမှာ downlink တင်မက uplink ပါအသုံးပြုနိုင်မှာဖြစ်ပါတယ်၊Uplink စနစ်အတွက် Speed က 2Mbps အထိရရှိပါတယ်၊နောက်တစ်ခုကတော့HSCSD (High  Speed Circuit Switch Data)
လို့ခေါ်တဲ့စနစ်ပါ၊ 3G တွေထဲမှာတော့ အကောင်းဆုံး စနစ်တစ်ခုပါ၊ဒီစနစ်က Channel တွေအများကြီးပေါ်က
Data တွေကို အနှံ့အပြားသွားလာနိုင်တဲ့စနစ်ဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံလည်း 3G အင်တာနက်စနစ် အသုံးပြုနိုင်တော့မယ်လို့ပြောနေပါတယ်၊ 3G ဆိုတဲ့စကားလုံးပာာနေရာ
တိုင်းလိုလိုတွေ့နေရလို့ ဗပာုသုတအဖြစ်ဖော်ပြလိုက်တာဖြစ်ပါတယ်။………………