Tuesday, January 10, 2012

Dropbox ဆိုတာ……………..


           Dropbox ဆိုတာကတော့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိုလှောင်ထားနိုင်မယ့် cloud  ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး ၄င်းကိုဖိုင်ဝေမှုခြင်းနဲ့ပူးပေါင်းဆောင်ရွက်ခြင်းတို့အတွက်အသုံးပြုနိုင်ပါတယ်။ Dropbox Application ကို windows,Macintosh နဲ့Linux desktop operating system တွေမှာအသုံးပြုနိုင်ပါတယ်၊ဒါ့အပြင် iphone,ipad,android နဲ့ BlackBerry device များအတွက်လည်း
App တွေကိုအထောက်ပံ့ပေးထားပါတယ်။
            ဒီဝန်ဆောင်မှုပာာ 2gigabytes(2GB) သိုလှောင်မှုအတွက်အခမဲ့ထောက်ပံ့ပေးထားပြီးအခကြေးငွေ
နဲ့အသုံးပြုလိုပါက 100GB အထိသိုလှောင်ထားနိုင်ပါတယ်။အခြား option ကတော့ Dropbox for teams
ဖြစ်ပြီး 350GB အထိသိုလှောင်နိုင်ပါတယ်။ဒီ option ပာာအသုံးပြုသူရဲ့အချက်အလက်တွေကို Amazon ရဲ့
Simple Storage Service(S3) အပေါ်သိမ်းဆည်းပေးထားပြီး Secure Sockets Layer(SSL) နဲ့ Advanced
Encryption System(AES) 256-bit encryption ဖြင့်ကာကွယ်ထားပါတယ်။
              သက်ဆိုင်ရာ Dropbox application ကို install လုပ်ပြီးတဲ့အခါမှာ Dropbox folder တစ်ခုကိုuser
ရဲ့အခြား folder တွေနဲ့အတူတွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီ folder မှာ user တွေအနေနဲ့ဖိုင်တွေကိုသိမ်းဆည်းခြင်း၊folder အသစ်တွေထည့်သွင်းခြင်း၊local  folder များအကြားဖိုင်များကို
Drag and drop လုပ်ခြင်းစတာတွေပြုလုပ်နိုင်ပါတယ် ၊ Dropbox folder မှာရှိတဲ့ဖိုင်များကို အင်တာနက်ချိတ်ဆက်မှုရှိတဲ့နေရာတိုင်းမှာ အသုံးပြုနိုင်ပါတယ်၊user အနေနဲ့ အကောင့်ကို log in ပြုလုပ်
ခါ upload သို့မပာုတ် download လုပ်ခြင်းနဲ့ ဖိုင်ဝေခြင်းကိုပြုလုပ်နိုင်ပါတယ်။
               ပုံမှန်အားဖြင့် Dropbox ကို လူသုံးကုန်ဈေးကွက်ဝန်ဆောင်မှုအတွက်ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေ့မယ့် ITconsumerization
လိုမျိုးစီပွားရေးလုပ်ငန်းတွေမှာယင်းဝန်ဆောင်မှုကိုအသုံးပြုခြင်းပာာပိုမိုတိုးပွားခဲ့ပါတယ်။

No comments:

Post a Comment