Sunday, March 4, 2012

Firewall ဆိုသည်မှာ………

  
အင်တာနက် သည် တစ်ကမ္ဘာလုံးတွင် ကွန်ပျူုတာ သန်းပေါင်းများစွားဖြင့် ချိတ်ဆက်ထားသော network
ကြီးဖြစ်သည်၊အသုံးပြုသူလည်းအများအပြားရှိပေသည်၊ အင်တာနက်ပေါ်မှာ လူအမျိုးရှိပါတယ်
လူအမျိုးမျိုးစိတ်အထွေဆိုသည့် အတိုင်း လူကောင်းများရှိသလို တစ်ခါတလေ အဖျက်လေးတွေလုပ်တတ်
ပညာရှင်(Hacker) များလည်းရှိပါတယ်၊၄င်းပညာရှင် တို့ဖန်တီးထားသော virus များ၊ကျွန်တော်တို့ရဲ့ကိုယ်
ရေးအချက်အလက် များကို ခိုးယူမယ့် Trojan များ က နည်းပညာအသုံးပြုသူတိုင်းကို တိုက်ခိုက်နေတယ်
ဆိုတာလည်း ကွန်ပျူတာ မတောက်တခေါက်များမှ ပညာရှင်များအထိ သိပါတယ်၊ကျွန်တော်တို့ရဲ့ အချက်အ
လက်တွေကို တခြားလူတွေ ခိုးယူလို့မရအောင် ကာကွယ်ပေးဖို့ အတွက် ကွန်ပျူတာနဲ့အင်တာနက်ကြားမှာ
အတားအစီး တစ်ခုကို Firewall လို့ခေါ်ပါတယ်။အရှင်းဆုံးပြောရရင် ကျွန်တော်တို့ ကုန်တိုက်တွေမှာ စောင့်
တဲ့အစောင့်နဲ့တူတယ်၊သူက သူ့စီဝင်လာတဲ့လူတွေကိုလည်း စစ်တယ် ၊ပြန်ထွက်သွားတဲ့လူတွေကိုလည်း
သေသေချာချာ ကြည့်ရှုပြီး သံသယ ရှိသူတွေကိုပေးမထွက်၊ပေးမ၀င်ဘူးလေ၊Firewall ကလည်း ကွန်ပျူတာ
ထဲကိုဝင်လာတဲ့ data (သို့) ထွက်သွားတဲ့ data တွေက firewall ကိုဖြတ်သန်းသွားရပါတယ်၊ပုံမှန်မပာုတ်
တဲ့data တွေကို ၀င်ထွက်ခွင့်မပေးပါဘူး ၊ဒါကြောင်း ပာက်ကာ များက ကျွန်တော်တို့ရဲ့ ကွန်ပျူတာကို
ထိန်းချူပ်ခြင်း ခိုးယူခြင်းဖျက်စီးခြင်းကို firewall က အတော်အသင့်ကာကွယ်နိုင်ပါတယ်၊ကျွန်တော်ပြောတာ
အတော်အသင့်နော် firewall ကာကွယ် ထားလို့100%လုံခြုံပြီလို့မပြောဘူးနော်၊အဆိုးဆုံးတွေဖြစ်မလာ
တော့တာပေါ့၊ Firewall နှစ်မျိုးရှိတယ်ဗျ Hardware firewall နဲ့ Software firewall ဆိုပြီးတော့ပေါ့၊
Hardware firewall က hub တို့ switch တို့လို အင်တာနက် နဲ့ မိမိတို့ရဲ့ network ကြားမှာတတ်ဆင်
အသုံးပြုရတဲ့ device ဖြစ်ပါတယ်၊အခုဆို ခလုတ်လေးတစ်ချက်နှိပ်လိုက်တာနဲ့ လုံခြုံရေး တိုးမြှင့်လို့ရ
တဲ့ device တွေရှိနေပါပြီ၊Software firewall ကတော့ ကွန်ပျူတာမှ install ပြုလုပ်ရတဲ့ program တစ်
မျူိးဖြစ်ပါတယ်၊ဒီ firewall ကိုသာ install လုပ်ထားမယ်ဆိုရင် ကျွန်တော် တို့ရဲ့ကွန်ပျူတာကို ၀င်/ထွက်
သမျှ datas တွေကို စောင့်ကြည့် စစ်ဆေးပြီး ၀င်ခွင့်၊ထွက်ခွင့်ကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်၊ install
လုပ်ထားတဲ့ကွန်ပျူတာကိုသာ ကာကွယ်ပေးတဲ့ကွန်ပျူတာကို personal firewall လို့ခေါ်ပါတယ်၊window တွေမှာလည်း
firewall built-in ပါရှိပါတယ်၊ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့
Window တော်တော်များများ က update လုပ်လို့မရတဲ့ ကူးလိုင်စင်တွေဖြစ်လို့ မလုံခြုံပါဘူး၊အတော်
အသင့်ဘဲကာကွယ်နိုင်ပါတယ်၊နောက်ပြီးဘယ်လောက်ဘဲကောင်းတဲ့ firewall သုံးသုံး လိုင်စင်
Window ဘဲသုံးသုံး ကျွန်တော်တို့ ကိုယ်တိုင် ခွင့်ပြုပေးလိုက်တဲ့ files တွေထဲမှာ virus/Trojan
ပါနေရင်တော့ ကာကွယ်နိုင်မှာမပာုတ်ပါဘူး၊ကိုယ်တိုင်လက်ခံလိုက်တဲ့အတွက် ကိုယ်တိုင်တာဝန်
ယူရပါလိမ့်မယ်။
ကဲ…………. ဒီ post လေးကိုဒီမှာ တော်လိုက်တော့မယ် ကျွန်တော်နားလည်သလောက်လေးရှင်းပြတာပါ
အမှားပါရင်လည်း ခွင့်လွတ်ပါနော်၊ဒီထက်လည်းကြိုးစားပြီးရေးသားမှာပါ။

No comments:

Post a Comment